MPA Logo

new banner

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း ၊ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဇန်နဝါရီလတွင် လတ်တ လော ကုန်သေတ္တာတင် သင်္ဘော (၅၂)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြ သွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။

CONTAINER VESSEL’S   SCHEDULE  FOR  JANUARY ,   2023  
DATE -30-12-2022
စဉ် သင်္ဘောအမည် ခရီးစဉ်အမှတ် ခန့်မှန်း
ဝင်ရက်
တံတား သင်္ဘောလိုင်း
1 MV.Ti2 APPLE 007E/W 1.1.23 AWPT TI2 CONTAINER LINE
2 MV.SINAR BANDUNG 769N/S 3.1.23 MIP SAMUDERA SHIPPING LINE
3 MV.KOTA HIDAYAH KHDY0331N/S 4.1.23 AWPT P.I.L
4 MV.SITC JAKARTA 2228S/2301N 4.1.23 AWPT SITC LINE
5 MV.GSS YANGON 160N/S 4.1.23 AWPT NEW GOLDEN SEA(COSCO)
6 MV.TRIESTE TRADER 250W/301E 4.1.23 MITT/MIP SEALAND MAERSK ASIA
7 MV.MSC SUPARNA F SB252A/301R 5.1.23 AWPT M.S.C LINE
8 MV.RICH SEAWAY 042N/S 5.1.23 AWPT NEW GOLDEN SEA(COSCO)
9 MV.X-PRESS MEGHNA 22030W/E 7.1.23 AWPT X-PRESS FEEDERS
10 MV.MITRA BHUM MIB135W/E 7.1.23 AWPT R.C.L
11 MV.MAERSK VICTORIA 251W/301E 9.1.23 MITT/MIP SEALAND MAERSK ASIA
12 MV.GREEN PACIFIC OUV02E1NC 9.1.23 MITT/MIP CMA CGM  LINE
13 MV.SINAR  BANDA 272N/S 10.1.23 MIP SAMUDERA SHIPPING LINE
14 MV.ALS SUMIRE 049N/S 10.1.23 MIP SAMUDERA SHIPPING LINE
15 MV.BLPL BLESSING 2218S/W 10.1.23 AWPT BLPL SHIPPING LINE
16 MV.HF SPIRIT 2302S/2303N 11.1.23 AWPT SITC LINE
17 MV.ISEACO GENESIS 189N/S 11.1.23 AWPT NEW GOLDEN SEA(COSCO)
18 MV.MSC FORTUNE F SB301A/302R 12.1.23 AWPT M.S.C LINE
19 MV.UNI-ACCORD 0284-739N/S 12.1.23 AWPT EVERGREEN LINE
20 MV.Ti2 APPLE 008E/W 12.1.23 AWPT TI2 CONTAINER LINE
21 MV.TCI SURYA 070632022 12.1.22 AWPT BAY LINE
22 MV.B TRADER 251W/302E 13.1.23 MITT/MIP SEALAND MAERSK ASIA
23 MV.KOTA HIDAYAH KHDY0332N/S 14.1.23 AWPT P.I.L
24 MV.PANJA BHUM PJB213W/E 14.1.23 AWPT R.C.L
25 MV.RICH SEAWAY 043N/S 14.1.23 AWPT NEW GOLDEN SEA(COSCO)
26 MV.GSS YANGON 161N/S 15.1.23 AWPT NEW GOLDEN SEA(COSCO)
27 MV.OSLO TRADER 252W/302E 15.1.22 MITT/MIP SEALAND MAERSK ASIA
28 MV.SITC HAIPHONG 2302S/2303N 18.1.23 AWPT SITC LINE
29 MV.MSC SUPARNA F SB302A/303R 19.1.23 AWPT M.S.C LINE
30 MV.ALS SUMIRE 050N/S 19.1.23 MIP SAMUDERA SHIPPING LINE
31 MV.MCC SHENZHEN 252W/303E 19.1.23 MITT/MIP SEALAND MAERSK ASIA
32 MV.MAERSK VERACRUZ 301W/303E 19.1.23 MITT/MIP SEALAND MAERSK ASIA
33 MV.X-PRESS MEGHNA 23002W/E 21.1.23 AWPT X-PRESS FEEDERS
34 MV.IAL 001 W/E142 21.1.23 MITT/AWPT I.A.L
35 MV.AEGEAN EXPRESS 246N/S 22.1.23 MIP C.S.L
36 MV.Ti2 APPLE 009E/W 22.1.23 AWPT TI2 CONTAINER LINE
37 MV.ISEACO GENESIS 190N/S 22.1.23 AWPT NEW GOLDEN SEA(COSCO)
38 MV.HANSA SIEGBURG 301W/304E 22.1.23 MITT/MIP SEALAND MAERSK ASIA
39 MV.KOTA HIDAYAH KHDY0333N/S 23.1.23 AWPT P.I.L
40 MV.UNI-ACCORD 0285-740N/S 23.1.23 AWPT EVERGREEN LINE
41 MV.ALVAN SCY1146 23.1.23 MITT LAND  AND SEA
42 MV.RICH SEAWAY 044N/S 23.1.23 AWPT NEW GOLDEN SEA(COSCO)
43 MV.GREEN PACIFIC OUV03E1NC 23.1.23 MITT/MIP CMA CGM  LINE
44 MV.SINAR BANDUNG 771N/S 24.1.22 MIP SAMUDERA SHIPPING LINE
45 MV.RESOLUTION 2302S/2303N 25.1.23 AWPT SITC LINE
46 MV.MSC FORTUNE F SB303A/304R 26.1.23 AWPT M.S.C LINE
47 MV.GSS YANGON 162N/S 26.1.23 AWPT NEW GOLDEN SEA(COSCO)
48 MV.MAERSK VALENCIA 302W/304E 26.1.23 MITT/MIP SEALAND MAERSK ASIA
49 MV.MITRA BHUM MIB136W/E 28.1.23 AWPT R.C.L
50 MV.NANTA BHUM NTB528W/E 30.1.23 MITT/MIP R.C.L
51 MV.SINAR BANDA 273N/S 31.1.23 MIP SAMUDERA SHIPPING LINE
52 MV.SEOUL GLOW 302W/305E 31.1.23 MITT/MIP SEALAND MAERSK ASIA

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)တွင် ဌာနအကြီးအကဲနှင့်ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးဆန္ဒ ဖေါ်ထုတ်ပွဲအခမ်းအနားအား ၂၀၂၃ခုနှစ်၊ မေလအတွက် (၃၀-၁-၂၀၂၃)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ မြေညီထပ်၊ ဝန်ထမ်းသက်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ (more…)

ရန်ကုန် ဇွန် ၂၃

မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပ သို့ နှစ်စဉ် တင်ပို့လျှက်ရှိရာ ယခင်နှစ် (၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင်  ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ  စုစုပေါင်း သင်္ဘော (၉၀) စီး ဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)ကိုလည်း ကောင်း၊ တင်ပို့နိုင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀)မီတာရှိ သင်္ဘောကြီး(၁)စီး စုစု ပေါင်း (၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း (၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာမည်ဖြစ်ပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)တွင် ဌာနအကြီးအကဲနှင့်ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးဆန္ဒ ဖေါ်ထုတ်ပွဲအခမ်းအနားအား ၂၀၂၂ခုနှစ်၊ မေလအတွက် (၂၀-၅-၂၀၂၂)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ မြေညီထပ်၊ ဝန်ထမ်းသက်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အဆိုပါဆွေးနွေးဆန္ဒ ဖေါ်ထုတ်ပွဲအခမ်းအနား၌ ဝန်ထမ်း(၁)ဦးမှ (၁၉-၅-၂၀၂၂)ရက်နေ့ရှိ ကြေးမုံ သတင်းစာပါ “ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသည့် ပညာဥယျာဉ်များ ဝေဆာ လာတော့မည်”ခေါင်းစဉ်ပါ ဆောင်းပါးဖြင့် ဆွေးနွေးခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဝန်ထမ်းများအား မိမိရုံး၊ အိမ်ရာလုံခြုံရေး၊ စာရွက် စာတမ်း လုံခြုံရေး နှင့် ပုဂ္ဂိုလ်ရေးလုံခြုံရေး  အထူးအလေးထားဆောင် ရွက်ရန်၊ ဝန်ထမ်းနှင့် မိသားစုများကျန်းမာရေးအထူးဂရုစိုက်နေထိုင်ရန်နှင့် ဝန်ထမ်းအိမ်ရာစည်းကမ်း လိုက်နာကြ ရန်၊ လျှပ်စစ်ချွေတာသုံးစွဲရေး၊ မီးဘေးလုံခြုံရေးအထူးအလေးထားဆောင်ရွက်ရန်နှင့် ဌာနအလိုက် အထက်အောက်ညီညွတ်မှုရှိစေရန်ပြောကြားခဲ့ပြီး အခမ်းအနားသို့ အရာထမ်း (၃၉)ဦး၊ အမှုထမ်း(၁၁၁)ဦး၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။

Sealand Maersk ၏ MV.Express Argentina ကုန်သေတ္တာတင် သင်္ဘောကြီး MITT ဆိပ်ကမ်းသို့ Maiden Voyage အဖြစ် စတင်ဝင်ရောက်လာခြင်း

ဗီယက်နမ်နိုင်ငံ Vung Tau ဆိပ်ကမ်းမှ ထွက်ခွာလာသည့် LOA 223m, DWT 4,4060 ရှိ  MV. Express Argentina ကုန်သေတ္တာတင် သင်္ဘောကြီးသည် ၁၂-၁-၂၀၂၂ ရက်နေ့ တွင်  MITT ဆိပ်ကမ်းတံတားသို့ ရေစူး 8.1 m ဖြင့် ဝင်ရောက်ဆိုက်ကပ်လာခဲ့ပါသည်။ အဆိုပါ သင်္ဘောကြီးသည် ကုန်သေတ္တာ ၂၉၀၀ TEU ကို ပြန်လည်တင်ဆောင်ပြီး ၁၃-၁-၂၀၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာသွားပြီးဖြစ်ပါသည်။
(ဓါတ်ပုံ – MITT)

ကွန်ပျူတာအသုံးချ ရုံးသုံးပရိုဂရမ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနားသို့ ဦးဆောင်ညွှန်ကြားရေးမှူး တက်ရောက်ချီးမြှင့်

၂၀၂၂ ခုနှစ်၊ မတ် (၁၈)

          ဝန်ထမ်းများအား ကွန်ပျူတာအသုံးချ ရုံးသုံးပရိုဂရမ်များ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအသုံးချ ရုံးသုံးပရိုဂရမ် ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရုံးချုပ်၌  (၁၈-၃-၂၀၂၂)ရက်နေ့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သင်တန်းသူများ  တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဦးဆောင်ညွှန်ကြားရေးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ ထူးချွန်ဆု ရရှိကြသူများအား ဆုချီးမြှင့် ပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်လက်အောက်ရှိ ဌာန/ဌာနခွဲအသီးသီးမှ သင်တန်းသား(၁၆)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ရုံးသုံးပရိုဂရမ်များဖြစ်သည့် Windows 10, Microsoft Word, Microsoft Excel စသည်တို့ကို လက်တွေ့လေ့ကျင့်သင်ကြားပေးခဲပြီး သင်တန်း ကာလမှာ (၈-၂-၂၀၂၂)ရက်နေ့မှစ၍ (၁၀-၃-၂၀၂၂) ရက်နေ့အထိ တစ်လတာကြာမြင့်ခဲ့ပါသည်။

  • ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်လာမည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများကို ဆိပ်ကမ်းသို့မဝင်ရောက်မီ (၇၂)နာရီအလိုမှစ၍ (၄၈)နာရီ၊ (၂၄)နာရီ စသည်ဖြင့် သင်္ဘော ပေါ်တွင် ဖျားနာသူပါ/မပါအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသို့ email ဖြင့် ဆက်သွယ် သတင်းပေးပို့စေပါသည်။
  • ဆိပ်ကမ်းတံတားအသီးသီးသို့/မှ ဝင်ရောက်/ထွက်ခွာရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီးများအား PPE ဝတ်စုံပြည့်ဖြင့်သာ မောင်းနှင်စေပါသည်။
  • ဆိပ်ကမ်းအသီးသီးသို့ ဝင်ရောက်လာသည့် သင်္ဘောကြီးများအား ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာနမှ ကူးစက်ရောဂါကင်းရှင်းကြောင်း လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးမှသာ ဆိပ်ကမ်းကုန်တင်/ချလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် စေပါသည်။
  • ရေကြောင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့များ၊ တွန်းဆွဲသင်္ဘောနှင့် Pilot Boat များမှ ရေယာဉ်ဝန်ထမ်းများ၊ မြစ်ဝရှိ Fixed Pilot Station ဝန်ထမ်းများကိုလည်း ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ တားဆီးကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လက်ဆေး စေခြင်း၊ Mask တပ်စေခြင်း၊ Social Distancing ကိုလိုက်နာစေခြင်း၊ လက်အိတ် နှင့် Face-shield များ ဝတ်ဆင်စေခြင်းတို့ကို ဆောင်ရွက်စေပါသည်။
  • အထူးသဖြင့် Fixed Pilot Station ဝန်ထမ်းများကို တစ်လတစ်ကြိမ် လဲလှယ်စေပြီး၊ အဖွဲ့သစ် ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်ယူစစ်ဆေးပြီး၊ အောင်မြင်သူများကိုသာ သင်္ဘောဖြင့် ချက်ခြင်း စေလွှတ် လဲလှယ်စေပါသည်။
  • သင်္ဘောကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရမည့် ဝန်ထမ်းများအနေဖြင့်လည်း စာရွက်စာတမ်း ကိစ္စရပ်များအတွက် ယခင်ကကဲ့သို့ သင်္ဘောသားများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိ ဘဲ၊ စာရွက်စာတမ်းများအား သတ်မှတ်နေရာတွင်ထား၍ ပိုးသတ်ပြီး ရယူ/ပေးအပ်ခြင်းကို ဆောင်ရွက်စေပါသည်။
  • ဆိပ်ကမ်းတံတားအသီးသီးတွင် တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိက ဆိပ်ကမ်းဝန်ထမ်းများ၊ ကုန်ကိုင်တွယ်စက်ကရိယာမောင်းနှင်ကြသူများ၊ ကုန်ပစ္စည်း တင်ပို့/ ထုတ်ယူကြမည့် ကားသမားများ၊ အေးဂျင့်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ တားဆီးကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးစေခြင်း၊ Mask တပ် စေခြင်း၊ Social Distancing ကိုလိုက်နာစေခြင်း၊ လက်အိတ်နှင့် Face-shield များ ဝတ်ဆင် စေခြင်းတို့ကို ဆောင်ရွက်စေပါသည်။
  • ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသား သင်္ဘောသားများကို အချိန်း/ အပြောင်းပြုလုပ်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ ကော့သောင်းအနီး မြန်မာ့ပင်လယ်ပြင်တွင် Crew Change ပြုလုပ်ခြင်းကို ၃၀-၅-၂၀၂၀ ရက်နေ့မှစ၍ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ စုစုပေါင်းသင်္ဘော(၆၀၈)စီးမှ Sign Off သင်္ဘောသား (၅၉၂၄)ဦးနှင့် Sign On သင်္ဘောသား (၅၇၅၆)ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
  • ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်၍ ကုန်တင်/ချဆောင်ရွက်ခဲ့သည့် အောက်ဖော်ပြပါ သင်္ဘော (၄)စီးမှ သင်္ဘောသားအချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ရသည့်အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်၊ လမ်းညွှန်ကြီးကြပ်မှု များနှင့်အညီ Crew Change ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်-
    • MV. VANTAGE KEY        Sign On (၂၂)ဦး၊ Sign Off (၂၀)ဦး (ဆူးလေ-၃၊ ရောက်ရှိ- ၁-၆-၂၀၂၁၊ ထွက်ခွာ- ၉-၇-၂၀၂၁)
    • MV. U THRAR               Sign On (၂၃)ဦး၊ Sign Off (၂၃)ဦး (ဆူးလေ ၅-၇၊ ရောက်ရှိ-  ၂၄-၆-၂၀၂၁၊ ကုန်တင်ဆဲ)
    • MV. MCL 12                 Sign On (-)ဦး၊ Sign Off (၁၂)ဦး (ရောက်ရှိ- ၁၅-၇-၂၀၂၁၊ လိုအပ်သည့် သင်္ဘောသားအသစ် အင်အားပြည့် မရရှိသေးသဖြင့် ရွှေမဲဆိပ်ကမ်းတံတား တွင် ဆိုက်ကပ်ထားဆဲဖြစ်ပါသည်။)
    • MT. THERESA LIBRA    Sign On (၂၀)ဦး၊ Sign Off (၂၃)ဦး၊ (၂၃ ဦးအနက် ၂ ဦးသေဆုံး၊ Wilmar ဆိပ်ကမ်း တံတား၊ ရောက်ရှိ- ၅-၈-၂၀၂၁၊ ထွက်ခွာ- ၇-၈-၂၀၂၁)

ယခုအခါမှာ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်စေရန်အတွက် တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက် များကို သတ်မှတ်ကြေညာပေးခဲ့ပါသည်။ သို့ရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရန်နှင့် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်း များ မိဘပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းတံတားအသီးသီးတို့သည် ပိတ်ရက်မရှိ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ပါသည်။

ကုန်သေတ္တာဆိပ်ကမ်းတံတားများ ဖြစ်ကြသည့် AWPT၊ HPT၊ MIP နဲ့ MITT ဆိပ်ကမ်းတံတား အသီးသီးသို့ July လတွင် ဆေးနှင့် ဆေးပစ္စည်း ကုန်သေတ္တာစုစုပေါင်း (၁၇၂)လုံး၊ ဝင်ရောက် ခဲ့ပြီး၊ ယခု ဩဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ စုစုပေါင်း (၁၃၈)လုံး ထပ်မံ ဝင်ရောက်ခဲ့ ပါသည်။ အဓိကအားဖြင့် စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ တင်သွင်းလာခြင်း ဖြစ်ပါသည်။

ဆိပ်ကမ်းများမှ ဆေးနှင့်ဆေးပစ္စည်းများ ထုတ်ယူမှုအနေဖြင့် ဩဂုတ်လ ၅ ရက်နေ့အထိ စုစုပေါင်း ကုန်သေတ္တာ ၂၅၇ လုံး ထုတ်ပေးခဲ့ပြီးဖြစ်၍ လက်ကျန်အနေဖြင့် AWPT & HPT တွင် ၃၂ လုံး MIP တွင် ၁၁ လုံး MITT တွင် ၁၀ လုံး၊ စုစုပေါင်း (၅၃)လုံးသာ ထုတ်ပေးရန် ကျန်ရှိပါ သည်။ ထို့ကြောင့် ရာခိုင်နှုန်းအားဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းကုန်သေတ္တာ ၈၃% ကို ထုတ်ပေးနိုင်ခဲ့ပြီး ၁၇% သာ ထုတ်ပေးရန် ကျန်ရှိပါသည်။

(၅-၈-၂၀၂၁) ရက်နေ့ရှိ ထုတ်ယူရန် ကျန်ရှိသည့် ဆေးနှင့်ဆေးပစ္စည်း ကုန်သေတ္တာ (၅၃)လုံး မှာ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ (၁၄)လုံးနှင့် ပုဂ္ဂလိကမှ (၃၉)လုံး တို့ ဖြစ်ပါသည်။ UN အဖွဲ့အစည်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ပုဂ္ဂလိကမှ တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ အမြန်ဆုံးလာရောက် ထုတ်ယူရန် အတွက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းနှင့် UMFCCI တို့သို့လည်း ဆက်သွယ်အကြောင်းကြားခဲ့ပြီး ၎င်းအသင်း/အဖွဲ့များမှ တစ်ဆင့် သက်ဆိုင်ရာ ကုန်ပိုင်ရှင်များသို့ တစ်ပတ်အတွင်း အမြန်ဆုံးလာရောက် ထုတ်ယူကြ ပါရန် ဆက်သွယ် အကြောင်းကြားထားရှိပြီး ဖြစ်ပါသည်။

ကုန်ပစ္စည်းထုတ်ယူမည့်သူများအနေဖြင့် Bill of Lading (BL) တင်ပြပြီး၊ Delivery Order (DO) ရရှိရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်န်းဌာန၊ ဌာနခွဲ (၁) ဖုန်း ၀၉၅၁၁၂၈၇၃၊ ၀၉၄၂၇၂၆၆၂၃၂၊ ၀၉၆၇၆၇၅၀၈၃၅ တို့သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက် ပေးကြရန်နှင့် အခက်အခဲတစ်စုံတစ်ရာ ရှိလာပါက အထွေထွေမန်နေဂျာ၊ ဖုန်း ၀၉၂၅၄၆၁၇၀၈၄ နှင့် ဒုတိယအထွေထွေမန်နေဂျာ (ကိုယ်စားလှယ်လုပ်ငန်း) ဖုန်း ၀၉၅၁၁၇၁၀၂ တို့သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းကိုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် Website နှင့် Facebook Page တို့မှတဆင့် အသိပေးကြေညာထားရှိပြီး ဖြစ်သည့်အပြင် ဆိပ်ကမ်းတံတား အလိုက် ဆေးနှင့်ဆေးပစ္စည်း ထုတ်ယူရန်ကျန်သည့် Consignee စာရင်း၊ ကုန်ပစ္စည်း စာရင်း တို့ကိုလဲ အသိပေးကြေညာထားရှိပြီး ဖြစ်ပါသည်။ ကိုယ်စားလှယ်လုပ်ငန်း ဌာနအနေဖြင့်လည်း လိုအပ်သည့် စာရွက်စာတမ်းများကို စိစစ်ထုတ်ပေးခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက် ရှိနေပါသည်။

ကုန်သေတ္တာ ဆိပ်ကမ်းတံတားများအနေဖြင့်လည်း ဆေးနှင့်ဆေးပစ္စည်းများကို အမြန်ဆုံး ထုတ်ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိပါသည်။

ထို့အပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ပြည်ပမှ တင်သွင်းလာမည့် ဆေးနှင့် ဆေးပစ္စည်းများအတွက် သင်္ဘောနေရာ ရရှိရေးနှင့် ကုန်သေတ္တာရရှိရေးတို့ကို အလေးထား၍ ဦးစားပေး ဆောင်ရွက်ပေးပါရန် သင်္ဘောလိုင်းများသို့ ညှိနှိုင်းအကြောင်းကြားထားပြီး ဖြစ်ပါသည်။