MPA Logo

new banner

ရန်ကုန်၊ မတ် ၅

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏ အဓိက ပြည်ပ ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်စည်များဖြစ်ကြသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး နှင့် ပြောင်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပသို့ အထွေထွေကုန်စည်တင်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့်တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာတင်သင်္ဘောများကိုပါ အသုံးပြု၍ လည်း တင်ပို့လျက်ရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇန်နဝါရီလအထိ (၁၀)လ အတွင်း လယ်ယာထွက်ကုန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးကို ပင်လယ် ရေကြောင်းမှ ပြည်ပသို့ တင်ပို့ခဲ့ပြီးကြောင်း သိရှိရသည်။

          ပွင့်လင်းရာသီဖြစ်သော ၂၀၂၃ အောက်တိုဘာလမှစ၍ မြန်မာ့လယ်ယာထွက်ကုန် ကောက် ပဲသီးနှံများကို ပြည်ပသို့ တိုးမြှင့်တင်ပို့လာခဲ့ရာ ယခုနှစ် မတ်လ ၁ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ တံတားနေရာအပြည့်ဆိုက်ကပ်၍ ကုန်တင်ကုန်ချ ဆောင်ရွက်လျက်ရှိသဖြင့် ဆိပ်ကမ်းတံတားများအတွင်း ကုန်စည်ပို့ဆောင်ရေး ကိုယ်စားလှယ်များ၊ ကုန်တင်ယာဉ်ကြီးများဖြင့် စည်ကားလျက်ရှိသည့်အပြင် နေ့/ည အဆိုင်းလိုက် တာဝန်ထမ်းဆောင်နေကြသည့် ဆိပ်ကမ်းဝန်ထမ်းများနှင့် လုပ်သားကြီးများဖြင့်လည်း လှုပ်ရှား စည်ကားလျက်ရှိကြောင်းသိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း  ဆန်တန်ချိန် ၃၈၄,၄၀၅ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်း ဆန်တန်ချိန် ၁,၄၆၅,၇၉၃ တန် တင်ပို့ခဲ့ပြီးကြောင်းသိရှိရသည်။ ဆန်တင်ပို့ရာတွင် ကုန်သေတ္တာဖြင့်တင်ပို့မှု များပြားခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်ကာလ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သေတ္တာ ပြတ်လတ်ရှားပါးမှုကြောင့် အထွေထွေကုန်စည်တင် သင်္ဘော များကို ပိုမိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ကုန်သေတ္တာဖြင့် ဆန်တင်ပို့မှုသည် ဝမ်းပုံစနစ်ဖြင့် တင်ပို့မှု၏ ၂ ဆ ခန့်ရှိကြောင်းနှင့် ဆန်ကို ဥရောပနှင့် အာဖရိကနိုင်ငံများအပြင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံအချို့တို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း  ပဲအမျိုးမျိုး ၁၅၆,၉၅၀ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်း ပဲတန်ချိန် ၁,၂၉၂,၇၆၆ တန် တင်ပို့ခဲ့ပြီးကြောင်း၊ ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာတွင် ကုန်သေတ္တာများဖြင့်သာ အဓိကထား တင်ပို့လေ့ရှိကြောင်းနှင့် အိန္ဒိယနှင့် အခြားအာရှနိုင်ငံအချို့တို့သို့လည်း တင်ပို့လျက်ရှိ ကြောင်း သိရှိရသည်။

ပြောင်းရာသီဖြစ်၍ ယခုနှစ် ဖေဖော်ဝါရီလအတွင်း  ပြောင်းတန်ချိန် ၃၆၅,၄၇၂ တန် တင်ပို့ခဲ့ ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်း ပြောင်းတန်ချိန် ၈၉၁,၀၃၈တန် တင်ပို့ခဲ့ပြီးသည့်အနက် ဖေဖော်ဝါရီလတွင် အများဆုံး တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်ပသို့ ပြောင်းတင်ပို့ရာတွင် အထွေထွေကုန်စည်တင်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့်တင်ပို့မှု ၇၅%၊ ကုန်သေတ္တာဖြင့်တင်ပို့မှု ၂၅% ရှိကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းနှင့် ကန်တန်ဆိပ်ကမ်း များသို့ ကုန်တန်ချိန် ၂၇၀၀-၃၀၀၀ ခန့်တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်များပိုင်ဆိုင် သည့် သင်္ဘောငယ်များဖြင့်လည်း တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

          ပွင့်လင်းရာသီကာလအတွင်း ပြည်ပသို့ ဆန်နှင့်ကောက်ပဲသီးနှံများတင်ပို့ရာတွင် သင်္ဘော ကြီးများ နှောင့်နှေးကြန့်ကြာခြင်းမရှိ ဝင်/ထွက်နိုင်ရေး၊ သတ်မှတ်အချိန်အတိုင်း သင်္ဘောတင်ပြီးစီး နိုင်ရေး၊ အလေအလွင့် အနည်းဆုံးဖြင့် အရည်အသွေးနှင့်အရေအတွက်ပြည့်မီစွာ တင်ပို့နိုင်ရေး တို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ် သည့် ကြီးကြပ်စီမံခန့်ခွဲမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်၊ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်နှင့် ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်ကြီးများနှင့်လည်း အခါအားလျော်စွာ တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ကုန် သေတ္တာလိုအပ်ချက် မရှိစေရေးအတွက် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ UMFCCI နှင့် MIFFA တို့မှ တာဝန်ရှိသူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်း များနှင့် စဉ်ဆက်မပြတ်တွေ့ဆုံ၍လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံသုံး ဗော်ယာ မ/ချ ရေယာဉ် (60M Multipurpose Buoy Handling Vessel) (“ဂန္ဓ”ရေယာဉ်) (၁)စီး၊ မြေတူး မြေခံ ရေယာဉ်(၂)စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ် (Habour Launch) (၃)စီး၊ စုစုပေါင်း ရေယာဉ်(၈)စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံတံတား၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။

ရေယာဉ်(၈)စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊  ရန်ကုန်မြို့တော်ဝန်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဌာန၊ အဖွဲ့အစည်းများမှ ဌာနအကြီးအမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားရာတွင် ယနေ့သည် မိမိတို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆောင်ရွက်လျက်ရှိသော ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမို ဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် အားသစ်လောင်းသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံသည် စုစုပေါင်း ရေမိုင် ၁,၂၆၀ မိုင် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ပထဝီအနေအထားအရ လူဦးရေထူထပ်သည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေချင်း ထိစပ်နေသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကွန်ရက်နှင့် ကောင်းစွာ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သော ပင်လယ်ထွက်ပေါက် ပိုင်ဆိုင်ထားသည့် ကမ်းရိုးတန်းနိုင်ငံ (Rimland Country)၊ တစ်နည်းအားဖြင့် ပင်လယ်ရေကြောင်း ပိုင်နက်နိုင်ငံ (Maritime State) တစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခန်းကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်မှု ရှိနေပြီး နိုင်ငံ့လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာအရေးပါကြောင်းကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှု နည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှု တန်ဖိုး၏ ၇၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀% ရှိကြောင်းကို United Nation Conference on Trade and Development (UNCTAD)က နှစ်စဉ်ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများ အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံရှိသည့်အနက် Normal Trade ၏ အဓိကဖြစ်သော ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော်၊ ရာခိုင်နှုန်းအားဖြင့် ၇၅% ရှိပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး နိုင်ငံ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်တည်တံ့အောင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ(Port Industry)ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နှစ်စဉ်တိုးတက်လာနေသည့် နိုင်ငံ၏ ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဆိပ်ကမ်းတံတားများကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရေလမ်းကြောင်းများကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ခြင်း၊ ကုန်ကိုင်တွယ်စက်ကိရိယာများနှင့် လုပ်ငန်းသုံးရေယာဉ်များ၊ စက်ကိရိယာများ ဖြည့်တင်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျွမ်းကျင်လူ့စွမ်းအား အရင်းအမြစ်များကို စုဆောင်းလေ့ကျင့် ပျိုးထောင်ပေးခြင်းနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများကိုလည်း ကုန်သွယ်မှု ပမာဏတိုးတက်မှုနှင့် လိုက်လျောညီထွေ ထိရောက်အကျိုးရှိစွာ အသုံးချခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုပ်ငန်းများနှင့် ရေကြောင်းပြလုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်စေရေးအတွက် ခေတ်မီရေယာဉ် အသစ်(၈)စီးကို စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၀.၆၇သန်း အကုန်အကျခံကာ တည်ဆောက်၍ ရေယာဉ်အင်အား ဖြည့်တင်းဆောင်ရွက်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊  ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် Stakeholder များဖြစ်ကြသော  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိက ဆိပ်ကမ်းတံတားများက မိမိတို့၏ ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်ချက် စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ အဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် နည်းပညာ နှင့်စက်ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်း ခေတ်မီဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) အဆင့်မှသည် Smart Port အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားပါသည်။

ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရေယာဉ်(၈)စီး၏ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ရေယာဉ်(၈)စီး တည်ဆောက်ခြင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသ၍ ပြည်ထောင်စုဝန်ကြီးထံ အခမ်းအနား အမှတ်တရ လက်ဆောင်အဖြစ် “ဂန္ဓ”ရေယာဉ်၏ ပုံစံငယ်ကို ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင် စတင်ဝင်ရောက်မည့် ရေယာဉ်(၈)စီးတို့ကို  “ဂန္ဓ”ရေယာဉ် Main Deck ပေါ်မှ တစ်ပြိုင်နက် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ရေယာဉ်များပေါ်သို့ လှည့်လည်ကြည့်ရှုကာ ဆိပ်ခံတံတားပေါ်ရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်း၊ စုပေါင်းခန်းမသို့ နံနက် ၁၁၀၀ နာရီတွင် ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက  သိမ်ဖြူသင်္ဘောကျင်း၏ သမိုင်းအကျဉ်း၊ သင်္ဘောလွန်းကျင်းများ၏ လက်ရှိအခြေအနေ၊ ရေကြောင်းဗော်ယာများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများ ပြုပြင်ခြင်း၊ ဌာနပိုင်ရေယာဉ်များကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ တည်ဆောက် ပြုပြင်ထိန်းသိမ်းပေးနိုင်မှုနှင့် ဌာနနှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေးအတွက် လွန်းကျင်းများနှင့် အလုပ်ရုံများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဦးစွာတင်ပြပြီး အင်ဂျင်နီယာချုပ်(စက်မှု)က စက်မှုအင်ဂျင်နီယာဌာနလက်အောက်ရှိ သိမ်ဖြူသင်္ဘောကျင်း၊ အံ့ကြီးသင်္ဘောကျင်းနှင့် စက်ဆန်းသင်္ဘောကျင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝင်ငွေတိုးတက်ရရှိရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား လမ်းညွှန်မှာကြားရာတွင်   ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် ဝန်ထမ်းကျင့်ဝတ်ကို အလေးထားလိုက်နာကြရန်၊ ဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာမှာ အပြည့်အဝ အောင်မြင်မှုရရှိရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍနှင့် အလေးထားပူးပေါင်းဆောင်ရွက်သွားရန်၊ သမရိုးကျစီမံခန့်ခွဲမှုစနစ်မှ အီလက်ထရောနစ်စီမံခန့်ခွဲမှု e-Governance စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးဆောင်ရွက်ကြရန်၊  ဝန်ထမ်းများအားလုံး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားနေစေရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်နေရန်၊ လုပ်ငန်းသုံး စက်ကိရိယာများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်လည်း စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးချရန်တို့အား ဆွေးနွေးမှာကြားခဲ့ပြီး သိမ်ဖြူသင်္ဘောကျင်းအတွင်းရှိ လွန်းကျင်းများနှင့် အလုပ်ရုံးများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ ရောက်ရှိရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးက ဒလသင်္ဘောကျင်း၏ သမိုင်းကြောင်းနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သင်္ဘောကျင်းလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန်၊ လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ ယန္တရားများ ပုံမှန်စစ်ဆေးထိန်းသိမ်းမှု ပြုလုပ်ရန်၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး ကြိုတင်ကာကွယ်ရေး၊ ဇာတ်တိုက် လေ့ကျင့်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသုံးများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရန်နှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး အလေးထား ဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့ပြီး၊ ဒလသင်္ဘောကျင်းအတွင်းရှိ လွန်းကျင်းနှင့် လွန်းလမ်းများအခြေအနေ၊ သင်္ဘောတည်ဆောက်၊ ပြင်ဆင်နေမှု အခြေအနေများကို  လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊  ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံဌာနများမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတားအမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈,၀၀၀ ကျော် တင်ပို့မည့် MV. VTC PHOE NIX သင်္ဘောပေါ်သို့ ဆန်တင်လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီး အောင် တင်ဆောင်နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆူးလေဆိပ်ကမ်းတံတား အမှတ်(၂)နှင့် အမှတ်(၅)တို့တွင် စပိန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့ သို့တင်ပို့ရန် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်း လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျှက်ရှိသည့် ရန်ကုန်ဆိပ်ကမ်းအနေဖြင့် အထွေထွေ ကုန်စည် သင်္ဘောများကို အသုံးပြု၍  ဝမ်းပုံစနစ်ဖြင့် ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာသင်္ဘောများကိုပါ အသုံးပြု၍ ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံအသီးသီးသို့ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းစသည့် လယ်ယာထွက်ကုန်များကို တင်ပို့၍ ဌာနနှင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီလမှ ဇန်နဝါရီလအထိ) စုစုပေါင်း ဆန်တန်ချိန် ၁,၀၈၁,၃၈၈ တန်၊ ပဲတန်ချိန် ၁,၁၃၅,၈၁၆ တန်နှင့် ပြောင်းတန်ချိန် ၅၂၅,၅၆၆ တန် တင်ပို့ခဲ့ပြီးကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ သိုလှောင်ရုံများ ပြုပြင်မွမ်းမံနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)က ဆူးလေဆိပ်ကမ်းဝင်းအတွင်းတွင် သိုလှောင်ရုံ (၇)လုံးရှိပြီး သိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃၊ ၄)အား ၁၉၁၂ ခုနှစ်နှင့် သိုလှောင်ရုံအမှတ်(၅၊ ၆၊ ၇)အား ၁၉၆၃ ခုနှစ်တွင်တည်ဆောက်ခဲ့ကြောင်း၊ သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄)၏ အမိုးနှင့် ရေတံလျှောက်များအား ပြုပြင်မွမ်းမံ၍ ပြည်ပသို့တင်ပို့မည့် ဆန်နှင့် ကောက်ပဲသီးနှံများ သိုလှောင်ခြင်း၊  ပြည်ပမှတင်သွင်းလာမည့် ဓါတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ သိုလှောင်ရုံ(၄)လုံး ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြုပြင်မွမ်းမံနေသော သိုလှောင်ရုံ(၄)လုံးအနက် သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး ကျန်သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မေလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆူးလေသိုလှောင်ရုံများသည် နိုင်ငံတော်၏ ဆန်နှင့် လယ်ယာထွက်ကုန်များ သိုလှောင်ဖြန့်ဖြူးခြင်းအတွက် အလွန်အရေးပါသော သိုလှောင်ရုံများဖြစ်ခြင်းကြောင့် ပြုပြင်မွမ်းမံရာတွင် ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် မတ်လတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၅)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဖေဖေါ်ဝါရီလတွင် လတ်တလော ကုန်သေတ္တာ တင်သင်္ဘော(၅၃)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ လည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီးမှခရီးစဉ် များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဇန်နဝါရီလတွင် လတ်တလောကုန်သေတ္တာတင် သင်္ဘော (၄၉)စီးပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲ မည့်စာရင်းအား အချိန်နှင့် တပြေးညီတင်ပြသွားမည်ဖြစ် ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့အသိပေးအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ လည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီးမှ ခရီးစဉ် များ ပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဒီဇင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော(၄၉)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအားအချိန်နှင့် တပြေး ညီတင်ပြသွားမည်ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် နိုဝင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၀)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် များသို့ အသိပေးအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင် သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ ပြေးဆွဲရန် စီစဉ် ထားရှိသဖြင့် အောက်တိုဘာလတွင်လတ်တလော ကုန်သေတ္တာတင်သင်္ဘော (၄၉)စီးပြေးဆွဲသွားမည်ဖြစ် ကြောင်းနှင့် ထပ်မံ တိုးချဲ့ပြေးဆွဲမည့်စာရင်းအားအချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ သို့ အသိပေးအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်း နိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၃)စီး ပြေးဆွဲ သွားမည် ဖြစ် ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။