ရန်ကုန်၊ ဇန်နဝါရီ ၂
မြန်မာ့လယ်ယာထွက်ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက် အကူပြုနိုင်ရန်အတွက် သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ်(၂၇)၊ (၂၈)နှင့် (၂၉) တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီတင်/ချ ဆိပ်ကမ်းတံတားသစ်များ တည် ဆောက်ရေးနှင့် ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃ နှင့် ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေး လုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံ တိုးချဲ့ တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ(Memorandum Of Agreement)များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆက်စပ်ကုမ္ပဏီများ၊ Myanmar China Harbour Engineering (MCHEC)ကုမ္ပဏီမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
တိုးမြှင့်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန် တင်ပို့မှုတန်ချိန် ၁.၇ သန်းသာ ရှိခဲ့သော်လည်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အထိ ၉ လတာ ကာလအတွင်း တန်ချိန် ၂.၁ သန်းအထိ တင်ပို့ထားခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်း တင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် ၁.၃ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ၉ လအတွင်း တန်ချိန် ၁.၆ သန်းခန့်အထိ တိုးတက်ကိုင် တွယ်လာရသည့်အတွက် အထွေထွေ ကုန်စည်ကိုင်တွယ်မှုအပိုင်းတွင် ဆိပ်ကမ်းတံတားများ လိုအပ်လာသည့်အပြင် အလုပ်တွင်စေမည့် ခေတ်မီကုန်ကိုင် တွယ်စက်ကိရိယာများကို မဖြစ်မနေ တပ်ဆင်အသုံးပြုပြီး စွမ်းဆောင်နိုင်မှု (Productivity)ကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ဖြစ်သည့် ပို့ကုန် ၂ ဆ တိုးမြှင့်နိုင်ရေး အထောက်အကူပြု လုပ်ငန်းစဉ်အဖြစ် ယခုလို ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို တိုးချဲ့တည်ဆောက်ထား နိုင်ခြင်းဖြင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန်အတွက် အဆင်သင့်ဖြစ်မှု (Readiness)ကို ရရှိစေနိုင်မည်ဖြစ်သည့်အတွက် ယခုစီမံကိန်းလုပ်ငန်း ၄ ခု စလုံးကို နှစ်ဖက်အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန်လိုကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတွင် အစိုးရ-ပုဂ္ဂလိက (G2B)၊ ပုဂ္ဂလိက-ပုဂ္ဂလိက (B2B) ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို၍ တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
လက်မှတ်ရေးထိုး
သီလဝါအကွက်အမှတ်(၂၇)၌ စားသုံးဆီဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO) နှင့် MCHEC၊ သီလဝါဆိပ်ကမ်း၊ အကွက်အမှတ်(၂၈)၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO)နှင့် MCHEC၊ သီလဝါဆိပ်ကမ်း၊ အကွက်အမှတ်(၂၉)၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်(MAGDPL)နှင့် MCHEC၊ ဆူးလေသိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာ စနစ်(Sheltered Conveying System)တပ်ဆင်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် MCHEC တို့အကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းများ၏ ကနဦး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းဖြစ် ကြောင်း သတင်းရရှိသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကော့သောင်းဆိပ်ကမ်း သို့ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၌ မြို့မဆိပ်ခံတံတား၊ ဘုရင့်နောင်ဆိပ်ခံတံတား၊ တော်ဝင်ကွန်ကရိ ဆိပ်ခံတံတားနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျောက်ထနောင်း ကွန်ကရိဆိပ်ခံတံတားများ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဝင်ငွေရှာဖွေပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း – ရန်ကုန် ခရီးစဉ်ဖြင့် ကမ်းရိုးတန်းသွား သင်္ဘောငယ်များ အသုံးပြု၍ ကုန်သေတ္တာ စနစ်ဖြင့် ကုန်စည်များတင်ပို့နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော MCL 4 ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးပြီး တရားမဝင်ကုန်စည်ပါဝင်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဇန်နဝါရီလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၆၂)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လွှင့်တင်ထားသည့် https://2020election.uec.gov.mm Website တွင် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်ထားရှိပြီး မြန်မာဘာသာဖြင့်ဖတ်ရှုလိုပါက https://2020election.uec.gov.mm/pdf/2020election_mm.pdf တွင်လည်းကောင်း၊ English ဘာသာဖြင့် ဖတ်ရှုလိုပါက https://2020election.uec.gov.mm/pdf/2020election_en.pdf တွင်လည်းကောင်း Download ရယူနိုင်ပါသည်။
The Findings on the Investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election, the Union Election Commission has made the information available on the website https://2020election.uec.gov.mm in five languages.
If you wish to read in Myanmar language, you can download it from https://2020election.uec.gov.mm/pdf/2020election_mm.pdf.
For the English version, it can be downloaded from https://2020election.uec.gov.mm/pdf/2020election_en.pdf.
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဒီဇင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၆၀)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် နိုဝင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၇)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် အောက်တိုဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၂)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၅)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဩဂုတ်လတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၀)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။
ရန်ကုန်၊ ဇူလိုင် ၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဌာနနှင့် ဌာနမှ ဦးဆောင်ကြီးကြပ်စီမံခန့်ခွဲရသည့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများနှင့် စွမ်းဆောင်ရည်တိုးတက် မှုများကို ရရှိထိန်းသိမ်းနိုင်ရန် လူစွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ပြည့်ဝနေစေရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများတွင် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ဖြစ်စေရေးအတွက် Knowledge Sharing Program on “Safety at the Port” သင်တန်းအမှတ်စဉ်(၁)ကို ယနေ့နံနက်(၀၉၀၀) နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဌာနမှူးများ၊ သင်တန်းပို့ချမည့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ ဆိပ်ကမ်းတံတားများမှတာဝန်ရှိသူများနှင့် သင်တန်းသား(၅၆)ဦး၊ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍဟာ နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအတွက် အဓိကဝင်ထွက်ပေါက် (Gateway) တခုဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုကောင်းများကို ပေးနိုင်ရန်လိုအပ်သကဲ့သို့ ဘေးကင်းလုံခြုံမှုရှိရန်လည်း လိုအပ်ပါကြောင်း၊ ကုန်/ကုန်သေတ္တာများ ကိုင်တွယ်ရာတွင်လည်းကောင်း၊ သင်္ဘောကြီးများကို ဆိပ်ကမ်းတံတားများတွင် ကပ်/ခွာခြင်း ပြုလုပ်ရာတွင်လည်းကောင်း၊ ဆိုက်ကပ်၍ ဝန်ဆောင်မှုပေးချိန်တွင်လည်းကောင်း၊ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်များ(Standard Operating Procedures – SOPs)၊ အရေးပေါ်ကိစ္စရပ်များကြုံတွေ့လာချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အစီအမံများနှင့် စံပြုလုပ်ငန်းစဉ်များ (Emergency Plan & SOPs) များကို သိရှိနေရုံနှင့်မပြီးဘဲ၊ တိကျစွာ လက်တွေ့ကျကျ လိုက်နာဆောင်ရွက်နိုင်စေရန် ဇတ်တိုက်လေ့ကျင့်ခြင်း (Drill)နှင့် အခုလို Knowledge Sharing Program များဖြင့် ပြန်လည်ဆွေးနွေးပေး၍ သိရှိနားလည်စေခြင်းတို့ကို ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆက်လက်၍ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဆိပ်ကမ်းလုပ်ငန်းကဏ္ဍမှာ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်၍ စွမ်းဆောင်ရည်ပြည့်ဝပြီး စနစ်တကျရှိသည့် ဆိပ်ကမ်းဝန်ဆောင်မှုကောင်းများကို ပေးနိုင်ရန်အတွက် သင်တန်းများနဲ့ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများနှင့် လက်တွဲ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အမှာစကားပြောကြားပေးခဲ့ပြီး၊ ပထမရက်သင်ခန်းစာများကို ဘာသာရပ်တာဝန်ခံများက ဆက်လက်ဆွေးနွေးပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်အထိ နေ့စဉ် (၀၉၀၀)နာရီအချိန်မှ (၁၂၃၀)နာရီအချိန်ထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏပိုင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အေးရှားဝေါဆိပ်ကမ်း(AWPT)နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ(MITT)တို့မှ ဘာသာရပ်ကျွမ်းကျင်သူများက Safe Stevedoring၊ Safe Cargo Handling၊ Risk Assessment၊ Dangerous Cargo Awareness၊ Safe & Effective Morring Operation စသည့်ဘာသာရပ်များကို လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များဖြင့် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်မည့်အပြင် ဆင့်ပွားပို့ချပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည့်အပြင် စွမ်းဆောင်ရည်ပြည့်ဝ၍ စနစ် တကျရှိသည့် ဆိပ်ကမ်း ဝန်ဆောင်မှုကောင်းများကိုလည်း ပေးလာနိုင်မည်ဖြစ်ပါသည်။