MPA Logo

new banner

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ၂၅-၁-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း(Offshore Fixed Pilot Station)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား တွေ့ဆုံအားပေး

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းသည် ၂၅-၁-၂၀၂၅ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ လိုက်ပါလျက် ကျန်းမာရေးဆိပ်ကမ်းတံတားမှ ရန်ကုန်မြစ်ဝရှိ ကမ်းလွန် ရေကြောင်းပြစခန်း(Offshore Fixed Pilot Station)သို့ ရောက်ရှိခဲ့ပြီး ရေကြောင်းပြစခန်း စုပေါင်းခန်းမတွင် တာဝန်ထမ်းဆောင်နေကြသည့် ရေကြောင်းပြမှူးကြီးများနှင့် ဆိပ်ကမ်းနှင့် ရေကြောင်းဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြားခဲ့ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Pilot Station တည် ဆောက်ခြင်းဆိုင်ရာ အချက်အလက်များ၊ Pilot Transfer Operation ဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းကာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေကြောင်းပြစခန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကို လမ်းညွှန်မှုများပေးခဲ့ပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်ပါသည်။

          ဒုတိယဝန်ကြီးသည် အသွားအပြန် ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် သီလဝါ ဆိပ်ကမ်း ဧရိယာများရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားများ၊ ရေလမ်းကြောင်းကောင်းမွန်အောင်သတ်မှတ်ရေအနက်ကို ထိန်းထားနိုင်ရန် သောင်တူးဖော်ဆောင်ရွက်လျက်ရှိသည့် နေရာများ၊ ရေလမ်းကြောင်း တစ်လျှောက် ရေလမ်းကြောင်းအချက်ပြ မီးဗော်ယာများ စနစ်တကျ နေရာချ ထားမှုအခြေအနေများနှင့် ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းနေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။