(က) မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်း ၏ အောက်ဘက်နေရာများတွင် ရေနက်ဆိပ်ကမ်းအဖြစ် ဆောင်ရွက်နိုင်ဖွယ်ရှိသော နေရာ (Location) များ ရွေးချယ်ရှာဖွေသည့်အခါ ရေနက်ဆိပ်ကမ်းဖြစ်နိုင်ဖွယ်ရာရှိသော နေရာတစ်ခုအဖြစ် ပုသိမ်မြို့၏ အနောက် တောင်ဘက် (၁၀၀မိုင်)ခန့် အကွာတွင် ငရုတ်အော်ဒေသကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာသွင်းကုန်များကို လက်ခံကိုင်တွယ်ရန်နှင့် Industrial Estat တည်ဆောက်ရန် နေရာကောင်းတစ်ခုဖြစ်ကြောင်းလည်း စူးစမ်းလေ့လာသည့် ကုမ္မဏီများ၏ Report များအရ သိရှိရပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာသို့သယ်ယူပို့ဆောင်မည့် ရေကြောင်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် ငရုတ်အော်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။
(ခ) ၎င်းအပြင် ရေနက်ဆိပ်ကမ်းနှင့် Industrial Zone များ တည်ဆောက်နိုင်ပါက အဆိုပါဒေသ၏ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး၊ ၎င်းတို့၏ လူနေထိုင်မှု ဘဝကို မြှင့်တင်ရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး Ngayoke Bay တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်၍ ဆက်စပ် အဆောက်အအုံများ တည်ဆောက်တပ်ဆင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတွင် အနောက်ဘက်ဂိတ်ပေါက်ဝတစ်ခု ဖြစ်လာနိုင်မည် ဖြစ်ပါသည်။
(ဂ) ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်အော်ဒေသတွင် ရေနက်ဆိပ်ကမ်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာရေး ဆောင်ရွက်ရန်ကိစ္စနှင့် သက်ဆိုင် သည့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စင်ကာပူ နိုင်ငံအခြေစိုက် Super Axis Development Pte., Ltd / Sliver Wave Development Pte.,Ltd တို့အကြား ၅-၈-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာ၏သက်တမ်းသည် လက်မှတ်ရေးထိုးပြီး (၁၂)လဖြစ်ပြီး Super Axis Development Pte., Ltd / Sliver Wave Development Pte., Ltd အနေဖြင့် အဆိုပါ နားလည်မှုစာချွန်လွှာ သက်တမ်းကာလအတွင်း ဖြစ်နိုင်ခြေ လေ့လာရေးအစီရင်ခံစာကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ထံ တင်ပြရန်ရှိပါသည်။
(ဃ) သို့ရာတွင် Super Axis Development Pte., Ltd / Sliver Wave Development Pte., Ltd သည် ဖြစ်နိုင်ခြေလေ့လာစူးစမ်းမှုကို ဆောင်ရွက်နိုင်ခြင်းမရှိပါသဖြင့် နားလည်မှု စာချွန်လွှာအား ရပ်ဆိုင်းပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။
(င) ၎င်းနေရာတွင် မြန်မာကုမ္မဏီ(၂)ခုဖြစ်သော Myint & Associate Copamy နှင့် SIM Company တို့မှ Supply Base အဖြစ်ဆောင်ရွက်ရန် အဆိုပြုတင်ပြချက်အရ မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုထားပြီးဖြစ်၍ စူးစမ်းလေ့လာမှု Feasibility Study များလည်း ဆောင်ရွက်ပြီးဖြစ်ပါသည်။
(က) မြန်မာနိုင်ငံတော်အစိုးရသည် ကုလားဂုတ်ဒေသကို ရေနက်ဆိပ်ကမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လွန်ခဲ့သောဆယ်စုနှစ် နှစ်စုကတည်းက ကြိုတင်ရည်ရွယ် သတ်မှတ်ခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရေးမြို့အကြားရှိ ကုလားဂုတ်ဒေသသည် ပဏာမ လေ့လာမှုများအရ ရေနက် ဆိပ်ကမ်း အကောင်အထည်ဖော်တည်ဆောက်ရန် အလားအလာကောင်းသော ဒေသတစ်ခု ဖြစ်ပါသည်။
(ခ) မွန်ပြည်နယ်ရှိ ကုလားဂုတ်ဒေသသည် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ပထဝီမြေပြင် အနေအထား အလွန်ကောင်းမွန်သောနေရာတွင် တည်ရှိပြီး GMSနှင့် အာဆီယံဒေသအကြားရှိ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းနှင့် တရုတ်နှင့်အာဆီယံဒေသအကြားရှိ တောင်-မြောက် စီးပွားရေး စင်္ကြန်လမ်းတို့နှင့် ဆက်သွယ်ထားပါသည်။ ထို့အပြင် သစ်တော၊ သတ္တုတွင်း၊ စိုက်ပျိုးရေးနှင့် ရေ ထွက်ပစ္စည်းများ အစရှိသည့် သဘာဝသယံဇာတများ ပေါကြွယ်ဝသောဒေသ ဖြစ်ပါသည်။
(ဂ) အိန္ဒိယသမုဒ္ဒရာကိုဖြတ်သန်း၍ မြန်မာနိုင်ငံ၏အနောက်ဘက်မျက်နှာစာသို့ ဦးတည်ချဉ်း ကပ်လာသော ပင်လယ် ရေလမ်းကြောင်းကို လွယ်ကူစွာ အသုံးပြုနိုင်စေရန်နှင့် မွန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်သာမက ကုလားဂုတ်ဒေသနှင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ရည်ရွယ်၍ အားထုတ်ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ပါသည်။ ဒေသခံပြည်သူ များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး၊ ၎င်းတို့၏ လူနေထိုင်မှုဘဝကို မြှင့်တင် ရန်နှင့် နိုင်ငံတော်၏စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ပါသည်။
(ဃ) ကုလားဂုတ်ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ရှေးဦးစွာဖြစ်နိုင်ခြေလေ့လာရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေ ဖြင့် ထိုင်းနိုင်ငံအခြေစိုက် The Emerald Grand Hotel Co., Ltd နှင့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ၉-၈-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့ရာတွင် The Emerald Grand Hotel Co., Ltd အနေဖြင့် ဖြစ်နိုင်လေ့လာရေးလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာကို ရပ်စဲ/ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။
(င) ထို့နောက် ထပ်မံ၍ ကုလားဂုတ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာရေး လုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံအခြေစိုက် Centennial Energy (Thailand) Co., Ltd က နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခွင့်ပြုရန် တင်ပြခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ထိုင်းနိုင်ငံအခြေစိုက် Centennial Energy (Thailand) Co., Ltd တို့ အကြား ၂၄-၇-၂၀၁၅ ရက်နေ့ တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ သို့ရာတွင် နားလည်မှုစာချွန်လွှာ စည်းကမ်းအရ Centennial Energy (Thailand) Co., Ltd သည် လုပ်ငန်းဆောင်ရွက်မှု ဘဏ်အာမခံ (Performence Bank Guarantee) USD ၁၀၀,၀၀၀ ကို ပေးသွင်းရန် ပျက်ကွက်ပါသဖြင့် အဆိုပါနားလည်မှုစာချွန်လွှာကို ရပ်ဆိုင်းပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ကုလားဂုတ်ရေနက်ဆိပ်ကမ်းအား အမြန်ဆုံး အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITIC Consortium နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ
နိဒါန်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အုပ်ချုပ်မှု အောက်ရှိ ရန်ကုန်ဆိပ်ကမ်းနှင့် ပြင်ပဆိပ်ကမ်း(၈)ခုတို့မှာ မြစ်တွင်းဆိပ်ကမ်းများဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံတော်၏ ပို့ကုန်သွင်းကုန် ၈၅% ကျော်ကို ကိုင်တွယ်ပေးလျက်ရှိသော အဓိကဆိပ်ကမ်းတစ်ခုဖြစ်ပြီး၊ ဆိပ်ကမ်းသို့ ဝင်/ထွက် ဆိုက်ကပ်နိုင်သည့် သင်္ဘောအရွယ်အစားမှာ တန်ချိန် ၁၅၀၀၀၊ သင်္ဘောအလျား ၁၆၇ မီတာနှင့် ရေစူး ၉ မီတာအထိ ခွင့်ပြုနိုင်ပါသည်။
၂။ ခေတ်နှင့်အညီ တိုးတက်များပြားလာသော ပင်လယ်ရေကြောင်း ပို့ကုန်/သွင်းကုန်များကို နိုင်နင်းစွာ ကိုင်တွယ်သွားနိုင်ရန်နှင့် ခေတ်နှင့်လိုက်လျောညီထွေ တည်ဆောက်အသုံးပြုလာသော အရွယ်အစားကြီးမားသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်အသုံးပြုနိုင်ရန် ရေနက် ဆိပ်ကမ်းများကို နိုင်ငံတော်၏ ကမ်းရိုးတန်းတစ်လျှောက် တည်ဆောက်သွားရန် လိုအပ်လာပါ သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း
၃။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေဒေသများအနက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် မဒဲကျွန်းရေဒေသသည် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် အလားအလာ အကောင်းဆုံးဒေသဖြစ်ပါသည်။ အဆိုပါရေဒေသသည် ပင်လယ်ပြင်မှ အတွင်းပိုင်းတွင် ကျရောက် သဖြင့် ပင်လယ်လှိုင်းဒဏ်၊ လေဒဏ်တို့မှ သဘာ၀အတိုင်း အကာအကွယ်ရရှိသောနေရာဖြစ်ခြင်း၊ ရေစူးများသော ကုန်သင်္ဘောကြီးများ အချိန်မရွေး ဝင်/ထွက်ရပ်နားနိုင်သည့် ရေနက်ရေလမ်း ကြောင်းရှိခြင်း၊ သင်္ဘောလှည့်ပတ်ရန်နှင့် ကျောက်ချရပ်နားရန်အတွက် လုံလောက်သော အကျယ် အဝန်းရှိခြင်း၊ ကျောထောက်နောက်ခံမြေရှိခြင်းတို့ကြောင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် အကောင်းဆုံးဖြစ်ပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်း
၄။ ကျောက်ဖြူရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးလုပ်ငန်းအပါအဝင် ကျောက်ဖြူအထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုကော်မတီကို ၁၃-၁-၂၀၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
၅။ တင်ဒါခေါ်ယူရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ (Bid Evaluation and Awarding Committee) ကို နိုင်ငံတော်သမ္မတရုံး၏ (၁၇-၈-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၁၂ (၂)/၈/သမ္မတရုံး) ရည်ညွှန်းစာဖြင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံအများစုပါဝင်သော အသိပညာရှင် အတတ် ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၆။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တည်ဆောက်အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ ရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ(BEAC)မှ Port Package ၊ Industrial Package နှင့် Residential Package များအတွက် ၂၄–၁၁–၂၀၁၄ ရက်နေ့တွင် နိုင်ငံတကာ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ပါသည်။
၇။ ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဌမနေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နယ်နိမိတ်ကို အတည်ပြုကြေငြာခဲ့ပြီး ၃၀-၁၂-၂၀၁၅ ရက်နေ့တွင် BEAC မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် ရင်းနှီးတည်ဆောက်သူ (Developer) အဖြစ် CITIC Consortium အဖွဲ့အား အတည်ပြု သတ်မှတ်ခဲ့ပါသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း
၈။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ပါ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် Port Services Agreement (မူကြမ်း)အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌတို့အကြား ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ၎င်း အသေးစိတ်ဆွေးနွေးချက်များမှ ရရှိလာသော Framework Agreement ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် CITIC တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး Feasibility Study ကို စတင်ဆောင်ရွက်ခဲ့ပါသည်။
၉။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ပါ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် Concession Agreement ကို ၂၀၁၉ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်CITIC Consortium အဖွဲ့ တို့ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး Concession Agreement အား လက်မှတ်ရေးထိုးနိုင်ရန် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ပြထားပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း
ဆိပ်ခံတံတားအလျား | ၂၀၀ မီတာ x ၁၇.၅ မီတာ |
ဆိပ်ခံတံတားရှေ့ရေအနက် | ၉ မီတာ |
တင်ချသည့်ကုန်ပစ္စည်း | အထွေထွေကုန်စည် |
နောက်ခံဧရိယာ | ၁၉.၇၆ ဧက |
ဆိုက်ကပ်နိုင်သည့် ရေယာဉ် အရွယ်အစား | ၂၀,၀၀၀ DWT |
သိုလှောင်နိုင်မှုပမာဏ | Warehouse ၃၀,၀၀၀ မက်ထရစ်တန်၊ Silos ၆၀,၀၀၀ မက်ထရစ်တန် |
ငှားရမ်းမှုပုံစံ | မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ မြေပိုင်ဆိုင်ပြီး Myanmar Kong Hua သို့ လုပ်ကိုင်ခွင့်ပြုထား ပါသည်။ |
အကျိုးအမြတ်ခွဲဝေမှု/ငှားရမ်းခ | စုစုပေါင်းဝင်ငွေ၏ ၅% |
ကုမ္ပဏီအမည် | Myanmar Kong Hua Co.,Ltd. |
ရန်ကုန်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် – ၃၃ တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပိတောက်ရွှေဝါကုမ္ပဏီလီမိတက်တို့ အကြား BOT စနစ်ဖြင့် တည်ဆောက်ကာ ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို ၉-၁၀-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။
Capital Diamond Star Group၊ Kamigumi Co., Ltd. နှင့် Lluvia Co., Ltd. တို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသည် အမှတ် ၃၀ နှင့် ၃၁၊ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဧရိယာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုချက်ဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Diamond Star Co.,Ltd တို့သည် စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံ အထူးပြု အစုအပုံလိုက် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ခေတ်မီဘက်စုံသုံး နိုင်ငံတကာ ဆိပ်ကမ်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၃.၅.၂၀၁၅ ရက်နေ့တွင် BOT စာချုပ်နှင့် မြေငှားစာချုပ်တို့ဖြင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ IBTT ပရောဂျက်တွင် ဆိပ်ကမ်း ဂိတ်တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းသာမက စပါးများ ကိုင်တွယ်ရာတွင် အဓိကအားဖြင့် သီးသန့် terminal လည်ပတ်ခြင်းနှင့် ဆက်စပ်သော ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းလည်း ပါဝင်သည်။
အထူးသဖြင့် ဘက်စုံသုံး ဆိပ်ကမ်းနှင့် ကုန်သေတ္တာဂိတ်များတွင် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် International Bulk Terminal သည်သီလဝါတွင် မြန်မာနိုင်ငံအတွက်ပထမဆုံးသော Bulk Terminal တစ်ခုဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို လျှော့ချပေးပြီး ကုန်စည်ပို့ဆောင်ရာတွင် စျေးသက်သာပြီး ပိုမိုထိရောက်စေခြင်းဖြင့် မြန်မာ့ထောက်ပံ့ရေးကွင်းဆက်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေပါသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဂျပန်နိုင်ငံအစိုးရ၏ ချေးငွေအထောက်အပံ့ (ODA Loan) ဂျပန်ယန်း (၂၃၄၈၀)သန်း (အမေရိကန်ဒေါ်လာ ၂၀၈.၉၃ သန်း)နှင့် အခြားစရိတ်အပါအဝင် စုစု ပေါင်း အမေရိကန်ဒေါ်လာ (၂၂၂)သန်းဖြင့် သီလဝါကမ်းနားဒေသ၊ အကွက် အမှတ်(၂၅)(၂၆)တွင် ခေတ်မီဘက်စုံသုံးကုန်သေတ္တာ ဆိပ်ကမ်းတံတား(၂)စင်းနှင့် အကွက်အမှတ် (၂၅)၏ နောက်ခံမြေ (၁၆၅၇၀၀ စတုရန်းမီတာ / ၄၁ ဧက)ပေါ်တွင် ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်းနှင့် ကုန်ကိုင်တွယ်စက်ကရိယာများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဂျပန်–မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်သော Thilawa Multipurpose International Terminal (TMIT) Co., Ltd. သို့ ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်ခွင့် (၃၈)နှစ်ကို ၂၀–၅–၂၀၁၉ ရက်နေ့မှစ၍ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားခဲ့ပါသည်။
On 25th March, 2018, Wilmar Myanmar Port Terminal was opened at Thilawa area and which is operated by Wilmar Myanmar Port Terminals (Thilawa) Limited under the BOT system of Myanma Port Terminals (MPA) with 50 years in initial.This is the 3rd general commodity jetty and construction was started in February, 2016 and it is completed at the end of November, 2017.
Information of Wilmar’s Jetty
Detail information of existing wharf as following:
ရန်ုကုန်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် – ၁၇၊ ၁၈ (ဘီ) တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Denko Petrochemical Management Co., Ltd. တို့ အကြား BOT စနစ်ဖြင့် တည်ဆောက်ကာ ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို ၂၈-၈-၂၀၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။