MPA Logo

new banner

ဆိပ်ခံတံတား တည်ဆောက်မည့်နေရာနှင့် တည်ဆောက်ပြီး ဆိပ်ခံတံတားများ
ရှေ့ရေဒေသများတွင် သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ် ချက်များ သတ်မှတ်ချက်များ

ဆိပ်ကမ်းနယ်နိမိတ်အတွင်း တည်​ဆောက်ပြီးနှင့် တည်ဆောက် ရန်ရှိသော အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားများနှင့် ကမ်းရိုးတန်း သွားဆိပ်ခံတံတားများနေရာတို့တွင် လိုအပ်သော ရေအနက် ရရှိစေ ရန် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် လျှောက်ထား ရမည်ဖြစ်ပါသည်။

ဝန်ဆောင်ခ

သောင်တူးခြင်းလုပ်ငန်းအတွက် မြေတူး/မြေခံရေယာဉ်များ ငှားရမ်းခအဖြစ် (၁)ကုဗမီတာလျှင် (၁၂၀၀)ကျပ်နှင့် ကုန်သွယ် လုပ်ငန်းခွန် ၅% တို့အားဆိပ်ကမ်းကုမ္ပဏီများမှ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး    မြေတူး/မြေခံ ရေယာဉ်များအတွက် လိုအပ်သော စက်မောင်းဆီ၊ ချောဆီနှင့် သောင်တူးလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားလုပ်ငန်း သုံးပစ္စည်း များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြအင်ဂျင် နီယာဌာန၊ သောင်တူးဌာနခွဲ(ဟိုက်ဒရောလစ်ဌာနခွဲ)သို့ ပံ့ပိုး ပေးရမည်ဖြစ်ပါ သည်။

လိုအပ်သောစာရွက် စာတမ်းများ

(၁)  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးထံ လိပ်မူ၍ သက်ဆိုင်ရာ ဆိပ်ခံတံတားရှေ့ရေဒေသတွင် သောင်တူးလုပ်ငန်းဆောင်ရွက်ပေးပါရန် လျှောက်ထား တင်ပြသည့်စာ

(၂) ဆိပ်ကမ်းတည်ဆောက်မည့်နေရာ (သို့မဟုတ်) ဆိပ်ခံ               တံတားရှေ့ရေဒေသ၏ ရေအနက် တိုင်းတာထားသော ရေပုံ

လျှောက်ထားရန် အဆင့်များ

အဆင့်() – ဆိပ်ခံတံတားရှေ့ရေဒေသတွင် သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးပါရန် လျှောက်ထားတင်ပြသည့်စာနှင့် ရေပုံ တို့ကို ပူးတွဲ၍ ပြည့်စုံအောင် ဆောင်ရွက်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

အဆင့်()   –  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တာဝန်ရှိသူများမှ သက်ဆိုင်ရာဆိပ်ကမ်းနေရာသို့ သွားရောက်၍ သောင်တူး ဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေအား ကြည့်ရှု စစ်ဆေးမည် ဖြစ်ပါသည်။

အဆင့်() –  ဆိပ်ခံတံတားကုမ္ပဏီမှ တင်ပြလာသော ရေပုံအရ သောင်တူးဖော်ရမည့် နုန်းသောင်ပမာဏအား တွက်ချက်၍ ကျသင့် သည့် မြေတူး/မြေခံရေယာဉ်များငှားရမ်းခနှင့် ကုန်သွယ် လုပ်ငန်း ခွန်တို့အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်း ရန်နှင့် စက်မောင်းဆီ၊ ချောဆီ အပါအဝင် သောင်တူး လုပ်ငန်းသုံး ပစ္စည်းများအား သောင်တူးဌာနခွဲ(ဟိုက်ဒရောလစ် ဌာနခွဲ) သို့ ပံ့ပိုးပေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြ အင်ဂျင်နီယာဌာနမှ သက်ဆိုင်ရာ ဆိပ်ခံတံတားကုမ္ပဏီသို့ ညှိနှိုင်းအကြောင်းကြား စာပေးပို့မည်ဖြစ်ပါသည်။

အဆင့်(၄)– ဆိပ်ခံတံတားကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ စာရင်းဌာနသို့ ကျသင့်ငွေ ပေးသွင်းပြီးပါက ရာသီဥတု အခြေအနေ၊ မြေတူး/မြေခံရေယာဉ်များ၏ ကြံ့ခိုင်မှုအခြေအနေ၊ ဌာနဆိုင်ရာ သောင်တူးခြင်းလုပ်ငန်းများ၏အခြေအနေနှင့် ပြင်ပငွေအပ်သောင်တူးလုပ်ငန်းများ၏အခြေအနေပေါ်မူတည်၍ တန်းစီဇယားဖြင့် လုပ်ငန်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။