မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းကို ယခင် စွမ်းအင်ဝန်ကြီး ဌာန (MOE) နှင့် China National Petroleum Corporation (CNPC) တို့ ၁၆-၆-၂၀၀၉ ရက်နေ့ တွင် MOU လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူခရိုင်၊ မဒဲကျွန်းတွင် Workboat Wharf တည်ဆောက်ခြင်းလုပ်ငန်းကို ၃၀-၁၀-၂၀၀၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ၃၀-၈-၂၀၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ DWT ၃၀၀,၀၀၀၊ LOA ၃၀၀ မီတာ၊ အကျယ် ၆၀ မီတာ၊ ရေစူး ၂၃ မီတာရှိသော ရေနံတင် သင်္ဘောဆိုက်ကပ်နိုင်သည့် Crude Oil Terminal တည်ဆောက်ခြင်း လုပ်ငန်းကို ၁-၄-၂၀၁၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ၃၁-၅-၂၀၁၃ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။
မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်းနှင့် South-East Asia Crude Oil Pipeline Co, Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းရှိ ရေနံတင်ချဆိပ်ကမ်းအား တန်ချိန် (၃၀၀,၀၀၀) ဆန့် ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် အကောက်ခွန်ဦးစီးဌာနမှ ၂၂.၁.၂၀၁၅ ရက်စွဲပါစာဖြင့် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ရှေးဦးစွာ ပထမ ဦးဆုံးအကြိမ်အဖြစ် MT.XIN RUN YANG (LOA:330M) သင်္ဘောသည် ၂၄.၁.၂၀၁၅ ရက်နေ့တွင် CRUDE OIL တန်ချိန် (၁၃၅,၆၅၁) တန်ချရန် စမ်းသပ်ဆိုက်ကပ်ခဲ့ပါသည်။ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လုပ်ငန်းစတင်ဆောင်ရွက်မှု အနေဖြင့် MT. UNITED DYNAMIC သင်္ဘောသည် CRUDE OIL တန်ချိန် (၁၄၀,၂၁၉) တင်ဆောင် ၍ ၉.၄.၂၀၁၇ ရက်နေ့တွင် ဝင်ရောက်ဆိုက်ကပ်ကာ ရေနံစိမ်းများ ကုန်ချခဲ့ပါသည်။ မဒဲကျွန်းရှိ SEAOP ၏ ရေနံတင်ဆိပ်ကမ်း(Crude Oil Terminal)တွင် သင်္ဘောကြီးအလျား ၃၃၀ မီတာ၊ ရေစူး ၂၃ မီတာ၊ သင်္ဘောတန်ချိန် ၃၀၀၀၀၀ ရှိသည့် သင်္ဘောကြီး (၁၇၀)စီး ဆိုက်ကပ် ခဲ့ပြီး ရေနံစိမ်း စုစုပေါင်း မက်ထရစ် တန်ချိန် (၄၃.၇၄) သန်းခန့်ရှိပါသည်။
ကျောက်ဖြူ၊ မဒဲဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် ရေနံတင်သင်္ဘောကြီးများ အန္ထရာယ် ကင်းရှင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြ မှူးကြီးများ စေလွှက်ကာ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်အနောက်ဘက်ကမ်း သောင်ခုံကျေးရွာနှင့် သရက်တော ကျေးရွာအကြားတွင် အလျား ၇ မိုင် ခန့်ရှိသည့် မြစ်ကမ်းပါးပြိုကျ တိုက်စားမှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ၎င်းကမ်းပြိုကမ်းစားမှုများကြောင့် သဲနုန်းပို့ချမှုများဖြစ်ပေါ်ခြင်း၊ ရေလယ် သောင်ရွေ့လျားပြီး မတည်ငြိမ်ခြင်း၊ ဒီရေအတက်နှင့်အတူ အင်အားပြင်းလှိုင်းမြင့် ပုတ်ခတ် သည့်ဒဏ် အဆက်မပြတ် ခံစားရခြင်းတို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကမ်းပြိုမှုမှာ ဆိုးရွားစွာဖြစ်ပေါ် လျက်ရှိပါသည်။ ထို့အပြင်ရန်ကုန်မြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာမြေနှင့် လယ်ယာမြေများ နှစ်စဉ် ဆုံးရှုံးမှုများဖြစ်ပေါ်နေခြင်း၊ လယ်သမား၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံပြည်သူများ နေထိုင်ကြသည့် လူနေအိမ်ခြေများနှင့် အလွန် နီးကပ်လာခြင်းတို့ကြောင့် ဒေသခံပြည်သူတို့၏ လူမှုဘဝလုံခြုံစိတ်ချမှု လျော့နည်းလာခြင်းနှင့် နိုင်ငံတော်၏ ပို့ကုန်/သွင်းကုန် ၈၅% ကျော်ကိုင်တွယ် သော ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများဝင်/ ထွက်သွားလာသည့် ရန်ကုန် မြစ်ရေလမ်းကြောင်းအား နုန်းအနည်ကျ၍ သောင်ထွန်းမှုများ ပိုမိုဖြစ်ပေါ်လာခြင်း စသည်တို့ဖြစ်ပေါ် လျက် ရှိပါသဖြင့် ကမ်းပြိုတိုက်စားမှု၊ သောင်ထွန်းမှု ပိုမိုဆိုးရွားစွာ မဖြစ်နိုင်စေရန်နှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ကမ်းပါးထိန်းနံရံ(၁)ခု တည်ဆောက်မည့် စီမံကိန်းဖြစ်ပါသည်။
အဆိုပါ စီမံကိန်းကို Feasibility Study (F.S) ဆောင်ရွက်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် China Harbour Engineering Co., Ltd. တို့အကြား MOU လက်မှတ်ရေးထိုးခြင်းကို (၁၈-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ CHEC ကုမ္ပဏီအနေဖြင့် စီမံကိန်းဧရိယာသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းတိုင်းတာခြင်း၊ မြေသား စမ်းသပ်ခြင်းနှင့် မြေသားနမူနာများရယူခြင်း လုပ်ငန်းများကို (၁-၁-၂၀၂၁) ရက်နေ့မှ (၂၉-၁-၂၀၂၁) ရက်နေ့အထိလည်းကောင်း၊ မြေသားစမ်းသပ်ခြင်းအစီရင်ခံစာ (Soil Test Report) ပြုစုခြင်းကို (၃၀-၁-၂၀၂၁) ရက်နေ့မှ (၁၂-၄-၂၀၂၁) ရက်နေ့အထိလည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ကမ်းပြိုမှုကာကွယ်ထိန်းသိမ်း ရေးဆိုင်ရာ Feasibility Study အစီရင်ခံစာ (မူကြမ်း)ကို CHEC ကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ (၂၀-၇-၂၀၂၁) ရက်နေ့တွင် တင်ပြခဲ့ပြီး CHEC ကုမ္ပဏီမှတင်ပြထားသော Feasibility Study အစီရင်ခံ စာ(မူကြမ်း)ပါ ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် Design ပုံစံများ၊ အခြေခံစံနှုန်း တွက်ချက်မှုများ၊ ခန့်မှန်းခြေကုန်ကျစရိတ်များ၊ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကို နှစ်ဖက်အဖွဲ့အစည်းများဖြစ်သည့် MPA Working Group နှင့် CHEC Working Group တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး CHEC ကုမ္ပဏီမှ အဆိုပါ Feasibility Study အစီရင်ခံစာ (မူကြမ်း)အား Final Report အဖြစ်ပြုစု၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပြန်လည် တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အားဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝင်/ထွက်သွားလာနိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်မှုကြောင့် နိုင်ငံတော်၏ဝင်ငွေ တိုးတက်ရရှိရေးကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်ခြင်း၊ အနာဂတ်တွင် တိုးတက် များပြားလာမည့် နိုင်ငံတော်၏ ပို့ကုန်/ သွင်းကုန်များကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ် နိုင်ရန် အထောက်အကူဖြစ်စေခြင်းနှင့် ရန်ကုန်မြစ်အောက်ပိုင်း ကမ်းပြိုမှုကြောင့် ကျေးရွာ မြေနှင့် လယ်ယာမြေများ ဆုံးရှုံးလာခြင်းအား ကာကွယ်ထိန်းသိမ်းနိုင်ခြင်းဖြင့် ဒေသခံ ပြည်သူများ ဘေးကင်းလုံခြုံမှုရခြင်းနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
ရေလမ်းကြောင်းနှင့်ဆိပ်ကမ်းလုပ်ငန်းများသည် သဘာဝ၏ အမွေအနှစ်တစ်ခု ဖြစ်သော် လည်း ပြုပြင်ထိန်းသိမ်းမှုနှင့်ပေါင်းစပ်မှသာ ရာနှုန်းပြည့်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရန်ကုန် ဆိပ်ကမ်းသည် ရန်ကုန်မြစ်ရေလမ်းကြောင်းအပေါ်တွင် တည်ရှိပြီး နိုင်ငံ့ကုန်စည်ပို့ဆောင်ရေး၏ ၉၀% ခန့်ကို ကိုင်တွယ်နေသည့် ပင်မဆိပ်ကမ်းတစ်ခုဖြစ်ပါသည်။
ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်ပြီး ပင်လယ်ကူးသင်္ဘောကြီးများ အတွက် သတ်မှတ်ထားသည့်ရေစူးအနက် (Controlling Depth) မကျအောင် ထိန်းသိမ်း ထားနိုင်ရေး သောင်တူးလုပ်ငန်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ဝင်ရောက်လာမည့် ရေယာဉ် ကြီးများအတွက် ရေစူးအာမခံချက်မပေးနိုင်ပါက ကုန်စည်စီးဆင်းမှု အခက်အခဲ ဖြစ်နိုင်သကဲ့သို့ အပြည်ပြည်ဆိုင်ရာဥပဒေအရ ဆိပ်ကမ်းတွင်သာ တာဝန်ရှိမည်ဖြစ်ပါသည်။ ထိုစိန်ခေါ်မှုအား ကျော်လွှားနိုင်ရန် ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်း အဓိက အတားအဆီး ဖြစ်နေသော အတွင်းစည်းခုံနှင့် အပြင်စည်းခုံရေလမ်းကြောင်းအတွင်း သတ်မှတ်ရေစူး ရရှိထိန်းသိမ်းထား နိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရေစူးအနက် တိုးတက်လာသည်နှင့်အမျှ ယခု လက်ရှိ သင်္ဘောကြီးများအပြင် အရွယ်အစား ပိုမိုကြီးမားသည့် ရေယာဉ်ကြီးများပါ ကိုင်တွယ် နိုင်မည်ဖြစ်သဖြင့် ဆိပ်ကမ်းစွမ်းဆောင်ရည်နှင့် ဝင်ငွေများတိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။
သို့ရာတွင် ရန်ကုန်ဆိပ်ကမ်းသည် မြစ်ဆိပ်ကမ်းဖြစ်သည့်အတွက် အနယ်ထိုင်နှုန်း များခြင်း၊ ကောက်ကွေ့ခြင်း၊ ရေတိမ်ကွက်နှင့်သောင်စွယ်များ ပေါများခြင်းတို့ကြောင့် ယခင်က Maintenance Dredging ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုများကြောင့် ရေကြောင်းပြောင်းလဲမှုနှင့် သောင်ထွန်းမှုများသည် ပိုမိုဆိုးရွား စွာ ဖြစ်တည်လာခဲ့သဖြင့် ရေလမ်းကြောင်းအခြေအန ရေရှည်ထိန်းသိမ်းထားနိုင်ရန် လိုအပ်လာ သည့်အတွက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သောင်တူး(၅)နှစ် စီမံကိန်းအား ၁၆-၉-၂၀၁၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှ စိတ်ဝင်စားမှု အဆိုပြုလွှာ ဖိတ်ခေါ်ခဲ့ပြီး အဆင့်ဆင့်စိစစ် ရွေးချယ်ခဲ့ပါသည်။ စိစစ်ရွေးချယ်ရေးအဖွဲ့မှ Prefer Bidder အဖြစ် ရွေးချယ်ခဲ့သည့် Starhigh Asia Pacific Pte Ltd အား ပြည်ထောင်စု အစိုးရအဖွဲ့၏အစည်းအဝေးအမှတ်စဉ် ၂/၂၀၁၈မှ အတည်ပြုခဲ့သဖြင့် ၁၂.၃.၂၀၁၈ ရက်နေ့တွင် လုပ်ငန်း အပ်နှံစာချုပ်ချုပ်ဆို၍ စီမံကိန်းလုပ်ငန်း စတင်ခဲ့ပါသည်။ ယခုအခါ ဒုတိယနှစ်ပြီးဆုံး၍ တတိယနှစ်စတင်ရန် အချိန်ရောက်ရှိပြီဖြစ်ပါ သည်။
နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် သယ်ယူပို့ဆောင်ရေး စနစ်ပေါ်တွင် မှီခိုပါသည်။ ကုန်း/ရေ /လေ သယ်ယူပို့ဆောင်ရေးစနစ်တွင် ရေကြောင်း ပို့ဆောင်ရေးသည် စီးပွားရေးအရ တွက်ခြေအကိုက်ဆုံးစနစ်ဖြစ်သည့်အတွက် ရေကြောင်း သယ်ယူပို့ဆောင် ရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းသည် ပြည်တွင်းပြည်ပ ဈေးကွက်များ အပေါ်လက်လှမ်း မှီချုပ်ကိုင်နိုင်ပြီး အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ရရှိစေနိုင်ပါသည်။ ထို့ပြင် သောင်တူးဖော်ခြင်းကြောင့် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု တိုးတက်ကောင်းမွန်လာပြီး ဆိပ်ကမ်း စွမ်းဆောင်ရည်၊ ဆိပ်ကမ်းဝန်ဆောင်ခနှင့် နိုင်ငံတော် အခွန်အခများတိုးတက်ရရှိလာခြင်းဖြင့် နိုင်ငံဝင်ငွေတိုးပွားရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတကာကုန်သွယ်မှု၏ (၇၀%ခန့်)သည် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်နေ ခြင်းဖြစ်၍ ပင်လယ်ရေကြောင်းဖြင့်ကုန်သွယ်ရေး(Maritime Trade)သည် ကမ္ဘာ့စီးပွား ရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အလွန် အရေးပါသည်ဖြစ်ရာ အနာဂါတ်ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း အထောက် အကူပြုနိုင်ရေးအတွက် ဤစီမံကိန်းအား ရေးဆွဲခြင်းဖြစ်ပါသည်။
ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်းဆိုင်ရာစီမံချက်အား ဂျပန်နိုင်ငံ၏ Technical Assistant Program(TAP)ဖြင့် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား Exchange of Note(E/N) ရေးထိုးပြီးနောက်တွင် JICA ၏အထောက်အပံ့အစီအစဉ်ဖြင့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ဖြစ်ပါသည်။
စီမံကိန်းကာလမှာ ၂၀၂၁ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖြစ်ပြီး JICA အနေဖြင့် လုပ်ငန်းခွင် Survey ပြုလုပ်ခြင်း၊ Design ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးနှင့် နည်းပညာကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအနေဖြင့် National Logistics Master Plan, National Transport Master Plan တို့နှင့် ချိတ်ဆက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။
JICA’s Grant Assistance ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသော အမျိုးသား သယ်ယူပို့ဆောင်ရေး မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်း (၂၀၁၅-၂၀၄၀)၊ အမျိုးသား ထောက်ပံ့ ပို့ဆောင်ရေး မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်း(၂၀၁၈-၂၀၃၀)တို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် အဓိကလုပ်ငန်းရပ်များဖြစ်သော ဆိပ်ကမ်းဖွံ့ဖြိုးရေး ဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်း (၂၀၃၀ခုနှစ်)၊ ဦးစားပေးဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရေးဆွဲခြင်းစီမံကိန်း(၂၀၃၅ခုနှစ်)နှင့် ဆိပ်ကမ်းလုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာ ရေးဆွဲ ဆောင်ရွက်ခြင်းစီမံကိန်းတို့အား ရေးဆွဲရန်စီစဉ်ခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းများကို ရေးဆွဲခြင်း အားဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အဓိကဆိပ်ကမ်းဖြစ်သော ရန်ကုန်ဆိပ်ကမ်းအပါအဝင် ပြင်ပဆိပ်ကမ်းများအတွက်ပါ အနာဂါတ်ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အဆိုပါစီမံကိန်း ရေးဆွဲခြင်းအားဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေနှင့် စီးပွားရေးမူဝါဒလမ်းညွှန်ချက်များဖြစ်သည့် NIF ပါ (3.4.9 and 3.6.7)နှင့် MSDP ပါ မဏ္ဍိုင်(၂)၊ ပန်းတိုင်(၃)နှင့် မဟာဗျူဟာ(၃.၆)အရ ဆိပ်ကမ်းလုပ်ငန်းနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု နှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကိုပံ့ပိုးမည့် ဦးစားပေးအခြေခံအဆောက်အဦများ တည်ဆောက် ရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆိပ်ကမ်းစွမ်းဆောင်ရည် မြင့်မားမှုနှင့်အတူ နိုင်ငံ့စီးပွား ရေးအား အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် JICA အထောက်အပံ့ဖြင့် ဆောင်ရွက် မည့် ဤစီမံကိန်းအား အကောင်အထည်ဖော်ခြင်းအားဖြင့် နောက်ထပ်ရေးဆွဲမည့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးမှာလည်း ပိုမိုခိုင်မာကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါသည်။
ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံချက် ရေးဆွဲပြီးပါက မဟာဗျူဟာ စီမံချက်အရ ဆိပ်ကမ်းနေရာသစ်များ၊ ရေနက်ဆိပ်ကမ်းများနှင့် ဆက်စပ်အခြေခံအဆောက် အအုံများ တိုးချဲ့တည်ဆောက်ရာတွင် ပြည်တွင်း/ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများကို ဆွဲဆောင်ဖိတ်ခေါ်နိုင်မည်ဖြစ်သည့်အပြင် စီမံကိန်းကာလအတွင်း နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဗဟုသုတနှင့် နည်းပညာဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ရရှိ ဖလှယ်နိုင်မည်ဖြစ်ပါသည်။
လက်ရှိ စီမံကိန်းဆောင်ရွက်နေမှုမှာ ကနဦး လေ့လာမှုအနေဖြင့် “The Data Collection Survey on Navigation Channel and Port Possibilities in Yangon River” ကို ဆောင်ရွက်ရန်လျာထားသော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရွေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စက်တင်ဘာလအတွင်း Data Collection လုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ အောက်တိုဘာလတွင် Data Report နှင့် နိုဝင်ဘာလတွင် Final Report ထုတ်ပြန်သွားရန် မျှော်မှန်းထားသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်နေမှုအခြေအနေများကြောင့် စီမံကိန်းအား ယာယီရပ်ဆိုင်းထားပါသည်။ အဆိုပါ Survey မှ တွေ့ရှိချက်များအား Formulation of Port Master Plan တွင် ထည့်သွင်းအသုံးပြု သွားမည်ဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေများ ဖြစ်ပွားနေသော် လည်း ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်းနှင့် စပ်လျဉ်း၍ Yangon Port Master Plan အား Mr. Masao Kanno နှင့် မြန်မာဆိပ်ကမ်းအာဏာပိုင်အောက်ရှိ ဌာနအသီးသီး မှ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် ဆွေးနွေးညှိနှိုင်း၍ အောက်ဖော်ပြပါ အဆင့်သုံးဆင့်ဖြင့် လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်–
(က) အဆင့်(၁) လေ့လာသင်ယူခြင်းနှင့် လက်ရှိဆိပ်ကမ်းကဏ္ဍကို သိရှိနားလည် စေခြင်း
(ခ) အဆင့်(၂) Yangon Port Master Plan အတွက် အချက်အလက်များ စုဆောင်းခြင်း၊ သုံးသပ်ခြင်းနှင့်ပြုစုခြင်း
(ဂ) အဆင့်(၃) အတည်ပြုခြင်း (မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) နှင့်ထုတ်ပြန်စေခြင်း
အဆိုပြုစီမံကိန်းက အကောင်အထည်ဖော်မည့် လုပ်ငန်းများအနေဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) Assessing the current state of the port sector
(ခ) Formulation of Myanmar Port Master plan(Target year: 2030)
(ဂ) Pre-feasibility study of Prioritized Port Development Plan(Target year: 2035)
(ဃ) Formulation of Action Plan for Port Operation and Maintenance
(င) Public and Stakeholder Seminar on Yearly Interim Report
ဆိပ်ကမ်းဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းစီမံချက်တစ်ခုဖြစ်၍ Master Plan, Development Plan, Action Plan များ ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပြီး ကာလတို(၂)နှစ်၊ ကာလလတ်(၅)နှစ်၊ ကာလရှည်(၁၀)နှစ်အတွက် ရည်ရွယ်ကာ ပြန်လည်သုံးသပ်/ပြင်ဆင်/ ဖြည့်စွက်ရေးဆွဲခြင်းတို့အား နိုင်ငံတော်/ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ မိတ်ဖက်နိုင်ငံအဖွဲ့ အစည်းများ၏ Grant အထောက်အပံ့ဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။