ဗဟိုပစ္စည်းထိန်းဌာန လုပ်ငန်းတာဝန်များ
အဓိကလုပ်ငန်း တာဝန်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ်သော ပင်မနှင့် အရန်ပစ္စည်းများကို သတ်မှတ်ထားသည့် အမျိုးအစားအလိုက် သတ်မှတ် ထားသည့် အချိန်အတွင်း စျေးနှုန်း အသက်သာဆုံးနှင့် ရရှိရန် ဆောင်ရွက် ပေးရခြင်း ဖြစ်သည်။
ဗဟိုပစ္စည်းထိန်းဌာန၏ လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၂) ပြည်တွင်း/ ပြည်ပမှ ပစ္စည်းများ ဝယ်ယူရေး ဆောင်ရွက်ခြင်း။
(၃) ဌာနပိုင် ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း/ အသုံးပြုရန် ထုတ်ပေးခြင်း။
(၄) လေလံတင်ထုခွဲရောင်းချခြင်း။