စက်မှုအင်ဂျင်နီယာဌာနလုပ်ငန်းဆောင်ရွက်မှုများ
- ဆိပ်ကမ်းလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးအတွက် အဓိကပံ့ပိုးဆောင်ရွက်ပေးခြင်း၊
- ရေကြောင်းပြလုပ်ငန်း၊ သောင်တူးလုပ်ငန်း၊ ဗော်ယာမ/ချလုပ်ငန်း၊ တွဲ/ဆွဲ လုပ်ငန်း၊ ရေချိုပေးရေးလုပ် ငန်း၊ မီးသတ်လုပ်ငန်း စသည့်ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ်ကြီး/ရေယာဉ်ငယ်များ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ရေယာဉ်ငယ်များ အသစ်တည်ဆောက်ခြင်း၊
- ရေကြောင်းပြဗော်ယာများ၊ သင်္ဘောကြိုးချည် ရေလယ်ဗော်ယာများ၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ် တည်ဆောက်ခြင်း၊
- ကုန်သေတ္တာနှင့် အထွေထွေ ကုန်ကိုင်တွယ်သည့် ဝန်ချီစက်များ၊ ဝန်မယာဉ်များနှင့် ဝန်ဆွဲယာဉ်များ ပြု ပြင်ထိန်းသိမ်းခြင်း
- အုပ်ချုပ်မှုသုံး ရေယာဉ်များနှင့် စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း၊
- ရေယာဉ်များ၊ ကုန်ကိုင်တွယ်သည့် စက်ကိရိယာများနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး စက်ကိရိယာများ၏ လျှပ် စစ်နှင့် အီလက်ထရောနစ်သုံး စက်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်း၊
- ဆိပ်ကမ်းတံတားများ၊ လွင်ပြင်များသိုလှောင်ရုံများ၊ ရုံးအဆောက်အဦးများ၏ လျှပ်စစ်ပစ္စည်းများတပ် ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဓာတ်အားတပ်ဆင် ဖြန့်ဖြူးခြင်း၊
- ပြင်ပဆိပ်ကမ်းများရှိ ရေယာဉ်များ၊ စက်ကိရိယာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ၊ ပြုပြင်ထိန်း သိမ်းခြင်း၊
- စက်မဲ့ရေယာဉ်များနှင့် ကုန်တင်တွဲများ စစ်ဆေးခြင်း
- အစိုးရနှင့် ပြင်ပအဖွဲ့အစည်းများမှ အပ်နှံသည့်ရေယာဉ်များ၊ ဗော်ယာများပြုပြင်ခြင်း၊ အသစ်တည် ဆောက်ခြင်း၊
- စက်မှုအင်ဂျင်နီယာဌာန၏ လုပ်ငန်းတာဝန်များကို အောက်ဖော်ပြပါ သင်္ဘောကျင်း (၃)ခုနှင့် ဌာနခွဲ(၃)ခုတို့ ဖြင့် ဆောင်ရွက်လျက်ရှိပါသည်-
- သိမ်ဖြူသင်္ဘောကျင်း
- အံ့ကြီးသင်္ဘောကျင်း
- စက်ဆန်းသင်္ဘောကျင်း
- လျှပ်စစ်ဌာနခွဲ
- စီမံရေးနှင့် လုပ်ငန်းဌာနခွဲ
- ရေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနခွဲ
သိမ်ဖြူသင်္ဘောကျင်း
၁။ တည်နေရာ- အမှတ် (၅၅၉)၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။
၂။ အကျယ်အဝန်း-အလျား (၇၈၀)ပေ၊ အနံ (၆၇၅)ပေ၊ ဧရိယာ (၁၀.၄) ဧက
ဖြစ်စဉ်သမိုင်း
- ၁၉၂၀ ခုနှစ်တွင် ရေဝန်အဖွဲ့၌ ရေယာဉ်နှင့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက် ရာ၌ (work shop)အလုပ်ရုံနှင့် လွန်းကျင်းရှိပြီး Executive Engineer (Mechanical) က တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
- ၁.၁.၁၉၄၆ မှစ၍ စက်မှုအင်ဂျင်နီယာဌာနသည် သီးခြားဌာနတစ်ခုဖြစ်ပေါ်လာပါသည်။ စက်မှုအင်ဂျင် နီယာဌာနတွင် အဖွဲ့ပိုင်ရေယာဉ်များ၊ မော်တော်ယာဉ်များနှင့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရသော သင်္ဘောကျင်းနှင့် လုပ်ငန်းဌာနစိတ်၊ လျှပ်စစ်အင်ဂျင်နီယာဌာနစိတ်၊ ရေယာဉ်စု အင်ဂျင်နီယာဌာနစိတ် နှင့် ဝန်ချီစက်များ ပြုပြင်ထိန်းသိမ်းရေးဌာနစိတ်တို့ ပါဝင်ပါသည်။
- သင်္ဘောကျင်းနှင့် လုပ်ငန်းဌာနစိတ်သည် သိမ်ဖြူသင်္ဘောကျင်း အလုပ်ရုံဖြစ်လာပါသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
- တန်ချိန် (၁၅၀)အထိရှိ ဌာနပိုင်နှင့် ပြင်ပအဖွဲ့အစည်းများမှာ ရေယာဉ်များ လွန်းတင်ပြင်ဆင်ခြင်း၊
- သင်္ဘောကြီး ကြိုးချည်ဗော်ယာနှင့် ရေကြောင်းလမ်းညွှန်မီးပြ ဗော်ယာများကို စစ်ဆေးပြင်ဆင်ပေးခြင်း၊ အသစ်တည်ဆောက်ခြင်း၊
- ကုန်ကိုင်တွယ်သည့်စက်ပစ္စည်းကိရိယာများ၊ အထောက်အကူပြုကိရိယာများကို ပြုပြင်ထိန်းသိမ်းခြင်း၊
- အုပ်ချုပ်မှုသုံး မော်တော်ယာဉ်များနှင့် လုပ်ငန်းသုံး စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း၊
- အောက်စီဂျင်နှင့် အက်စီတလင်းဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း၊
- အစိုးရနှင့် ပုဂ္ဂလိကမှ အပ်နှံလာသော ရေယာဉ် (လတ်/ငယ်)များ၊ ကုန်ရေယာဉ်များ၊ ဗော်ယာများ အသစ်တည်ဆောက်ပေးခြင်း
လွန်းကျင်းလျှောလမ်းများ
လျှောလမ်း အမှတ်စဉ် |
လျှောလမ်းအရွယ်အစား |
လွန်းတင်နိုင်သောအရွယ်အစား |
အလျား |
အနံ |
ေရစူး |
တန်ချိန် |
ရေယာဉ်အတိုင်းအတာ |
မီတာ |
ပေ |
မီ တာ |
ပေ |
မီ တာ |
ပေ |
အလျား |
အနံ |
ရေစူး |
၁။ |
၂၄.၄ |
၈၀.၀၃ |
၆.၀ |
၁၉.၆၈ |
၁.၂ |
၃.၉၄ |
၁၅၀ |
၁၂၀’ |
၃၀’ |
၃.၉၄’ |
၄။ |
၃၆.၅ |
၁၁၉.၇၂ |
၈.၀ |
၂၆.၂၄ |
၁.၁၅ |
၄.၉၂ |
၁၅၀ |
၁၈၀’ |
၃၈’ |
၄.၉၂’ |
၅။ |
၁၄.ဝ |
၄၅.၉၂ |
၃.၇ |
၁၂.၁၄ |
၁.၀ |
၃.၂၈ |
၂၅ |
၅၀’ |
၁၄’ |
၃.၂၈’ |
၆။ |
၂၉.၃ |
၉၆.၁၀ |
၈.၂ |
၂၆.၉၀ |
၁.၅ |
၄.၉၂ |
၁၅၀ |
၉၀’ |
၂၅’ |
၄.၉၂’ |
ဓာတ်ငွေ့ထုတ်စက်ရုံ
- အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်စက်ရုံ
အမျိုးအစား – SCP – 50
စက်ထုတ်လုပ်သူ – L’AIR LIQUIDE, FRANCE
ထုတ်လုပ်မှုစွမ်းအား – တစ်နာရီလျှင် ၅၀ ကုဗမီတာ
တည်ဆောက်ပြီးစီးသည့်ခုနှစ် – ၁၉၈၆ ခုနှစ်
အမျိုးအစား – 925
စက်ထုတ်လုပ်သူ – REXARC INTERNATIONAL USA
ထုတ်လုပ်မှုစွမ်းအား – တစ်နာရီလျှင် ၂၅ ကုဗမီတာ
တည်ဆောက်ပြီးစီးသည့်ခုနှစ် – ၁၉၈၆ ခုနှစ်
အံ့ကြီးသင်္ဘောကျင်း
၁။ တည်နေရာ – အံ့ကြီး၊ ဒလမြို့နယ်
၂။ အကျယ်အဝန်း – အလျား(၉၀၀) ပေ၊ အနံ (၇၀၀) ပေ၊ ဧရိယာ (၁၅) ဧက
ဖြစ်စဉ်သမိုင်း
- ဘုံဘေဘားမားကုမ္ပဏီပိုင် သင်္ဘောကျင်းဖြစ်သည်။
- ၁.၄.၁၉၆၆ ရက်နေ့တွင် ဘုံဘေဘားမားကုမ္ပဏီမှ ကြွေထည်မြေထည်လုပ်ငန်းအဖွဲ့သို့ လွှဲပြောင်းပေး သည်။
- ၁.၁၀.၁၉၆၆ ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနက လွှဲပြောင်းလက်ခံ သည်။
- ၁၆.၁၂.၁၉၆၈ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ အောက်ရောက်ရှိခဲ့ပြီး စက်မှုအင်ဂျင်နီ ယာဌာန၏ ဌာနခွဲသင်္ဘောကျင်းဖြစ်လာပါသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
- ဌာနပိုင်နှင့် ပြင်ပအဖွဲ့အစည်းများမှ တန်ချိန် (၁၅၀) အထိရှိသော ရေယာဉ်ငယ်များကို လွန်းတင်ပြင် ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊
- ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ပင်လယ်ကူးသင်္ဘောကြီးများ၏ အရေးပေါ်ရေပေါ်ပြင်ဆင်မှု လုပ်ငန်းတို့ကို တာဝန်ယူဆောင်ရွက်ခြင်း၊
- အစိုးရဌာနနှင့်ပြင်ပမှ အပ်နှံလာသော ရေယာဉ် (လက်/ငယ်)များ၊ ကုန်တင်တွဲများ အသစ်တည် ဆောက်ခြင်း
လျှောလမ်း အမှတ်စဉ် |
လျှောလမ်းအရွယ်အစား |
လွန်းတင်နိုင်သောအရွယ်အစား |
အလျား |
အနံ |
ေရစူး |
တန်ချိန် |
ရေယာဉ်အတိုင်းအတာ |
မီတာ |
ပေ |
မီ တာ |
ပေ |
မီ တာ |
ပေ |
အလျား |
အနံ |
ရေစူး |
၁။ |
၁၆.၈ |
၅၅.၁၁ |
၄.၀ |
၁၃.၁၂ |
၁.၀ |
၃.၂၈ |
၃၀ |
၂၀’ |
၁၅’ |
၃.၂၈’ |
၂။ |
၁၆.၈ |
၅၅.၁၁ |
၄.၀ |
၁၃.၁၂ |
၁.၀ |
၃.၂၈ |
၃၀ |
၂၀’ |
၁၅’ |
၃.၂၈’ |
၃။ |
၃၀.၅ |
၁၀၀.၀၄ |
၅.၅ |
၁၈.၀၄ |
၅.၅ |
၃.၂၈ |
၁၀၀ |
၁၀၀’ |
၃၀’ |
၃.၂၈’ |
၄။ |
၃၀.၅ |
၁၀၀.၀၄ |
၆.၀ |
၁၉.၆၈ |
၆.၀ |
၄.၉၂ |
၁၅၀ |
၁၈၀’ |
၃၂’ |
၄.၉၂’ |
လွန်းကျင်းလျှောလမ်းများ
စက်ဆန်းသင်္ဘောကျင်း
၁။ တည်နေရာ – အမှတ် – ၅၇၈၊ အထက်ပုစွန်တောင်လမ်း(စက်ဆန်း)၊ မင်္ဂလာတောင်ညွှန့်မြို့နယ်
၂။ အကျယ်အဝန်း – အလျား(၇၇၀)ပေ၊ အနံ (၃၆၉)ပေ၊ ဧရိယာ (၆.၁၃၄) ဧက
ဖြစ်စဉ်သမိုင်း
- မူလက မစ္စတာအာရ်အာရ်ခန်းဆိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်ပိုင်ခန်း ရေလုံသင်္ဘောကျင်းဖြစ်သည်။
- ၁၅.၇.၆၄ ရက်နေ့တွင် မူလပိုင်ရှင်ထံမှ တန်ဘိုးငွေကျပ် ၁၄၅၄၉၆.၂၅ ဖြင့် ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ် ရေးအဖွဲ့မှ ရယူခဲ့ပြီး စက်မှုအင်ဂျင်နီယာဌာန၏ သင်္ဘောကျင်းဖြစ်ခဲ့ပါသည်။
- ၁.၆.၉၀ ရက်နေ့တွင် တပ်မတော်(ရေ)သို့ လွှဲပြောင်းပေးခဲ့ပါသည်။
- ၉.၈.၂၀၀၂ ရက်နေ့တွင် တပ်မတော်(ရေ) ထံမှ ပြန်လည်လွှဲပြောင်းလက်ခံယူခဲ့ပြီး စက်မှုအင်ဂျင်နီယာ ဌာန၏ သင်္ဘောကျင်းဖြစ်လာပါသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေယာဉ်ကြီးများဖြစ်ကြသည့် သောင်တူးရေယာဉ်၊ ရေကြောင်းပြရေ ယာဉ်၊ ဗော်ယာ မ/ချ ရေယာဉ်များနှင့် တွဲ/ဆွဲ ရေယာဉ်များကို လွန်းတင်၍ ကိုယ်ထည်နှင့် စက်ကိရိယာ ဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ခြင်း၊
- ရေယာဉ်ကြီးများ၏ ရေပေါ်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း
- အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများ၏ ရေယာဉ်များ လွန်းတင်ပြင်ဆင်ခြင်း၊
ရေလုံသင်္ဘောကျင်း
- ရေလုံသင်္ဘောကျင်းအတိုင်းအတာ – အလျား(၂၄၃)ပေ၊ အနံ (၅၈)ပေ၊ စောက်(၁၆ ပေ၊ ၆
လက်မ)
- လွန်းတင်ပေးနိုင်သည့် – အလျား(၂၂၅)ပေ၊ အနံ (၄၆)ပေ၊ ရေစူး(၁၃)ပေ၊ တန်
ရေယာဉ်အရွယ်အစား ချိန်(၁၄၀၀)တန်
လျှပ်စစ်ဌာနခွဲ
လုပ်ငန်းဆောင်ရွက်ချက်များ
- ဌာနပိုင်ရေယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်ကိုင်တွယ်သည့်စက်ပစ္စည်း ကိရိယာများ၊ ပြုပြင်ထိန်းသိမ်းခြင်း
- ဆိပ်ကမ်းတံတားများ၊ သိုလှောင်ရုံများနှင့် အဆောက်အဦးများ၏ လျှပ်စစ်ဆိုင်ရာပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
- အီလက်ထရောနစ်သုံး ပစ္စည်းကိရိယာများ၏ ပြုပြင်မွမ်းမံထိန်းသိမ်းမှု လုပ်ငန်းများကို တာဝန်ယူဆောင် ရွက်ရခြင်း၊
- ကုန်လုပ်ငန်းဌာနတွင် လုပ်ဆောင်နေသော ကုန်တင်ကုန်ချလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင် နိုင်ရေးအတွက် လျှပ်စစ်ကိရိယာများကို (၂၄)နာရီပတ်လုံးထိန်းသိမ်း စောင့်ရှောက်ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ရပါသည်။
စီမံရေးနှင့်လုပ်ငန်းဌာနခွဲ
လုပ်ငန်းဆောင်ရွက်ချက်များ
- စက်မှုအင်ဂျင်နီယာဌာန၏ စီမံရေးရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊
- စက်မှုအင်ဂျင်နီယာဌာန တစ်ခုလုံး၏ အထွေထွေအုပ်ချုပ်ရေးနှင့် ပတ်သက်သော အုပ်ချုပ်မှုလုပ်ငန်း များကို ဆောင်ရွက်ခြင်း၊ စက်မှုအင်ဂျင်နီယာဌာန၏ လုပ်ငန်းဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက်ခြင်း၊
- စက်မှုအင်ဂျင်နီယာဌာနရှိ ဌာနခွဲများနှင့် သင်္ဘောကျင်းများအတွက် လိုအပ်သောပစ္စည်း ကိရိယာများ အားမှာယူခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း
ရေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနခွဲ
လုပ်ငန်းဆောင်ရွက်ချက်များ
- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ရေယာဉ်ကြီး/ငယ်များ၏ စက်ပိုင်းဆိုင်ရာစစ်ဆေးခြင်းနှင့် ပုံမှန်မွမ်းမံ ထိန်းသိမ်းခြင်း၊
- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ရေယာဉ်ကြီး/ငယ်များအတွက် လိုအပ်သော စက်အရန်ပစ္စည်းမှာကြား ခြင်း၊ လိုအပ်ချက်များပြုစုခြင်း၊
သတင်းနှင့်ကြေညာချက်များ
သင်္ဘောပြင်ဆင်ခြင်းနှင့် သက်ဆိုင်သော သတင်းကြေငြာချက်များကို စက်မှုအင်ဂျင်နီယာဌာနမှ လစဉ် ထုတ်ပြန်ကြေငြာပေးလျက်ရှိပါသည်။