MPA Logo

new banner

ဌာနအလိုက် လုပ်ငန်းတာဝန်များ 

(က)    လုပ်ငန်းတိုးတက်မှု ညှိနှိုင်းရေးဌာနခွဲ

(၁)  ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ဆိပ်ကမ်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ၊ စီမံကိန်းလုပ်ငန်း ဆိုင်ရာ၊ ချေးငွေ/ အထောက်အပံ့ ရယူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံချက်များ ရေးဆွဲခြင်းနှင့် အဆင်ပြေချောမွေ့စေရန် ပံ့ပိုးပေးခြင်းနှင့် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖေါ်ခြင်း။

(၂)   စီးပွားရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖလှယ်နိုင်ရေးတို့အတွက် Bilateral နှင့် Multilateral နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ပံ့ပိုးပေးခြင်းနှင့် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖေါ်ခြင်း။

(၃)  ဒေသတွင်းနှင့် နိုင်ငံတကာ ဆိပ်ကမ်းလုပ်ငန်းများနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တွင်လည်းကောင်း၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် လည်းကောင်း၊ ဆက်သွယ်ဆက် ဆံမှု ပိုမိုတိုးတက်ကောင်းမွန်၍ ဝင်ဆံ့နိုင်ရေး ပံပိုးစီမံဆောင်ရွက်ခြင်း။

(၄)  အာဆီယံနှင့် နိုင်ငံတကာအဆင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ပံ့ပိုးတာဝန်ခံ စီမံဆောင်ရွက်ပေး ခြင်း။

(၅)  ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်မြှင့်မားစေရေးအတွက် ပြည်တွင်း ပြည်ပ Human Resource Development ဆိုင်ရာသင်တန်းများနှင့် Knowledge & Technical Sharing သင်တန်းများသို့ တာဝန်ခံ ရွေးချယ်စေလွှတ်ပေးခြင်း။

(၆)  Port Operation, Management နှင့် Sustainable Development အတွက် အထောက်အပံ့ဖြစ်စေမည့် ဌာနတွင်း သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ်သင်ကြား ပို့ချပေးခြင်း။

(၇)  ဆိပ်ကမ်းလုပ်ငန်းများ စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်၍ ဒေသတွင်း ယှဥ် ပြိုင်နိုင်စွမ်း မြှင့်မားလာစေရေးအတွက် မူဝါဒများ၊ စီးပွားရေးနှင့် စျေး ကွက်ဆိုင်ရာ မဟာဗျူဟာနှင့် နည်းဗျူဟာများ အထောက်အပံ့ပေး နိုင်ရေးအတွက် နိုင်ငံတကာအခြေအနေများအား အစဥ်တစိုက် လေ့လာ သုံးသပ်ြခင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဂ)     သတင်းအချက်အလက် နည်းပညာဌာန

(၁)   သတင်းအချက်အလက်နည်းပညာအား Key Driver တစ်ခုအဖြစ် ထိရောက်အကျိုးရှိ စွာ အသုံးချ၍ Port Operation နှင့် Management လုပ်ငန်းများ ပိုမိုမှန်ကန်မြန်ဆန် သွက်လက်စေရန် ပံ့ပိုးတာဝန်ခံ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း။

(၂)    သတင်းအချက်အလက် စီမံခန့်ခွဲခြင်းဆိုင်ရာ အထောက်အကူပြု Software/ Applications များအား ဌာနတွင်း ဝန်ထမ်းများနှင့်  ပြည်တွင်း/ပြည်ပမှ နည်းပညာ ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီ/ အထောက်အပံ့/ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲဆောင်ရွက်ခြင်း။

(၃)   ဆိပ်ကမ်းလုပ်ငန်းတစ်ခုလုံး ချိတ်ဆက်အသုံးပြုနိုင်မည့် Integrated Online System တစ်ခုတည်ဆောက်နိုင်ရန် စီမံဆောင်ရွက်ခြင်းနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများအကြား ချိတ်ဆက်၍ ပူးပေါင်းဝန်ဆောင်မှုပေးနိုင်ရန်နှင့် အချက်အလက် များဖလှယ်/ရယူနိုင် မည့် National Single Window စနစ်တွင် ပူးပေါင်းပါဝင်နိုင်ရေး အတွက် ပံ့ပိုးတာဝန်ခံဆောင်ရွက်ခြင်း။

(၄)   အချက်အလက်များအား စုစည်း၍ စာရင်းအင်းဆိုင်ရာ တွက်ချက်လေ့လာသုံးသပ် ခြင်း(Statistical Data Analyses)များ ဆောင်ရွက်၍ တွေ့ရှိချက်/ခန့်မှန်းချက်များ အား တင်ပြအစီရင်ခံခြင်း။

(၅)   ကွန်ယက်နှင့် စနစ်အင်ဂျင်နီယာ (Network & System Engineer) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

(၆)   ချိတ်ဆက်အသုံးပြုလျက်ရှိသည့် ကွန်ယက်စနစ်များ (Network)နှင့် Hardware/ Software များဖြင့် လုပ်ငန်းလည်ပတ်ခြင်း(Operation) နှင့် ပြုပြင်ထိန်းသိမ်းခြင်း (Maintenance)၊ အဆင့်မြှင့်တင်ခြင်း (Upgrading) လုပ်ငန်းများဆောင်ရွက်ပေးခြင်း။

ဗဟိုပစ္စည်းထိန်းဌာန လုပ်ငန်းတာဝန်များ 

အဓိကလုပ်ငန်း တာဝန်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းဆောင်တာများအတွက်  လိုအပ်သော ပင်မနှင့် အရန်ပစ္စည်းများကို သတ်မှတ်ထားသည့် အမျိုးအစားအလိုက်  သတ်မှတ် ထားသည့် အချိန်အတွင်း စျေးနှုန်း အသက်သာဆုံးနှင့် ရရှိရန် ဆောင်ရွက် ပေးရခြင်း ဖြစ်သည်။

ဗဟိုပစ္စည်းထိန်းဌာန၏ လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)       အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၂)       ပြည်တွင်း/ ပြည်ပမှ ပစ္စည်းများ ဝယ်ယူရေး ဆောင်ရွက်ခြင်း။

(၃)       ဌာနပိုင် ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း/ အသုံးပြုရန် ထုတ်ပေးခြင်း။

(၄)       လေလံတင်ထုခွဲရောင်းချခြင်း။

လုပ်သားရေးရာဌာန၏ တာဝန်ဝတ္တရားများ

၁။       မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တစ်ခုလုံး၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

၂။       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တခုလုံးအတွက်  လိုအပ်သော ဝန်ထမ်းများ ရွေးချယ်နေရာချ ထားမှု  လူအင်အား စီမံကိန်းပြုစုမှု၊ ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုတို့ကို ဆောင်ရွက်ခြင်း။

၃။       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဝန်ထမ်းအားလုံးအတွက် လစာနှင့် လုပ်ခစာရင်းများ၊ ခွင့်စာရင်း များ၊ လုပ်သက်မှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်း၊၊

၄။       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဝန်ထမ်းအားလုံးအတွက် အငြိမ်စားခံစားခွင့်များ တွက်ချက် ပေး ခြင်း။

၅။      ဆိပ်ကမ်းအာဏာပိုင်  အလုပ်သမားများကို သယ်ယူပို့ဆောင်ရေးအတွက် ဗဟိုမော်တော်           ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်း Central Motor Transport Pool ကိုဆောင်ရွက်ခြင်း။

၆။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဝန်ထမ်းအားလုံးအတွက်၊  လူမှုဖူလုံရေး၊ အသက်အာမာခံ၊ နေအိမ် အစရှိသည့် သက်သာချောင်ချိရေးလုပ်ငန်းအဝဝကို  ဆောင်ရွက်ပေးခြင်းနှင့် ဝန်ထမ်းရေးရာကိစ္စ အဝဝတွင် အကြံပေးကူညီခြင်း။

၇။       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဝန်ထမ်းအားလုံးအတွက်၊ အလုပ်ခွင်စည်းကမ်းထိန်းသိမ်းရေး၊ အပြစ်ဒဏ်ပေးရေး၊ ရာထူးတိုးမြှင့်ရေးတို့တွင် အခြားဌာနမှူးတို့အား အကြံပေးကူညီ ဆောင် ရွက်ခြင်းနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားရေးအတွက် ပါဝင်ဆောင်ရွက်ခြင်း၊

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စာရင်းဌာန၏တာဝန်ဝတ္တရားများ

စာရင်းဌာနသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စအဝဝကို အောက်ဖော်ပြပါအတိုင်း အပိုင်း(၂)ပိုင်း ခွဲခြားတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏လုပ်ငန်းဆိုင်ရာငွေစာရင်းများ။
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ကိုယ်စားလှယ်ခန့်အပ်သော သင်္ဘောပိုင်ရှင်များ၏ ငွေ စာရင်းများ။

စာရင်းဌာန၏ဖွဲ့စည်းပုံ

                    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်စာရင်းဌာနသို့ အောက်ဖော်ပြပါ ဌာနခွဲ(၄)ခုဖြင့် ဖွဲ့စည်း ထားပါသည်။

  • စီမံကိန်းနှင့်ဘတ်ဂျက်ဌာနခွဲ
  • လယ်ဂျာနှင့်စာရင်းဌာနခွဲ
  • ငွေတောင်းခံလွှာဌာနခွဲ
  • ကိုယ်စားလှယ်စာရင်းဌာနခွဲ

စီမံကိန်းနှင့်ဘက်ဂျက်ဌာနခွဲ

  • နှစ်တိုနှစ်ရှည်စီမံကိန်းများရေးဆွဲခြင်း။
  • နှစ်စဉ်သာမန်ရငွေနှင့်အသုံးစရိတ်၊ ငွေလုံးငွေရင်းရငွေနှင့်အသုံးစရိတ်အတွက် ရသုံးမှန်း ခြေငွေစာရင်းများရေးဆွဲခြင်း၊ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းများတင်ပြဆောင်ရွက်ပေးခြင်း
  • နှစ်ချုပ်စာရင်းများရေးဆွဲခြင်းနှင့် အစီရင်ခံခြင်း။
  • ပုံသေပိုင်ဆိုင်ပစ္စည်းများ၏ တန်ဖိုးလက်ကျန်များတွက်ချက်စာရင်းပြုစုခြင်း။
  • ဆိပ်ကမ်းများနှင့်ပတ်သက်သော ကုန်စည်အမျိုးအစားအလိုက် ကုန်ကိုင်တွယ်မှု့စာရင်း အင်းများ၊ သင်္ဘောအဝင်အထွက်စာရင်းအင်းများ၊ ခရီးသည်ဉီးရေစာရင်းအင်းများ ပြုစု ပေးခြင်း။
  • ပြင်ပဆိပ်ကမ်းများနှင့် ပတ်သက်သောစာရင်းဇယားများ ပြုစုပေးပို့ခြင်း။
  • အစိုးရစာရင်းစစ်အဖွဲ့၏ စစ်ဆေးချက်အစီအရင်ခံစာအပေါ် အရေးယူဆောင်ရွက်ခြင်း။

 

လယ်ဂျာနှင့်စာရင်းဌာနခွဲ

လယ်ဂျာနှင့်စာရင်းဌာနခွဲသည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကိုဆောင်ရွက်

ပါသည်။

  • ရငွေများလက်ခံခြင်း၊ အသုံးစရိတ်များကိုထုတ်ပေးခြင်း၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက် ခြင်း။
  • နိုင်ငံခြား ငွေပေး၊ငွေယူကိစ္စများ ဆောင်ရွက်ခြင်း။
  • ဝင်ငွေနှင့်အသုံးစရိတ်များအား လယ်ဂျာစာရင်းရေးသွင်းထိန်းသိမ်းထားရှိခြင်း။
  • အသုံးစရိတ်ရန်ပုံငွေထိန်းချုပ်စာရင်းများ ထိန်းသိမ်းဆောင်ရွက်ခြင်း။
  • ယာယီစာရင်းလယ်ဂျာနှင့် ပုံသေပိုင်ဆိုင်ပစ္စည်းများ စာရင်းရေးသွင်း ထိန်းသိမ်းထားရှိ ခြင်း။
  • ကြိုတင်ထုတ်ပေးငွေစာရင်းများ ထိန်းသိမ်းဆောင်ရွက်ခြင်း။
  • တန်ဖိုးတွက်စာရင်းများ ပြုစုဆောင်ရွက်ခြင်း။
  • ပြင်ပငွေအပ်လုပ်ငန်းစာရင်းများ ပြုစုထိန်းသိမ်းခြင်း။
  • သိုလှောင်ပစ္စည်းထိန်းချုပ်စာရင်းများ ပြုစုထိန်းသိမ်းဆောင်ရွက်ခြင်း။
  • ပြင်ပဆိပ်ကမ်းများနှင့် ပတ်သက်သော ထိန်းချုပ်လယ်ဂျာစာရင်းများ ပြုစုဆောင်ရွက် ခြင်း။
  • လစဉ်အစမ်းရှင်းတမ်းများပြုစုရေးဆွဲခြင်း၊ စာရင်းညှိနှိုင်းခြင်း၊ မှတ်တမ်းပြုစုထိန်းသိမ်း ထားရှိခြင်း။
  • (၃) လပတ်၊ (၆) လပတ် နှင့် နှစ်ပတ်လည် အကောင်အထည်ဖော်နိုင်မှု အခြေအနေများ ပြုစုတင်ပြခြင်း။
  • အပတ်စဉ်၊ လစဉ် အစီအရင်ခံစာများရေးဆွဲတင်ပြခြင်း။
  • စာရင်းဌာနဝန်ထမ်းများ၏ စီမံရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။

ငွေတောင်းခံလွှာဌာနခွဲ

ငွေတောင်းခံလွှာဌာနခွဲသည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပါ သည်။

  • မြန်မာ့ကြယ်ငါးပွင့် သင်္ဘောများနှင့် ပင်လယ်ကူးသင်္ဘောကြီးများအပေါ်တွင် ကျသင့် သည့် ဆိပ်ကမ်းခွန်၊ ရေကြောင်းပြခ၊ တံတားကပ်ခ၊ ကျောက်စွဲခ၊ သင်္ဘောငှားခ၊ ကုန်တင်/ချခ စသည်တို့ကို တွက်ချက်၍ ငွေတောင်းခံလွှာများထုတ်ပြန်တောင်းခံခြင်း၊ ငွေလက်ခံရရှိမှု့နှင့် ကြွေးကျန်များအား စိစစ်တောင်းခံခြင်း။
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သည့်မြေ၊ အဆောက်အဉီး၊ သိုလှောင်ရုံ၊ ဆိုင်ခန်း စသည်တို့ငှားရမ်းမှု့အတွက် ထုတ်ပြန်ထားသည့်ငွေတောင်းခံလွှာများ၊ ဗော်ယာငှားခ၊ လျှပ်စစ်မီတာခ၊ ရေချိုရောင်းခ အစရှိသောအခြားရရန်ရှိ ဝင်ငွေများအတွက် ထုတ်ပြန် ထားသည့် ငွေတောင်းခံလွှာများအပေါ် ငွေလက်ခံရရှိမှု့နှင့် ကြွေးကျန်များအား စိစစ် တောင်းခံခြင်း။
  • သွင်းကုန်၊ပို့ကုန်များအတွက် ချလံဖြင့် ပေးသွင်းသော အခွန်အခများအား တွက်ချက် စစ်ဆေးခြင်း၊ စာရင်းရေးသွင်းပြုစုခြင်းနှင့် မြီစားလက်ကျန်စာရင်းများ ပြုစုခြင်း။
  • ဆိပ်ကမ်းအခွန်အခ ကြိုတင်ရငွေများ စာရင်းထိန်းသိမ်းဆောင်ရွက်ခြင်း။Port EDI System ရှိသင်္ဘောအဝင်အထွက်များအားသင်္ဘောထွက်ခွာပြီး(3)ရက်အတွင်း Truck Recordများရှိ Data အချက်အလက်များအားစီစစ်ပြီး Register Apply,Approve များဆောင်ရွက်ခြင်း။
  • နေ့စဉ် EDI System သို့ Daily Exchange Rate များထည့်သွင်းပေးခြင်း။

 

ကိုယ်စားလှယ်စာရင်းဌာနခွဲ

                    ကိုယ်စားလှယ်စာရင်းဌာနခွဲသည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကိုဆောင် ရွက်ပါသည်။

  • ပြည်ပရှိနိုင်ငံခြားသင်္ဘောပိုင်ရှင်များမှ Agency Appointment ပေးအပ်ထားသော သင်္ဘောများ  ရန်ကုန်ဆိပ်ကမ်းနှင့်    ပြင်ပဆိပ်ကမ်းများသို့ ဆိုက်ကပ်၍ ကုန်တင်/ချ လုပ်ငန်းများ လုပ်ကိုင်သည့်အတွက် ကြိုတင်ငွေများ လက်ခံခြင်း၊ခရီးစဉ်အလိုက်ကျသင့် သောသင်္ဘော ကုန်ကျစရိတ် ငွေတောင်းခံလွှာများကို စိစစ်၍ သင်္ဘောပိတ်စာရင်း  (Disbursement Account)ရေးဆွဲ မှတ်တမ်းတင်ခြင်းနှင့် ငွေပေးချေခြင်း။
  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းနှင့် ကျပ်ငွေစာရင်းဖွင့်လှစ်ခြင်း။
  • သက်ဆိုင်ရာ Terminal ၊ ဌာနအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသို့သင်္ဘောပိုင်ရှင် ကိုယ်စား သင်္ဘောတစ်စီးချင်းအလိုက် ပိုငွေ/လိုငွေများကို သင်္ဘောပိတ်စာရင်းအရ General Account ဖြင့်ထိန်း သိမ်းပြုစုပြီး သင်္ဘောအသုံးစရိတ် စာရင်းရှင်းတမ်းများကို သင်္ဘော ပိုင်ရှင်များ ထံသို့ပေးပို့ခြင်း။
  • နိုင်ငံခြားသင်္ဘောပိုင်ရှင်များ မှ သင်္ဘောအသုံးစရိတ် ပိုငွေများကိုပြန်လည်တောင်းခံလာ ပါကစိစစ်၍ပြန်လည်ပေးပို့ခြင်း။
  • Port EDI စနစ်ဖြင့်ခရီးစဉ်အလိုက် သင်္ဘောပိတ်စာရင်းများနှင့် သင်္ဘောပိုင်ရှင်ငွေစာရင်း များရေးဆွဲခြင်း။

စက်မှုအင်ဂျင်နီယာဌာနလုပ်ငန်းဆောင်ရွက်မှုများ

  • ဆိပ်ကမ်းလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးအတွက် အဓိကပံ့ပိုးဆောင်ရွက်ပေးခြင်း၊
  • ရေကြောင်းပြလုပ်ငန်း၊ သောင်တူးလုပ်ငန်း၊ ဗော်ယာမ/ချလုပ်ငန်း၊ တွဲ/ဆွဲ လုပ်ငန်း၊ ရေချိုပေးရေးလုပ် ငန်း၊ မီးသတ်လုပ်ငန်း စသည့်ဆိပ်ကမ်းလုပ်ငန်းသုံး           ရေယာဉ်ကြီး/ရေယာဉ်ငယ်များ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ရေယာဉ်ငယ်များ           အသစ်တည်ဆောက်ခြင်း၊
  • ရေကြောင်းပြဗော်ယာများ၊ သင်္ဘောကြိုးချည် ရေလယ်ဗော်ယာများ၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ် တည်ဆောက်ခြင်း၊
  • ကုန်သေတ္တာနှင့် အထွေထွေ ကုန်ကိုင်တွယ်သည့် ဝန်ချီစက်များ၊ ဝန်မယာဉ်များနှင့် ဝန်ဆွဲယာဉ်များ ပြု ပြင်ထိန်းသိမ်းခြင်း
  • အုပ်ချုပ်မှုသုံး ရေယာဉ်များနှင့် စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း၊
  • ရေယာဉ်များ၊ ကုန်ကိုင်တွယ်သည့် စက်ကိရိယာများနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး စက်ကိရိယာများ၏ လျှပ် စစ်နှင့် အီလက်ထရောနစ်သုံး စက်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်း၊
  • ဆိပ်ကမ်းတံတားများ၊ လွင်ပြင်များသိုလှောင်ရုံများ၊ ရုံးအဆောက်အဦးများ၏ လျှပ်စစ်ပစ္စည်းများတပ် ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဓာတ်အားတပ်ဆင် ဖြန့်ဖြူးခြင်း၊
  • ပြင်ပဆိပ်ကမ်းများရှိ ရေယာဉ်များ၊ စက်ကိရိယာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ၊ ပြုပြင်ထိန်း သိမ်းခြင်း၊
  • စက်မဲ့ရေယာဉ်များနှင့် ကုန်တင်တွဲများ စစ်ဆေးခြင်း
  • အစိုးရနှင့် ပြင်ပအဖွဲ့အစည်းများမှ အပ်နှံသည့်ရေယာဉ်များ၊ ဗော်ယာများပြုပြင်ခြင်း၊ အသစ်တည် ဆောက်ခြင်း၊
  • စက်မှုအင်ဂျင်နီယာဌာန၏ လုပ်ငန်းတာဝန်များကို အောက်ဖော်ပြပါ သင်္ဘောကျင်း (၃)ခုနှင့် ဌာနခွဲ(၃)ခုတို့ ဖြင့် ဆောင်ရွက်လျက်ရှိပါသည်-
  • သိမ်ဖြူသင်္ဘောကျင်း
  • အံ့ကြီးသင်္ဘောကျင်း
  • စက်ဆန်းသင်္ဘောကျင်း
  • လျှပ်စစ်ဌာနခွဲ
  • စီမံရေးနှင့် လုပ်ငန်းဌာနခွဲ
  • ရေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနခွဲ

 သိမ်ဖြူသင်္ဘောကျင်း

၁။        တည်နေရာ- အမှတ် (၅၅၉)၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

၂။        အကျယ်အဝန်း-အလျား (၇၈၀)ပေ၊ အနံ (၆၇၅)ပေ၊ ဧရိယာ (၁၀.၄) ဧက

ဖြစ်စဉ်သမိုင်း

  • ၁၉၂၀ ခုနှစ်တွင် ရေဝန်အဖွဲ့၌ ရေယာဉ်နှင့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက် ရာ၌ (work shop)အလုပ်ရုံနှင့် လွန်းကျင်းရှိပြီး Executive Engineer (Mechanical) က တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
  • ၁.၁.၁၉၄၆ မှစ၍ စက်မှုအင်ဂျင်နီယာဌာနသည် သီးခြားဌာနတစ်ခုဖြစ်ပေါ်လာပါသည်။ စက်မှုအင်ဂျင် နီယာဌာနတွင် အဖွဲ့ပိုင်ရေယာဉ်များ၊ မော်တော်ယာဉ်များနှင့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရသော သင်္ဘောကျင်းနှင့် လုပ်ငန်းဌာနစိတ်၊ လျှပ်စစ်အင်ဂျင်နီယာဌာနစိတ်၊ ရေယာဉ်စု အင်ဂျင်နီယာဌာနစိတ် နှင့် ဝန်ချီစက်များ ပြုပြင်ထိန်းသိမ်းရေးဌာနစိတ်တို့ ပါဝင်ပါသည်။
  • သင်္ဘောကျင်းနှင့် လုပ်ငန်းဌာနစိတ်သည် သိမ်ဖြူသင်္ဘောကျင်း အလုပ်ရုံဖြစ်လာပါသည်။

လုပ်ငန်းဆောင်ရွက်ချက်များ

  • တန်ချိန် (၁၅၀)အထိရှိ ဌာနပိုင်နှင့် ပြင်ပအဖွဲ့အစည်းများမှာ ရေယာဉ်များ လွန်းတင်ပြင်ဆင်ခြင်း၊
  • သင်္ဘောကြီး ကြိုးချည်ဗော်ယာနှင့် ရေကြောင်းလမ်းညွှန်မီးပြ ဗော်ယာများကို စစ်ဆေးပြင်ဆင်ပေးခြင်း၊ အသစ်တည်ဆောက်ခြင်း၊
  • ကုန်ကိုင်တွယ်သည့်စက်ပစ္စည်းကိရိယာများ၊ အထောက်အကူပြုကိရိယာများကို           ပြုပြင်ထိန်းသိမ်းခြင်း၊
  • အုပ်ချုပ်မှုသုံး မော်တော်ယာဉ်များနှင့် လုပ်ငန်းသုံး စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း၊
  • အောက်စီဂျင်နှင့် အက်စီတလင်းဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း၊
  • အစိုးရနှင့် ပုဂ္ဂလိကမှ အပ်နှံလာသော ရေယာဉ် (လတ်/ငယ်)များ၊ ကုန်ရေယာဉ်များ၊ ဗော်ယာများ အသစ်တည်ဆောက်ပေးခြင်း

 

လွန်းကျင်းလျှောလမ်းများ

 

လျှောလမ်း အမှတ်စဉ်

လျှောလမ်းအရွယ်အစား လွန်းတင်နိုင်သောအရွယ်အစား
အလျား အနံ ေရစူး တန်ချိန် ရေယာဉ်အတိုင်းအတာ
မီတာ ပေ မီ တာ ပေ မီ တာ ပေ အလျား အနံ ရေစူး
၁။ ၂၄.၄ ၈၀.၀၃ ၆.၀ ၁၉.၆၈ ၁.၂ ၃.၉၄ ၁၅၀ ၁၂၀’ ၃၀’ ၃.၉၄’
၄။ ၃၆.၅ ၁၁၉.၇၂ ၈.၀ ၂၆.၂၄ ၁.၁၅ ၄.၉၂ ၁၅၀ ၁၈၀’ ၃၈’ ၄.၉၂’
၅။ ၁၄.ဝ ၄၅.၉၂ ၃.၇ ၁၂.၁၄ ၁.၀ ၃.၂၈ ၂၅ ၅၀’ ၁၄’ ၃.၂၈’
၆။ ၂၉.၃ ၉၆.၁၀ ၈.၂ ၂၆.၉၀ ၁.၅ ၄.၉၂ ၁၅၀ ၉၀’ ၂၅’ ၄.၉၂’

 

ဓာတ်ငွေ့ထုတ်စက်ရုံ

  • အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်စက်ရုံ

အမျိုးအစား                                     –           SCP – 50

စက်ထုတ်လုပ်သူ                             –           L’AIR LIQUIDE, FRANCE

ထုတ်လုပ်မှုစွမ်းအား                         –           တစ်နာရီလျှင် ၅၀ ကုဗမီတာ

တည်ဆောက်ပြီးစီးသည့်ခုနှစ်                        –           ၁၉၈၆ ခုနှစ်

  • အက်ဆီတလင်းဓာတ်ငွေ့

အမျိုးအစား                –    925

စက်ထုတ်လုပ်သူ            –    REXARC INTERNATIONAL USA

ထုတ်လုပ်မှုစွမ်းအား            –    တစ်နာရီလျှင် ၂၅ ကုဗမီတာ

တည်ဆောက်ပြီးစီးသည့်ခုနှစ်                  –           ၁၉၈၆ ခုနှစ်  

အံ့ကြီးသင်္ဘောကျင်း

၁။        တည်နေရာ       –           အံ့ကြီး၊ ဒလမြို့နယ်

၂။        အကျယ်အဝန်း  –           အလျား(၉၀၀) ပေ၊ အနံ (၇၀၀) ပေ၊ ဧရိယာ (၁၅) ဧက  

ဖြစ်စဉ်သမိုင်း

  • ဘုံဘေဘားမားကုမ္ပဏီပိုင် သင်္ဘောကျင်းဖြစ်သည်။
  • ၁.၄.၁၉၆၆ ရက်နေ့တွင် ဘုံဘေဘားမားကုမ္ပဏီမှ ကြွေထည်မြေထည်လုပ်ငန်းအဖွဲ့သို့ လွှဲပြောင်းပေး သည်။
  • ၁.၁၀.၁၉၆၆ ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနက လွှဲပြောင်းလက်ခံ သည်။
  • ၁၆.၁၂.၁၉၆၈ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ အောက်ရောက်ရှိခဲ့ပြီး စက်မှုအင်ဂျင်နီ ယာဌာန၏ ဌာနခွဲသင်္ဘောကျင်းဖြစ်လာပါသည်။

လုပ်ငန်းဆောင်ရွက်ချက်များ

  • ဌာနပိုင်နှင့် ပြင်ပအဖွဲ့အစည်းများမှ တန်ချိန် (၁၅၀) အထိရှိသော ရေယာဉ်ငယ်များကို လွန်းတင်ပြင်   ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊
  • ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ပင်လယ်ကူးသင်္ဘောကြီးများ၏ အရေးပေါ်ရေပေါ်ပြင်ဆင်မှု လုပ်ငန်းတို့ကို တာဝန်ယူဆောင်ရွက်ခြင်း၊
  • အစိုးရဌာနနှင့်ပြင်ပမှ အပ်နှံလာသော ရေယာဉ် (လက်/ငယ်)များ၊ ကုန်တင်တွဲများ အသစ်တည် ဆောက်ခြင်း

 

 

လျှောလမ်း အမှတ်စဉ် လျှောလမ်းအရွယ်အစား လွန်းတင်နိုင်သောအရွယ်အစား
အလျား အနံ ေရစူး တန်ချိန် ရေယာဉ်အတိုင်းအတာ
မီတာ ပေ မီ တာ ပေ မီ တာ ပေ အလျား အနံ ရေစူး
၁။ ၁၆.၈ ၅၅.၁၁ ၄.၀ ၁၃.၁၂ ၁.၀ ၃.၂၈ ၃၀ ၂၀’ ၁၅’ ၃.၂၈’
၂။ ၁၆.၈ ၅၅.၁၁ ၄.၀ ၁၃.၁၂ ၁.၀ ၃.၂၈ ၃၀ ၂၀’ ၁၅’ ၃.၂၈’
၃။ ၃၀.၅ ၁၀၀.၀၄ ၅.၅ ၁၈.၀၄ ၅.၅ ၃.၂၈ ၁၀၀ ၁၀၀’ ၃၀’ ၃.၂၈’
၄။ ၃၀.၅ ၁၀၀.၀၄ ၆.၀ ၁၉.၆၈ ၆.၀ ၄.၉၂ ၁၅၀ ၁၈၀’ ၃၂’ ၄.၉၂’

လွန်းကျင်းလျှောလမ်းများ  

စက်ဆန်းသင်္ဘောကျင်း

၁။        တည်နေရာ                 –           အမှတ် – ၅၇၈၊ အထက်ပုစွန်တောင်လမ်း(စက်ဆန်း)၊                                                        မင်္ဂလာတောင်ညွှန့်မြို့နယ်

၂။        အကျယ်အဝန်း  –           အလျား(၇၇၀)ပေ၊ အနံ (၃၆၉)ပေ၊ ဧရိယာ (၆.၁၃၄) ဧက

ဖြစ်စဉ်သမိုင်း

  • မူလက မစ္စတာအာရ်အာရ်ခန်းဆိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်ပိုင်ခန်း ရေလုံသင်္ဘောကျင်းဖြစ်သည်။
  • ၁၅.၇.၆၄ ရက်နေ့တွင် မူလပိုင်ရှင်ထံမှ တန်ဘိုးငွေကျပ် ၁၄၅၄၉၆.၂၅ ဖြင့် ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ် ရေးအဖွဲ့မှ ရယူခဲ့ပြီး စက်မှုအင်ဂျင်နီယာဌာန၏ သင်္ဘောကျင်းဖြစ်ခဲ့ပါသည်။
  • ၁.၆.၉၀ ရက်နေ့တွင် တပ်မတော်(ရေ)သို့ လွှဲပြောင်းပေးခဲ့ပါသည်။
  • ၉.၈.၂၀၀၂ ရက်နေ့တွင် တပ်မတော်(ရေ) ထံမှ ပြန်လည်လွှဲပြောင်းလက်ခံယူခဲ့ပြီး စက်မှုအင်ဂျင်နီယာ ဌာန၏ သင်္ဘောကျင်းဖြစ်လာပါသည်။

လုပ်ငန်းဆောင်ရွက်ချက်များ

  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေယာဉ်ကြီးများဖြစ်ကြသည့် သောင်တူးရေယာဉ်၊ ရေကြောင်းပြရေ ယာဉ်၊ ဗော်ယာ မ/ချ ရေယာဉ်များနှင့် တွဲ/ဆွဲ ရေယာဉ်များကို လွန်းတင်၍ ကိုယ်ထည်နှင့်       စက်ကိရိယာ ဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ခြင်း၊
  • ရေယာဉ်ကြီးများ၏ ရေပေါ်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း
  • အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများ၏ ရေယာဉ်များ လွန်းတင်ပြင်ဆင်ခြင်း၊ 

ရေလုံသင်္ဘောကျင်း

  • ရေလုံသင်္ဘောကျင်းအတိုင်းအတာ –           အလျား(၂၄၃)ပေ၊ အနံ (၅၈)ပေ၊ စောက်(၁၆ ပေ၊ ၆

လက်မ)

  • လွန်းတင်ပေးနိုင်သည့် –           အလျား(၂၂၅)ပေ၊ အနံ (၄၆)ပေ၊ ရေစူး(၁၃)ပေ၊ တန်

ရေယာဉ်အရွယ်အစား                                   ချိန်(၁၄၀၀)တန်

 

လျှပ်စစ်ဌာနခွဲ

            လုပ်ငန်းဆောင်ရွက်ချက်များ

  • ဌာနပိုင်ရေယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်ကိုင်တွယ်သည့်စက်ပစ္စည်း ကိရိယာများ၊ ပြုပြင်ထိန်းသိမ်းခြင်း
  • ဆိပ်ကမ်းတံတားများ၊ သိုလှောင်ရုံများနှင့် အဆောက်အဦးများ၏ လျှပ်စစ်ဆိုင်ရာပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
  • အီလက်ထရောနစ်သုံး ပစ္စည်းကိရိယာများ၏ ပြုပြင်မွမ်းမံထိန်းသိမ်းမှု လုပ်ငန်းများကို တာဝန်ယူဆောင် ရွက်ရခြင်း၊
  • ကုန်လုပ်ငန်းဌာနတွင် လုပ်ဆောင်နေသော ကုန်တင်ကုန်ချလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင် နိုင်ရေးအတွက် လျှပ်စစ်ကိရိယာများကို (၂၄)နာရီပတ်လုံးထိန်းသိမ်း စောင့်ရှောက်ပြုပြင်ခြင်းတို့ကို        လုပ်ဆောင်ရပါသည်။

စီမံရေးနှင့်လုပ်ငန်းဌာနခွဲ

            လုပ်ငန်းဆောင်ရွက်ချက်များ

  • စက်မှုအင်ဂျင်နီယာဌာန၏ စီမံရေးရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊
  • စက်မှုအင်ဂျင်နီယာဌာန တစ်ခုလုံး၏ အထွေထွေအုပ်ချုပ်ရေးနှင့် ပတ်သက်သော အုပ်ချုပ်မှုလုပ်ငန်း များကို ဆောင်ရွက်ခြင်း၊ စက်မှုအင်ဂျင်နီယာဌာန၏ လုပ်ငန်းဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း          များကို ဆောင်ရွက်ခြင်း၊
  • စက်မှုအင်ဂျင်နီယာဌာနရှိ ဌာနခွဲများနှင့် သင်္ဘောကျင်းများအတွက် လိုအပ်သောပစ္စည်း ကိရိယာများ အားမှာယူခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း  

ရေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနခွဲ

လုပ်ငန်းဆောင်ရွက်ချက်များ

  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ရေယာဉ်ကြီး/ငယ်များ၏ စက်ပိုင်းဆိုင်ရာစစ်ဆေးခြင်းနှင့် ပုံမှန်မွမ်းမံ     ထိန်းသိမ်းခြင်း၊
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ရေယာဉ်ကြီး/ငယ်များအတွက် လိုအပ်သော စက်အရန်ပစ္စည်းမှာကြား ခြင်း၊ လိုအပ်ချက်များပြုစုခြင်း၊

သတင်းနှင့်ကြေညာချက်များ

သင်္ဘောပြင်ဆင်ခြင်းနှင့် သက်ဆိုင်သော သတင်းကြေငြာချက်များကို စက်မှုအင်ဂျင်နီယာဌာနမှ လစဉ် ထုတ်ပြန်ကြေငြာပေးလျက်ရှိပါသည်။

မြို့ပြအင်ဂျင်နီယာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

တာဝန်နှင့် ဝတ္တရားများ

မြို့ပြအင်ဂျင်နီယာဌာနသည် ဆိပ်ခံတံတားများ ဖောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်း၊ အထိန်းနံရံများ၊ အဆောက်အဦများနှင့် အခြားမြို့ပြအခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးပါသည်။

ပြုပြင်ထိန်းသိမ်းရေးဌာန

ပြုပြင်ထိန်းသိမ်းရေးဌာနခွဲသည် ဆိပ်ခံတံတားများ၊ ဆိပ်ခံတံတားများ၊ ချော်လမ်းများ၊ ရုံးများ၊ ဂိုဒေါင်များ၊ ဂိုဒေါင်များ၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အဆောက်အဦများ၊ လေ့ကျင့်ရေးနံရံများပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးပါသည်။

ဆောက်လုပ်ရေးဌာနခွဲ

ဆောက်လုပ်ရေးဌာနသည် ငွေလုံးငွေရင်းလုပ်ငန်းနှင့် အသေးစားလုပ်ငန်းကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်

လုပ်ငန်းဌာနခွဲ

လုပ်ငန်းဌာနသည် ရေရှည်နှင့် ရေတိုမြို့ပြအင်ဂျင်နီယာပရောဂျက်များ၊ အသေးစားလုပ်ငန်း၊ ပြင်ပအလုပ်များ ကို ဆောက်လုပ်ရန် တာဝန်ရှိသည်။

ပို့ကုန်ဌာနခွဲ

ဆိပ်ကမ်းဌာနသည် အဆောက်အဦ ၈ ခု၏ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းနှင့် အသစ်ပြန်လည်ပြုပြင်ပြန် လည်ပြင်ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပါသည်။

 စီမံကိန်းနှင့်စီမံခန့်ခွဲရေးဌာနခွဲ

စီမံကိန်းနှင့် စီမံခန့်ခွဲရေးဌာနခွဲသည် ရေရှည်နှင့် ရေတိုစီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော အချက်အလက်များကို စုဆောင်းခြင်း၊ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများကို စစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ခန့်မှန်းဘတ်ဂျက်၊ စီမံကိန်းများရေးဆွဲခြင်းနှင့် မြို့ပြအင်ဂျင်နီယာ၏ အမြင်နှင့် အကြံပြုချက်များ၊ မှတ်ချက်များ ပါရှိသည်။

မြေတိုင်းဌာနခွဲ

မြေတိုင်းဌာနခွဲသည် ရေအားလျှပ်စစ်စစ်တမ်း၊ ဆိပ်ကမ်းကန့်သတ်ချက်အတွင်း မြေတိုင်းခြင်းလုပ်ငန်းနှင့် ရေကြောင်းပြဗိုင်းယာ၏တည်နေရာတို့ကို တာဝန်ယူလုပ်ဆောင်ပါသည်။

သောင်တူးဌာနခွဲ

သောင်တူးဌာနသည် ဆိပ်ခံတံတားအရှေ့ဘက်နှင့် ဆိပ်ကမ်းတံတားဧရိယာများ၏ သောင်တူးခြင်းလုပ်ငန်း များကို စီမံခန့်ခွဲခြင်းနှင့် လည်ပတ်ခြင်းလုပ်ငန်းကို တာဝန်ယူပါသည်။

ရေကြောင်းဌာနလုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းဌာန၏ လုပ်ငန်းတာ၀န်များ

ဆိပ်ကမ်းနယ်နိမိတ်အတွင်း ဝင်/ထွက်သွားလာကြသည့် ရေယာဥ်များအတွက် ရေပြင်တွင် ဆောင်ရွက်ပေးရန်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။ ဆိပ်ကမ်း နယ်နိမိတ်အတွင်း   ရေယာဥ်များ စနစ်တကျ သွားလာစေရေး  ဘေးအန္တရာယ် ကင်းရှင်း ရေးတို့အတွက် လိုအပ်သည့် စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်ခြင်း၊ ထုတ်ပြန်ထားသည့် ဥပဒေစည်း မျဥ်းများကိုလိုက်နာဆောင်ရွက်စေရေးအတွက်ကြပ်မတ်ထိန်းသိမ်းပေးခြင်း။

ရေကြောင်းပြဝန်ဆောင်မှု

 

  • ရန်ကုန်ဆိပ်ကမ်းအတွင်းဝင်/ထွက်သည့်ရေယာဥ်ကြီးများ ဘေးအန္တရာယ် ကင်းရှင်းစွာသွား လာနိုင်ရေးအတွက်ရေကြောင်းပြ စီမံဆောင်ရွက် ပေးသည့် ဝန်ဆောင်မှု ဖြစ်ပါသည်။
    ရေလမ်းကြောင်းအထောက်အကူပြုပစ္စည်းများစီမံဆောင်ရွက်ပေးခြင်းရေလမ်းကြောင်းအထောက်အကူပြုမီးဗော်ယာများ၊ရေလမ်းကြောင်းပြဗော်ယာများ၊အန္တရာယ်ပြဗော်ယာများ၊လမ်းကြောင်းပြအမှတ်သားများစီမံချထားပေးခြင်း။
  • မြန်မာ့ပင်လယ်ပြင်နှင့်မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တည်ဆောက်ထားရှိ သည့် မီးပြ တိုက်/ မီးပြလှေများဖြင့်ကြောင်းလမ်းညွှန်မှုပေးခြင်း။ကျောက်စွဲ၀န်ဆောင်မှုသင်္ဘောချည်ဗော်ယာကြီးများချထားပေးခြင်း။
  • သင်္ဘောချည် ဗော်ယာကြီးများတွင် သင်္ဘောကြီးများ ချည်နှောင်ရာ၌ ကျောက်စွဲလုပ်သားများ အကူအညီပေးချည်နှောင်ခြင်း။ရေလမ်းကြောင်းဆိုင်ရာအချက်ပြမီးဗော်ယာများချထားပေးခြင်း။
    ရေငုပ်နှင့် အမြုပ်ဆယ်ယူရေး၀န်ဆောင်မှုရေလမ်းကြောင်းအတွင်း နစ်မြုပ်သည့်အတွက် ရေယာဥ် များသွားလာမှုအနှောင့် အယှက်ဖြစ်စေသည့် ရေယာဥ်နှင့်ပစ္စည်းများကို ဖယ်ရှားရှင်းလင်း နိုင်ရန်ဆောင်ရွက်ခြင်း။
    ရေယာဥ်ကြီးများ တောင်းခံလာသည့် ရေငုပ်စစ်ဆေးမှုများအတွက် ရေငုပ်စစ်ဆေး ဆောင်ရွက် ပေးခြင်း။
    ချထားပေးသည့် ရေလမ်းကြောင်း အထောက်အကူပြုပစ္စည်းများ နစ်မြုပ်ပါက ပြန်လည်ရှာဖွေ ဆယ်ယူပေးခြင်း။

တွန်းရေယာဥ်/တွဲဆွဲရေယာဥ်၀န်ဆောင်မှု
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင်ရှိသည့်    တွန်းရေယာဥ်များဖြင့်    ဆိပ်ကမ်းသို့    ၀င်ရောက်လာသော           ရေယာဥ်ကြီးများ အန္တရာယ်ကင်းရှင်းစွာ လှည့်ပတ်လှုပ်ရှား ဆိုက်ကပ်နိုင်ရေးအတွက် ကူညီ ဆောင်ရွက် ပေးခြင်း။
အရေးပေါ်တွဲဆွဲပေးရန်အကူအညီတောင်းခံလာပါကဆောင်ရွက်ပေးခြင်း။
ရေကြောင်းတစ်လျှောက် စောင့်ရှောက်လိုက်ပါပေးရန် တောင်းခံလာပါက ဆောင်ရွက် ပေးခြင်း။
မီးသတ်ကိရိယာများပါရှိသော (Tug Boat)များဖြင့် ရေပြင်ဘက်မှမီးသတ်အကူအညီပေးခြင်း။

သယ်ယူပို့ဆောင်ရေး၀န်ဆောင်မှု
ရေယာဥ်ကြီးများတောင်းခံလာသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခြင်း။
မိမိဌာနအတွက်လိုအပ်သည့် သယ်ယူပို့ဆောင်ရေး တိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း။
ဆိပ်ကမ်းနယ်နိမိတ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက်ထိန်းသိမ်း‌ဆောင် ရွက်ပေးခြင်း။
ဆိပ်ကမ်းနယ်နိမိတ်အတွင်း ရှိရေလမ်းကြောင်း အသုံးပြုသွား လာနေသည့် ရေယာဥ်ကြီးများ ဖြတ်သန်း သွားလာနိုင်သည့်  ရေလမ်းကြောင်းအကျယ်နှင့်  အနက်ကိုထိန်းသိမ်းထားနိုင်ရန် မြို့ပြအင်ဂျင်နီယာဌာန၏ သောင်တူးဌာနခွဲနှင်ပေါင်းစပ်ညှိနှိုင်းပြီး ရေလမ်းကြောင်း သောင်တူး ဖော်သည့်လုပ်ငန်းဆောင်ရွက်ပေးခြင်း။

ရေချိုဖြည့်ဆည်းပေးခြင်း။
ရေယာဥ်ကြီးများမှရေချိုတောင်းခံလာပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ရေတွဲများဖြင့် ရေချိုဖြည့်တင်းပေးခြင်း။

ဆက်သွယ်ရေး၀န်ဆောင်မှု
ရေကြောင်းဌာနဆက်သွယ်ရေးဌာနစုမှ ၂၄နာရီ ဆက် သွယ်ရေး တာ၀န် ချထားပြီး ရေယာဥ်ကြီးများ နှင့် လုပ်ငန်းတာ၀န်ထမ်းဆောင် နေသည့်မိမိ ရေယာဥ်များ ဆက်သွယ်မှုများ ကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ပေးခြင်း။

 ကိုယ်စားလှယ်လုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်များ

–    သင်္ဘောကိုယ်စားလှယ်အဖြစ်တရားဝင်လက်ခံရရှိခြင်း
–    သင်္ဘောအသုံးစရိတ်အား ခန့်မှန်းတွက်ချက်၍ သင်္ဘောပိုင်ရှင်/ငှားရမ်းသူအားကြိုတင်တောင်းခံရခြင်း
–    သင်္ဘောဝင်ရောက်ရေး ရေကြောင်းပြရရှိရန် ဆောင်ရွက်ပေးရခြင်း
–    ဆိပ်ကမ်းတံတား နေရာရရှိရေး ဆောင်ရွက်ပေးရခြင်း
–    သွင်းကုန်/ပို့ကုန်များအား ဆိပ်ကမ်းအတွင်း ကုန်ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်သည်များ စီစဥ်ပေးရခြင်း
–    ဆိပ်ကမ်းတွင် ဆိုက်ကပ်စဥ် သင်္ဘော၏လိုအပ်ချက်များရှိပါက ထောက်ပံ့ဖြည့်ဆည်းပေးရခြင်း
–    ကုန်ထုတ်ခွင့်အမိန့် ထုတ်ပေးခြင်း
–    သင်္ဘောထွက်ခွာခွင့်လက်မှတ် ရရှိရေး စီစဥ်ဆောင်ရွက်ပေးရခြင်း

ကိုယ်စားလှယ်လုပ်ငန်းဌာန၏ အခြားသောဝန်ဆောင်မှုများ

–    ဆီဆိုးစွန့်ပစ်ပေးရခြင်း
–    ရေဆိုးစွန့်ပစ်ပေးရခြင်း
–    အမှိုက်စွန့်ပစ်ပေးရခြင်း
–    ရေချိုဖြည့်တင်းပေးရခြင်း
–    အစားအသောက်/ရိက္ခာဖြည့်တင်းပေးရခြင်း
–    ကြမ်းခင်းဖြည့်တင်းပေးရခြင်း
–    စက်သုံးဆီ/ဒီဇယ်ဆီဖြည့်တင်းပေးရခြင်း
–    သင်္ဘောပြုပြင်ခြင်းဆိုင်ရာ ကိစ္စများ စီစဥ်ဆောင်ရွက်ပေးရခြင်း
–    သင်္ဘောသား အတက်/အဆင်း ကိစ္စဆောင်ရွက်ပေးရခြင်း

သင်္ဘောမရောက်ရှိမီ ကြိုတင်ဆောင်ရွက်ချက်များ

–    သင်္ဘော၏ Master ထံမှ ETA ရယူခြင်း
–    သင်္ဘောအသုံးစရိတ်လက်ခံရရှိမှု ရှိ/မရှိ စစ်ဆေးခြင်း
–    ကုန်တင်ခြင်း ကုန်ချခြင်းအတွက် တင်ဒါ Notice ရရှိမှု
–    Berthing list တွင် ကြေငြာထားခြင်း
–    သင်္ဘော၏ ရေကြောင်းဘက်ဆိုင်ရာ စာရွက်စာတမ်းများ ရရှိမှု/ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်း
–    ကုန်တင်သွင်းသူ/ ကုန်ပို့သူနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ ရရှိမှု/ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်း
–    သင်္ဘောဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်နိုင်ရန် စီစဥ်ပေးရခြင်း

သင်္ဘောဆိုက်ရောက်စဥ် ဆောင်ရွက်ချက်များ

–    သင်္ဘောမှ ရယူရသည့်စာရွက်စာတမ်းများ
•    Last Port Clearance
•    B/L မိတ္တူ၊ Import Cargo Manifest၊ Stowage Plan
•    သင်္ဘော၏အချက်အလက်များ
•    အထွေထွေကြေငြာချက်များ
•    သင်္ဘောသားစာရင်း
•    သင်္ဘော၏ ဌာနအလိုက်ပါရှိလာသော ပစ္စည်းများ စာရင်း
•    ကုန်ပစ္စည်းအကြောင်းအရာ ကြေငြာချက်များ
•    သင်္ဘောသားများ၏ ကိုယ်ပိုင်ပစ္စည်းများ၊ ကိုယ်ပိုင်ငွေကြေးများ ကြေငြာခြင်း
•    ခရီးသည်စာရင်း
•    အန္တရာယ်ရှိ ကုန်ပစ္စည်းများ ပါရှိပါက Dangerous goods manifest
•    လက်နက်ပါရှိမှုစာရင်း
•    ကျန်းမာရေးကြေငြာချက်
•    Vaccination List
•    နောက်ဆုံးဆိုက်ကပ်ခဲ့သော ဆိပ်ကမ်း(၁၀)ခု၏ အမည်စာရင်း

သင်္ဘောပေါ်သို့တက်ရောက်၍ လုပ်ငန်းဆောင်ရွက်ရသော ဌာနအဖွဲ့အစည်းများ

–    အကောက်ခွန်ဦးစီးဌာန
–    မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့
–    ဆိပ်ကမ်းဆိုင်ရာ ကျန်းမာရေး ဦးစီးဌာန
–    ကိုယ်စားလှယ်လုပ်ငန်းဌာန
–    ဆိပ်ကမ်းတံတားများ
–    ဆိပ်ကမ်းတံတား လုံခြုံရေးအရာရှိ(PFSO)
–    လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန

ဆိပ်ကမ်းမှ သင်္ဘောမထွက်ခွာမီ ဆောင်ရွက်ချက်များ

–    ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာရန် မရှိမဖြစ်လိုအပ်သော စာရွက်စာတမ်းများ
•    သင်္ဘော၏ ရေကြောင်းဘက်ဆိုင်ရာ စာရွက်စာတမ်းများ
•    Mate’s  Receipt  &  Export  Manifest
•    Port  Clearance
•    Immigration Clearance
•    Traffic Clearance
•    Quarantine Clearance
•    နောက်ဆိပ်ကမ်းအတွက် Master ETA
•    Voyage Report

ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာပြီးနောက် ဆောင်ရွက်ချက်များ

–    သင်္ဘောအသုံးစရိတ် Final Account ရေးဆွဲပေးရခြင်း
–    ခရီးစဥ်တစ်ခုအတွင်း(One Voyage)Time Sheet နှင့် Statement of Facts ပြုစုပေးရခြင်း
–    ပို့ကုန်အတွက် B/L ထုတ်ပေးရခြင်း
–    Voyage Report ပြုစုပေးရခြင်းနှင့် လိုအပ်ပါက Special Report ပြုစုပေးရခြင်း

ကုန်လုပ်ငန်းဌာနလုပ်ငန်းဆောင်ရွက်မှုများ

ကုန်လုပ်ငန်းဌာန အဓိကတာ၀န်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အတွင်းသို့ ၀င်ရောက်လာသော င်္ဘောများနှင့် ကမ်းရိုးတန်းသွား သင်္ဘောများအား သင့်လျော်သော ဆိပ်ကမ်း တံတားများ၌ စီစဉ်နေရာချထားခြင်း၊ သွင်းကုန်များကို သင်္ဘောပေါ်မှ ချပေးခြင်း၊ ခေတ္တထိန်းသိမ်းပေးခြင်းနှင့် ကုန်ပိုင်ရှင် များထံသို့ ထုတ်ပေးခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများထံမှ ဆိပ်ကမ်းအခွန် အခများ ကောက်ခံခြင်း၊ ပို့ကုန်များအား သင်္ဘော၏ သိုလှောင်ရေး စိမံချက်နှင့်အညီ တင်ဆောင်ပေးခြင်းနှင့် ခွင့်ပြုချက်ကာလ ကျော်လွန်သော သွင်းကုန်များကို လေလံစာရင်းသွင်း၍ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။ ကုန်တင်/ကုန်ချ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သင်္ဘောကြီး ကုန်တင်/ကုန်ချ ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်စက်မောင်းများနှင့် ကုန်ကိုင်တွယ် စက်ပစ္စည်းကိရိယာများကို စုဆောင်းလေ့ကျင့်စီစဉ်တာ၀န်ချထားပေးရခြင်း၊ ရေယာဉ်များ အတွက် လိုအပ်သော ရေချိုပေးသွင်းခြင်း၊ ဆိပ်ကမ်းပိုင်မြေများ၊ သိုလှောင်ရုံများ၊ စားသောက်ဆိုင်များကို ငှားရမ်းခြင်းနှင့် ထိန်းသိမ်းကြီးကြပ် ကွပ်ကဲခြင်း၊ ဌာနပိုင်ပစ္စည်းများနှင့် သွင်းကုန်/ပို့ကုန်များ၏ လုံခြုံရေးကို တာ၀န်ယူရခြင်းနှင့် ခေတ်နှင့်အညီ စီမံချက်များ၊ ကုန်ကိုင်တွယ်နည်းစနစ်များကို ရေးဆွဲခြင်း စသည်လုပ်ငန်း များကိုလည်း ဆောင်ရွက်ရပါသည်။

စီမံဌာနခွဲ

စီမံ/ဖွဲ့စည်းဌာနခွဲသည် ကုန်လုပ်ငန်းဌာန၏ ၀န်ထမ်းရေးရာကိစ္စအ၀၀ကို ဆောင်ရွက်ရပါသည်။ စာပေးစာယူနှင့် ရုံးလုပ်ငန်းကိစ္စများကို တာ၀န်ယူဆောင်ရွက်ခြင်း၊ ၀န်ထမ်းအင်အားကို အမြဲမပြတ် စီစစ်ခြင်း၊ ဖြည့်စွက်ခန့်ထားခြင်း၊ တိုးမြှင့်ခန့်ထားခြင်း၊ ပြစ်ဒဏ်ထုတ်ပြန်ခြင်း၊ ထုတ်ပယ်ခြင်း၊ အငြိမ်းစားပေးခြင်းတို့ကို အချိန်မီ ဆောင်ရွက်ရပြီး ကုန်လုပ်ငန်းဌာန၏ အသေးသုံးနှင့် ဆောင်ငွေမှ ထုတ်ပေးခြင်း၊ ပြန်လည်ဖြည့်တင်းခြင်း၊ ဘဏ္ဌာရေးအသုံးစရိတ်များ ရေးဆွဲပြုစုခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများ လိုက်နာရန် စည်းကမ်းများ ရေးဆွဲခြင်း၊ ဆိပ်ကမ်း အခွန်အခများကောက်ခံခြင်း၊ မတော်တဆမှုများ၊သေဆုံးမှုများ အတွက် အာမခံ ထားရှိရေး၊ လျော်ကြေးရရှိရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ စနစ်များ ချမှတ်ပေးခြင်းနှင့် လုပ်သားများ သက်သာချောင်ချိရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါသည်။

သွင်းကုန်/ပို့ကုန်လုပ်ငန်းဌာနခွဲ

သွင်းကုန်/ပို့ကုန် လုပ်ငန်းဌာနခွဲသည် သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို လက်ခံ ခြင်း၊ ယာယီထိန်းသိမ်းပေးခြင်းနှင့် လွှဲပြောင်းထုတ်ပေးခြင်း လုပ်ငန်းများကို တာ၀န်ယူ ဆောင်ရွက်ရပါသည်။ ဆိပ်ကမ်းတံတားများသို့ ဆိုက်ကပ်လာသော သင်္ဘောကြီးများကို သတ်မှတ်ထားသော နေရာများအတွင်း ဆိုက်ကပ်နိုင်ရန်နှင့် ထွက်ခွာနိုင်ရန် ရေကြောင်းပြများအား အထောက်အကူပြု ဆောင်ရွက်ပေးခြင်း၊ ဆိပ်ကမ်း တံတားများနှင့် သိုလှောင်ရုံများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမွမ်းမံရေးအတွက် ဆောင်ရွက်ခြင်း၊ လုပ်ငန်း လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ ဆိပ်ကမ်းရောက် ကုန်ရှင်းတမ်းနှင့် လျော့နည်းရောက် ကုန်များစာရင်းကို ထုတ်ပြန်ခြင်း၊ ကုန်စည်ကျရောက်မှု ထောက်ခံချက်များ ထုတ်ပေးခြင်း၊ (၂)လအတွင်း ထုတ်ယူခြင်း မပြုသော ကုန်များ၊ လေလံစာရင်းသွင်း၍ လေလံတင်ထုခွဲရောင်းချခြင်းနှင့် သင်္ဘောကြီးများ၏ လိုအပ်ချက်အရ ရေချို ပေးသွင်းခြင်း စသည်တို့ကို ဆောင်ရွက်ရပါသည်။

လုပ်အားဌာနခွဲ

လုပ်အားဌာနသည် ကုန်လုပ်ငန်းဌာန၏ လုပ်ငန်းများအတွက် လုပ်သားအင်အားစုများကို စုစည်းပေး သောဌာနခွဲဖြစ်သည်။ ကုန်တင်/ကုန်ချလုပ်ငန်း နှင့် ကုန်များ ရှင်းလင်း ထုတ်ပေးခြင်း လုပ်ငန်းများအတွက် နေ့စဉ်လိုအပ်သော ကြီးကြပ်ရေးအမှုထမ်းများနှင့် လုပ်သားများအား စနစ်တကျ စီစဉ်တာ၀န်ချထားခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ လစားလုပ်သားများနှင့် ယာယီနေ့စားလုပ်သားများ၏ အင်အားစာရင်းကို မှတ်တမ်းတင် ထိန်းသိမ်းခြင်း၊ လုပ်သားသစ်များ စုဆောင်းခြင်း၊ လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပေးခြင်း၊ လုပ်သား များ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် စည်းကမ်း ဖောက်ဖျက်သူများအား အရေးယူအပြစ်ပေးနိုင်ရန် စိစစ်တင်ပြခြင်း၊ လုပ်အားထူးချွန်သူများအား ဂုဏ်ပြုနိုင်ရန် စိစစ်တင်ပြခြင်း၊ အလုပ်သမားများ ကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ရပါသည်။

စက်ဌာနခွဲ

စက်ဌာနခွဲသည် ကုန်တင်/ကုန်ချ လုပ်ငန်းနှင့် ကုန်ရှင်းလင်းထုတ်ပေးခြင်း လုပ်ငန်းများတွင် လုပ်သား တို့၏ လုပ်အားကို စက်အင်အားဖြင့် ထပ်မံဖြည့်တင်းပေးရသော လုပ်ငန်း တာ၀န်ကို ဆောင်ရွက်ရသည်။ ကုန်သေတ္တာကိုင်တွယ်သော စက်ကိရိယာများ၊ ၀န်ဆွဲယာဉ်၊ ၀န်မယာဉ်၊ ၀န်ချီစက် စသည့် စက်ကိရိယာများ နှင့် ကုန်တင်/ကုန်ချ စက်ပစ္စည်းကိရိယာများကို ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အသေးစားပြုပြင် ထိန်းသိမ်းရေးကို တံတားအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေး စက်ရုံတွင် ဆောင်ရွက်ခြင်း၊ ကြီးမားသော အပျက် အစီးများကို စက်မှုအင်ဂျင်နီယာဌာနနှင့် ဆက်သွယ်၍ ဆောင်ရွက်ခြင်း၊ လိုအပ်သော စက်ကိရိယာအပိုပစ္စည်း များ နှင့် အခြားစက်ပစ္စည်းများ ၀ယ်ယူရေးကို သက်ဆိုင်ရာဌာန အသီးသီးသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက် ခြင်း၊ လုပ်ငန်းတိုးတက်ရေးနှင့် ၀န်ထမ်းများ အရည်အချင်းပြည့်၀ရေး အတွက် ကုန်ကိုင်တွယ်စက်ကိရိယာ အမျိုးအစားအလိုက် အသုံးပြုပုံများကို သင်တန်းများ ပို့ချခြင်း နှင့် စက်ကိရိယာနှင့် ပတ်သက်၍ စည်းကမ်း များ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။ 

မြေနှင့်ဆိပ်ကမ်းဌာနခွဲ

မြေနှင့်ဆိပ်ကမ်း ဌာနခွဲသည် သွင်းကုန် ပို့ကုန်များ ကုန်ပိုင်ရှင်ဌာနများက ထုတ်ယူပြီးနောက် ပြည်နယ်နှင့် တိုင်းများသို့ ခွေဲ၀ပို့ဆောင်ရာတွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းများမှ သင်္ဘောတင်ရန် အတွက် သယ်ဆောင်လာသော ပို့ကုန်များ ထိန်းသိမ်းရာတွင်လည်းကောင်း၊ ကြားကာလ သယ်ယူပို့ဆောင် ထားသိုမှု အခက်အခဲများကို ကူညီဖြေရှင်းပေးရသော ဌာနဖြစ်ပါသည်။ ဆိပ်ကမ်းဒေသရှိ ကုန်လှောင်ရုံများကို ငှားရမ်းပြီး ကောင်းမွန်စွာ အသုံးပြုစေရန် ကြပ်မတ်ပေးခြင်း၊ ဆိပ်ကမ်းဒေသနှင့် ပတ်သက်၍ ၀င်/ထွက်သွား လာသည့် ရေယာဉ်များ၊ ပြည်တွင်းသွား ရေယာဉ်များ၊ ကမ်းရိုးတန်းသွားရေယာဉ်များ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ပိုင်ရေယာဉ်များအား နေရာချထားပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ အခွန်အခကောက်ခံခြင်း၊ တင်ချသော ကုန်ပစ္စည်း များအပေါ် အခွန်အခကောက်ခံခြင်း၊ အဆောက်အဦ၊ မြေနှင့် ဆိုင်ခန်းများ ငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက အရေးယူခြင်း၊ ငှားရမ်းခကောက်ခံခြင်း၊ ဌာနပိုင် အဆောက်အဦနှင့် နေအိမ်များကို ကြီးကြပ် ထိန်းသိမ်းခြင်း နှင့် ဆိပ်ကမ်းဒေသအတွင်းရှိ ဗောတံတားများ၊ သိုလှောင်ရုံများ၊ အဆောက်အဦများ နှင့် နေအိမ်များ ပျက်စီးပါက မြို့ပြအင်ဂျင်နီယာဌာနနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ရပါသည်။

လုံခြုံရေးဌာနခွဲ

လုံခြုံရေးဌာနခွဲသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော ပစ္စည်းများ၊ သွင်းကုန် ပို့ကုန်နှင့် ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ်လျှက်ရှိသော သင်္ဘောများ၏ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ် ရေးလုပ်ငန်းများကို တာ၀န်ယူ ဆောင်ရွက်ရပါသည်။ လုံခြုံရေးနှင့် ပတ်သက်၍ တံတားနယ်မြေတစ်ခုလုံး၏ လုံခြုံမှုကို တာ၀န်ယူဆောင်ရွက်ခြင်း၊ ဌာနပိုင်ပစ္စည်းများနှင့် ယာယီလက်ခံထိန်းသိမ်းထားရသော သွင်းကုန်/ ပို့ကုန်များ၊ တံတားနယ်မြေအတွင်းရှိ အဆောက်အဦများနှင့် လူတို့၏ လုံခြုံရေးဆောင်ရွက်ခြင်း၊ တာ၀န်မရှိ သူများ ဆိပ်ကမ်းအတွင်းသို့ မ၀င်ထွက်နိုင်ရန် စိစစ်ခြင်း၊ ဆိပ်ကမ်းတံတားတွင်းသို့ တားမြစ်ထားသော ပစ္စည်းများ တရားမ၀င်ယူဆောင်လာခြင်း မရှိစေရန်နှင့် ဆိပ်ကမ်းတံတားတွင်းမှ ပစ္စည်းများ တရားမ၀င် ထုတ်ယူခြင်း မပြုနိုင်ရန် စိစစ်ခြင်း၊ တံတား၀င်ခွင့်လက်မှတ်များ စီစစ်ထုတ်ပေးခြင်းနှင့် အ၀င်အထွက် ကြီးကြပ်ခြင်း၊ ဆိပ်ကမ်းနယ်မြေအတွင်း လုံခြုံမှုအတွက် သတ်မှတ်ထားသော နေရာများတွင် လုံခြုံရေး ၀န်ထမ်းများအား တာ၀န်ချထားခြင်း၊ မြစ်ဘက်မှ တရားမ၀င်ပစ္စည်းများ လဲလှယ်ရောင်းချ၊ ခိုးထုတ်မှု မဖြစ် စေရန် ရေကြောင်းကင်းလှည့် စောင့်ရှောက်ခြင်း၊ တံတားအတွင်းသို့ သွင်းယူသည့် (သို့မဟုတ်) တံတား အတွင်းမှ ထုတ်ယူသည့် ပစ္စည်းများအတွက် စာရွက်စာတမ်း အထောက်အထားများဖြင့် စိစစ်ခွင့်ပြုခြင်း၊ တံတားအတွင်း ဖြစ်ပွားသည့် မှုခင်းကိစ္စရပ်များအား စစ်ဆေးအရေးယူခြင်း၊ ပြင်ပဌာနများနှင့် ဆက်စပ်သော မှုခင်းကိစ္စရပ်များတွင် ပြင်ပမှုခင်းထောက်လှမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေး အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း နှင့် လုံခြုံရေးစီမံချက်များ ရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။ မီးဘေးကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သွင်းကုန်/ပို့ကုန်များ၊ ဌာနပိုင် အဆောက်အဦများ၊ သိုလှောင်ရုံ၊ မီးဘေးအန္တရာယ်မကြုံတွေ့စေရန် ကြိုတင်ကာကွယ်ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်နည်း ဆွေးနွေးဟော ပြောသရုပ်ပြခြင်း၊ မီးလောင်မှု ဖြစ်ပွားလျှင် အချိန်မီ မီးငြိ်မ်းသတ်ခြင်းနှင့် မီးဘေးကာကွယ် ရေး  စီမံချက်များ ရေးဆွဲခြင်းများ ဆောင်ရွက်ပါသည်။

သန့်ရှင်းသာယာ လှပရေးဌာနခွဲ

ဆိပ်ကမ်းနယ်မြေ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနခွဲသည် သတ်မှတ်ထား သော ဆိပ်ကမ်းနယ်မြေအတွင်း အမှိုက်သရိုက်များ၊ မြစ်ကမ်းတင် အမှိုက်များ ရှင်းလင်းခြင်း၊ ရေအိမ်၊ မိလ္လာ လှောင်ကန် ရေဆင်းမြောင်းများ ပိတ်ဆို့များ ရှင်းလင်းခြင်း၊ စိုက်ပျိုးထားသော သစ်ပင်ပန်းပင်များ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ နေ့/ည ဆောင်ရွက်ပါသည်။