၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ ဆောင်ရွက်ရမည့်လုပ်ငန်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာ၏ ပုဇွန်တောင်ချောင်းဘက်ခြမ်း တွင် ကမ်းပြိုရေတိုက်စားမှု ဖြစ်ပေါ်နေခြင်းအား ကာကွယ်ထိန်းသိမ်းရန်အတွက် ကမ်းပါးထိန်း နံရံ အလျား ၇၆၀‘ တည်ဆောက်ခြင်းလုပ်ငန်း။
၃။ | တင်ဒါပုံစံဝယ်ယူနိုင်သည့် နေ့ရက်နှင့်အချိန်
|
– | ၂၈-၄-၂၀၂၃ ရက်နေ့မှ ၄-၅-၂၀၂၃ ရက်နေ့အထိ
(ရုံးချိန်အတွင်း) |
၄။ | တင်ဒါဖွင့်မည့် ရက်နှင့် အချိန် | – | ၁၁-၅-၂၀၂၃(ကြာသပတေးနေ့)၊ ၁၃း၀၀ နာရီ |
၅။ | တင်ဒါပုံစံတန်ဖိုး | – | ကျပ် ၁၅၀၀၀/- |
၆။ | တင်ဒါရောင်းချမည့်နေရာ | – | အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြအင်ဂျင်နီယာဌာန။ |
၇။ | အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း ၀၉-၅၁၈၃၀၈၅ သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။ |