MPA Logo

Pilot Boat (P-04)ရေယာဉ် နှင့် စတီဗီဒို (၂)ရေယာဉ်လွန်းတင် ပြုပြင်ခြင်းလုပ်ငန်းအတွက် တင်ဒါ ဆိုစျေးနှုန်း ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်းတွင် Pilot Boat (P-04)ရေယာဉ်အား ရေပေါ်ပိုင်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းဆောင် ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါ တင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့်လုပ်ခ ဆိုစျေးနှုန်းများ ကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် Pilot Boat (P-04) ရေယာဉ်အား ရေပေါ်ပိုင်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းအတွက် စပေါ်ငွေ ကျပ်၂၀၀၀၀၀/-(ကျပ် နှစ်သိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ(သို့မဟုတ်)ချလံမိတ္တူအား တင်ဒါ တင်သွင်းလွှာနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများ နှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၄-၇-၂၀၂၄)နေ့(၁၂:၀၀ )နာရီအတွင်း (ရုံးဖွင့်ရက်)ရုံးချိန်အတွင်း(သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့် – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်              – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ)စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန်-(၄-၇-၂၀၂၄)ရက်(၁၂:၀၀)နာရီ

       နေရာ                                               စာရင်းဌာန(မြေညီထပ်)၊

     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                            အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

(ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန်-(၄-၇-၂၀၂၄ )ရက်(၁၂:၀၀)နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်          – (၄-၇-၂၀၂၄ )ရက်(၁၃:၀၀ )နာရီ

        နေရာ                                               နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                          အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။