MPA Logo

Painting Work, Carpenter Work, Tank Cleaning & Fender Work လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန စက်ဆန်းသင်္ဘောကျင်းတွင် ရေကြောင်းဌာနမှ နတ်သား(၂)ရေယာဉ် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခ ဆိုစျေးနှုန်း များကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် နတ်သား(၂) ရေယာဉ် ပြုပြင်ခြင်း လုပ်ငန်းများမှ Painting Work ၊ Carpenter Work ၊ Tank Cleaning & Fender Work လုပ်ငန်းများ အတွက် မိမိအဆိုပြုမည့် ဈေးနှုန်း ငွေပမာဏ၏ (၁%) ထက် မနည်းသော တင်ဒါ စပေါ်ငွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေ ပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်)ချလံ မိတ္တူအား တင်ဒါနှင့်အတူပူးတွဲ တင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံ များနှင့်  တင်ဒါ စည်းကမ်းချက်ပါ  စာရွက်စာတမ်းများကို ယနေ့မှစ၍(၂၉ – ၈ – ၂၀၂၄) နေ့ (၁၂:၀၀)နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း    (စက်ဆန်းင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်  – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                    လိပ်မူရမည့်ပုဂ္ဂိုလ်  – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်     – (၂၉ -၈ – ၂၀၂၄) ရက်

(  ၁၂ : ၀၀ ) နာရီ

                           နေရာ                        – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်း

                                                         အာဏာပိုင်၊အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊

  ရန်ကုန်မြို့။

 (ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန် – (၂၉ – ၈ – ၂၀၂၄ ) ရက်

( ၁၂ : ၀၀ ) နာရီ

 (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်  – ( ၂၉ –  ၈ – ၂၀၂၄ ) ရက် (၁၃:၀၀) နာရီ

နေရာ                                           – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                            အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။        တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့်တင်ဒါ တင်သွင်း လွှာကိုဖြစ်စေ လက်ခံခြင်းမပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။        အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်း မေးမြန်းနိုင်ပါသည်။