MPA Logo

new banner

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့်ချလံရုံးများကို ၂၀၂၃-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ (တပ်မတော်နေ့) တွင် ပိတ်ထားမည်ဖြစ်ပါ၍ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည်ဖြစ်ပါ ကြောင်း ကြေငြာအပ်ပါသည်။

၁။မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ မြေနှင့်ဆိပ်ကမ်း(အလယ်ပိုင်း)နှင့်(အရှေ့ပိုင်း)နယ်မြေများရှိ High Mast မီးတိုင် များတွင် 600W LED Flood Lighting Set များ လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းအား ဆောင်ရွက် ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲ ထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထား များကို တွက်ချက်၍ စျေးနှုန်းတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်း နှင့် လုပ်ခ ဆိုစျေး များကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ဆိုစျေးနှုန်းတင်သွင်းရာတွင် ငွေကျပ် ၂,၀၀,၀၀၀/-(ကျပ်နှစ်သိန်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံ မိတ္တူအား တင်ဒါနှင့် အတူ ပူးတွဲတင်ပြရမည်။

၄။ကန်ထရိုက်လုပ်ငန်းအတွက် ဆိုစျေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေး တင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍(၁၆-၃-၂၀၂၃) နေ့ရက် အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ်(၅)(က)ပါလိပ်စာတွင် တစ်စောင်လျှင် ၂၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

၅။        ဆိုစျေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဆိုစျေးနှုန်းတင်သွင်းရမည့်ရုံးလိပ်စာနှင့် လျှပ်စစ်ဌာနခွဲ၊ စက်မှုအင်ဂျင်နီယာဌာန

အမှတ်(၅၅၇/၅၅၉)၊ ကန္နားလမ်း၊ ဆိပ်ကမ်းမြို့နယ်

ဖုန်းနံပါတ်-  ၀၁-၈၆၁၀၂၂၁

                             လိပ်မူရမည့်ပုဂ္ဂိုလ် ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
 (ခ) စပေါ်ငွေပေးသွင်းရမည့်

နောက်ဆုံး နေ့ရက်/ အချိန်

 

 

(၁၆-၃-၂၀၂၃) ရက် ( ၁၁ : ၀၀ ) နာရီ

                              နေရာ စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

 (ဂ) ဆိုစျေးနှုန်းလွှာတင်သွင်းရမည့်

နောက်ဆုံးနေ့ရက်/အချိန်

 

 

(၁၆-၃-၂၀၂၃) ရက် ( ၁၂ : ၀၀ ) နာရီ

(ဃ) ဆိုစျေးနှုန်းဖွင့်လှစ်မည့်နေ့ရက်/အချိန်

နေရာ

(၁၆-၃-၂၀၂၃) ရက် ( ၁၄ : ၀၀) နာရီ

သင်တန်းခန်းမ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း ၊ ရန်ကုန်မြို့

၁။၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော (၂၀၂၃ခုနှစ်၊ ဧပြီလ အတွက်)ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ် တွင် (၁၇-၃-၂၀၂၃) ရက်နေ့မှ စ၍ (၄-၄-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီဌာန၏ အသိပေးအကြောင်းကြားချက်အရ ကိုရီယား သမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင် ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်း လမ်း နှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား အောက်ဖော်ပြပါနေ့ရက်များတွင် ယာယီလမ်း ပိတ်ပြီး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်တင် ယာဉ်များအနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် အသိပေး ကြေငြာ အပ်ပါသည်-

စဉ်

ယာယီလမ်းပိတ်မည့်

လမ်းအပိုင်း

လမ်းပိတ်မည့်ကာလ

ကြာချိန်

မှတ်ချက်

မှ

ထိ

၁။ ကမ်းနားလမ်းသစ်

(ပန်ဆိုးတန်းလမ်းထိပ်နှင့် အလုံ မြို့နယ်၊ စံပယ်လမ်းထိပ်ကြား အပိုင်း

၁၈ – ၃ – ၂၀၂၃ ၁၉ – ၃- ၂၀၂၃ ၂ ရက်
၂၃ – ၃ – ၂၀၂၃ ၂၃ – ၃ -၂၀၂၃ ၁ ရက်
၂၅ – ၃ – ၂၀၂၃ ၂၇ – ၃ – ၂၀၂၃ ၃ ရက်