MPA Logo

new banner

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဧပြီလတွင် လတ်တလောကုန်သေတ္တာတင် သင်္ဘော (၅၀)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် များသို့ အသိပေးအပ်ပါသည်။

၁။လေလံကုန်သေတ္တာ(၁၀)လုံးနှင့် LCL Shipment (၂၀)ခုတွင်ပါဝင်သော Novilla Mattress, SILICON ကုန်ကြမ်း ပစ္စည်းများ၊ ပိုးသတ်ဆေး၊ ပရဆေးပင်၊ ရေသန့်စင်ဆေးမှုန့်ခဲ၊ ငြမ်းဆင်သော ဂျွိုင်းဆက်များ၊ အမျိုးသမီးဝတ် ဘောင်းဘီရှည်များ၊ လူသုံး အလှကုန်ပစ္စည်းများ၊ လေမှုတ် တူရိယာပစ္စည်းများ၊ Hand Sanitiser များနှင့် Pumps Used & Copier Used တို့ကို လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၂၇-၄-၂၀၂၃) ရက်နေ့(၁၃:၀၀) နာရီ အချိန်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လေလံတင် ထုခွဲ ရောင်းချမည်ဖြစ်ပါသည်။

၂။တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၄-၄-၂၀၂၃ရက်နေ့မှ ၂၅-၄-၂၀၂၃ ရက်နေ့အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း   ဆက်သွယ်ဝယ်ယူနိုင်ပြီး  အသေးစိတ်  သိရှိလိုပါက  တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။