MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနမှ ကိုင်တွယ်ရသော နိုင်ငံခြား သင်္ဘောကြီးများအတွက် လိုအပ်သော ရိက္ခာပေးသွင်းခြင်းလုပ်ငန်းကို  အိတ်ဖွင့်တင်ဒါ စနစ် ဖြင့် ပေးသွင်းနိုင်ပါသည်။

၂။ အဆိုပြုလွှာတင်သွင်းမည့် ကုမ္ပဏီအနေဖြင့် စားသောက်ကုန် ထုတ်လုပ်၊ သိုလှောင်၊ ထိန်းသိမ်းခြင်းနှင့် ဖြန့်ဖြူး ခြင်း လုပ်ငန်းစဉ်များအား စားသုံးသူ ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် စနစ်တကျ ဆောင်ရွက် ထားရှိမှု ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Food Safety Certificate)တစ်ခုခုရှိရမည်။

၃။ အိတ်ဖွင့် တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ ကိုယ်စားလှယ်လုပ်ငန်းဌာနရှိ ရှင်းပို့/ရိက္ခာဌာနစုတွင်ရုံးချိန်အတွင်းအမျိုးသားမှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားသူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားများ လာရောက်ဝယ် ယူတင်သွင်းနိုင်ပြီး သိရှိလိုသောအချက်များရှိပါက တယ်လီဖုန်းနံပါတ် ၀၁-၂၃၀၁၉၂၅  သို့ စုံစမ်းနိုင်ပါသည်။

၄။ တင်ဒါပုံစံ ရောင်းချမည့် နေ့ရက် ၈-၅-၂၀၂၃  ရက်နေ့မှ ၁၉-၅-၂၀၂၃ ရက်နေ့ထိ  ရုံးဖွင့်ရက် (ရုံးချိန်အတွင်း)

၅။ တင်ဒါပိတ်မည့် နေ့ရက် ၂၅-၅-၂၀၂၃ ရက်နေ့ /အချိန်(၁၃:၀၀)နာရီ

၆။ သတ်မှတ်ချိန်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်စားမည်မဟုတ်ပါ။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် မေလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၆)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံ တိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် များသို့ အသိပေးအပ်ပါသည်။