MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Pilot Boat (No.3) လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများမှ Fiber ကိုယ်ထည် ပြင်ဆင်ခြင်းနှင့် D-Shape rubber Fender နှင့် Hand rail များအသစ်လဲလှယ်ခြင်း၊ လက်သမားပိုင်း ဆိုင်ရာ ပြုပြင်ခြင်းနှင့် Steering and rudder Unit ပြုပြင်ခြင်း၊ Main Engine Maintenance(P&S) ပြုပြင် ခြင်းနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင် ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံတွင်ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကိုတွက်ချက်၍ တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခဆိုစျေးနှုန်း များကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် Fiber ကိုယ်ထည်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် စပေါ်ငွေကျပ် ၁၀၀,၀၀၀/- (ကျပ် တစ်သိန်း တိတိ)နှင့် D-Shape rubber Fender နှင့် Hand rail များအသစ်လဲလှယ်ခြင်း၊ လက်သမားပိုင်း ဆိုင် ရာပြုပြင်ခြင်းနှင့် Steering and rudder Unit ပြုပြင်ခြင်း၊ Main Engine Maintenance(P&S) ပြုပြင် ခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပြုပြင်ခြင်းလုပ်ငန်းများ အတွက် စပေါ်ငွေကျပ် ၁၅၀၀၀၀/- (ကျပ် တစ်သိန်း ငါးသောင်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရ ပြေစာ မိတ္တူသို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၈-၆-၂၀၂၃) နေ့ (၀၉:၀၀)နာရီအတွင်း(ရုံးဖွင့်ရက်) ရုံးချိန် အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

လိပ်မူရမည့်ပုဂ္ဂိုလ်                                               – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်   – ( ၈-၆- ၂၀၂၃) ရက် (  ၀၉: ၀၀ ) နာရီ

နေရာ                                                                        – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်     – (၈- ၆ – ၂၀၂၃ ) ရက် ( ၀၉ : ၃၀ ) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                            – (၈- ၆- ၂၀၂၃ ) ရက် ( ၁၀ : ၀၀ ) နာရီ

နေရာ                                                                               – အစည်းအဝေးခန်းမ (၂)

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာ ရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၏၁-၁၀-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ရက်နေ့ထိ ၆လ ကာလ အတွက်ရန်ကုန်မြစ်ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား သောင်တူး လုပ်ငန်းအတွေ့အကြုံ/စက်ယန္တရား/နည်းပညာပြည့်စုံသော ပြည်တွင်း/ပြည်ပ/ဖက်စပ်ကုမ္ပဏီကြီးများအနက် အသင့် လျှော်ဆုံးကုမ္ပဏီတစ်ခုအား တင်ဒါစိစစ် ရွေးချယ်ခြင်းဆိုင်ရာအမိန့်ညွှန်ကြားချက်(၁/၂၀၁၇)အပိုဒ် ၂၆/၂၇/၂၈/၂၉/၃၀ တို့နှင့်အညီ စိစစ်ရွေး ချယ်၍လုပ်ငန်း အပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီကြီးများအနေဖြင့် အောက်ပါအတိုင်း လျှောက်ထားနိုင် ကြောင်း အသိပေး ကြေငြာအပ်ပါသည်(ပြည်ပကုမ္ပဏီကြီးများအနေဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခုခု နှင့် JV ပြုလုပ်ခြင်း သို့မဟုတ် ရုံးခွဲ ဖွင့်လှစ်ထားရှိရမည်။)

          (က)    တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ   -ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်

          (ခ)     တင်ဒါလျှောက်လွှာများရောင်းချမည့်ရက်     – ၂-၆-၂၀၂၃ မှ ၂၈-၆-၂၀၂၃ထိ(ရုံးချိန်)

          (ဂ)     တင်ဒါလျှောက်လွှာများတင်သွင်းရမည့်ရက်/အချိန်  ၄-၇-၂၀၂၃   (၁၃:၀၀)နာရီ

          (ဃ)    တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ-  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

          (င)     တင်ဒါပဏာမဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန်-     ၄-၇-၂၀၂၃ (၁၄:၀၀)နာရီ

၃။      အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်-

          (က)    ရေကြောင်းဌာန        –         018246380, 018387117 လိုင်းခွဲ (211)

          (ခ)     ဗဟိုပစ္စည်းထိန်းဌာန  –         081610230