MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနအတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် အသုံးပြုရန် လိုအပ်သော စက်ဆီ /ချောဆီ (Lubricants) (၆)မျိုးနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရှိ ဌာနများအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ(Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား  ၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင် မြို့နယ်တွင် (၂၀-၆-၂၀၂၃) ရက်နေ့မှ စ၍ (၄-၇-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူ နိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စတီဗီဒို ( ၂ ) ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ရန် ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထား များကိုတွက်ချက်၍ တင်ဒါတင် သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခဆိုစျေးနှုန်း များကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။တင်ဒါတင်သွင်းရာတွင် စတီဗီဒို (၂) ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အတွက် စပေါ်ငွေကျပ် ၂၀၀၀၀၀/- (ကျပ် နှစ်သိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေ ပေးသွင်း ထားသည့် ငွေရပြေစာမိတ္တူသို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့်အတူပူးတွဲ တင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၂၂-၆-၂၀၂၃) နေ့  ( ၁၂ : ၀၀ )နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း(သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                                  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်                                           – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

     (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်   – ( ၂၂-၆- ၂၀၂၃) ရက် (  ၁၂ : ၀၀ ) နာရီ

           နေရာ                                                        -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                                             အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

     (ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်     – (၂၂- ၆ – ၂၀၂၃ ) ရက် ( ၁၂ : ၀၀ ) နာရီ

     (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                       – (၂၂- ၆- ၂၀၂၃ ) ရက် ( ၁၃ : ၀၀ ) နာရီ

နေရာ                                                            – အစည်းအဝေးခန်းမ (၂)

                                                                             မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                                             အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။