MPA Logo

new banner

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့်ချလံရုံးများကို ၂၀၂၃ – ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်နေ့) ရက်နေ့တွင် ပိတ်ထား မည်ဖြစ်ပါ၍ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူ လိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆောင်ရွက်လျက် ရှိသော Port EDI စနစ်၏ Data Centre ရှိ Hardware များ အစားထိုးလဲလှယ်ခြင်း၊ Warranty Service များရယူခြင်း၊ Installation , Configuration နှင့် Migration ပြုလုပ်ခြင်း (1 Lot) အတွက် နိုင်ငံခြားငွေဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်လို ပါ ၍ အတွေ့အကြုံရှိပြီး  စိတ်ပါဝင်စားသော ကုမ္ပဏီများအနေဖြင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံရောင်းချမည့်                 –    (၂၆-၆- ၂၀၂၃) ရက်နေ့မှ ( ၁၄-၇-၂၀၂၃)ရက်နေ့ အထိ

       နေ့ရက်နှင့်အချိန်                             (ရုံးဖွင့်ရက် ၀၉၃၀ – ၁၆၀၀ နာရီအတွင်း)

၃။တင်ဒါပုံစံရောင်းချမည့်နေရာ –    နိုင်ငံတကာဆက်ဆံရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန၊

ပထမထပ်၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၄။    တင်ဒါအာမခံငွေနောက်ဆုံးပေးသွင်းရန် – ၁၄-၇-၂၀၂၃ (သောကြာနေ့)၊ ၁၆:၀၀ နာရီ

၅။    တင်ဒါနောက်ဆုံးတင်သွင်းရမည့်    –    ၂၀-၇-၂၀၂၃ (ကြာသပတေးနေ့)၊ (၁၃:၀၀ နာရီ)

   နေ့ရက်၊ အချိန်နှင့် နေရာ   –    တင်ဒါခန်းမ၊ ပထမထပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၊ အမှတ် (၁၀) ၊

ပန်းဆိုးတန်း လမ်း၊ ရန်ကုန်မြို့။

၆။      အသေးစိတ်သိရှိလိုပါက        –         ၀၉၅၁၄၆၆၃၇၊ ၀၉၅၀၆၈၉၇၉၊ ၀၁-၈၃၈၃၅၈၂ သို့  ဆက်သွယ်ရန်

ဖုန်းနံပါတ်  ရုံးချိန်အတွင်းတိုက်ရိုက်မေးမြန်းနိုင်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် Multi Function Assembly Hall အဆောက်အဦတွင် Main Power Distribution Panel တပ်ဆင်ခြင်း၊ Power Supply Wire များတပ်ဆင်ခြင်း၊ လေအေးပေးစက်များ Installation ပြုလုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါ လုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ စျေးနှုန်းတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန်ဖိတ်ခေါ် ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်း နှင့် လုပ်ခ ဆိုစျေးများကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ ဆိုစျေးနှုန်းတင်သွင်းရာတွင် ငွေကျပ် ၁,၅၀,၀၀၀/-(ကျပ်တစ်သိန်းငါးသောင်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံ မိတ္တူ အား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် ဆိုစျေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေး တင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍(၂၂-၆-၂၀၂၃) နေ့ရက် အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ်(၅)(က)ပါလိပ်စာတွင် တစ်စောင်လျှင် ၂၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

၅။ ဆိုစျေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဆိုစျေးနှုန်းတင်သွင်းရမည့်ရုံးလိပ်စာနှင့် လျှပ်စစ်ဌာနခွဲ၊ စက်မှုအင်ဂျင်နီယာဌာန

အမှတ်(၅၅၇/၅၅၉)၊ ကန္နားလမ်း၊ ဆိပ်ကမ်းမြို့နယ်

ဖုန်းနံပါတ်-  ၀၁-၈၆၁၀၂၂၁

                               လိပ်မူရမည့်ပုဂ္ဂိုလ် ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
 (ခ) စပေါ်ငွေပေးသွင်းရမည့်

နောက်ဆုံး နေ့ရက်/ အချိန်

 

 

(၂၂-၆-၂၀၂၃) ရက် ( ၁၁ : ၀၀ ) နာရီ

                                နေရာ စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

 (ဂ) ဆိုစျေးနှုန်းလွှာတင်သွင်းရမည့်

နောက်ဆုံးနေ့ရက်/အချိန်

 

 

(၂၂-၆-၂၀၂၃) ရက် ( ၁၂ : ၀၀ ) နာရီ

(ဃ) ဆိုစျေးနှုန်းဖွင့်လှစ်မည့်နေ့ရက်/အချိန်

နေရာ

(၂၂-၆-၂၀၂၃) ရက် ( ၁၃ : ၀၀) နာရီ

သင်တန်းခန်းမ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း ၊ ရန်ကုန်မြို့