MPA Logo

new banner

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထိန်းသိမ်းထားရှိသော ဗီယက်နမ်နိုင်ငံအလံတင် M.T VIET TIN LUCKY  သင်္ဘောအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်ပါသည်။

၂။       M.T VIET TIN LUCKY  ၏  အချက်အလက်များမှာ  အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    IMO Number                              –         9147916

(ခ)     ရေယာဉ်အလျား (LOA)                  –         ၁၀၉.၀၉မီတာ

          (ဂ)     ရေယာဉ်အနံ (Breadth)                –         ၁၈.၂မီတာ

          (ဃ)    ရေစူး (Maxdraft)                         –         ၆.၇၁မီတာ

          (င)     ရေယာဉ်အမျိုးအစား                       –         သံခွံ

(စ)     Gross Tonnage                          –         4573 GT

(ဆ)    Net Tonnage                              –         2146 NT

၃။      တင်ဒါလျှောက်လွှာများအားစိစစ်ရာတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်(၁/၂၀၁၇) အပိုဒ်၂၃/၂၄ နှင့်အညီ  စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

၄။      ရေယာဉ်အား  The Myanmar Terminal (TMT)တံတားတွင် ထိန်းသိမ်းထားရှိပြီးဖြစ်၍  ပြည်တွင်း/ပြည်ပ ကုမ္ပဏီများအနေဖြင့် ရေယာဉ်အား ကိုယ်တိုင်ကြည့်ရှုလေ့လာပြီးနောက် စိတ်ပါ ဝင်စားမှုရှိပါကတင်ဒါတွင်ပါဝင်ယှဉ် ပြိုင်နိုင်ပါသည်(နိုင်ငံခြားကုမ္ပဏီများပါဝင်ယှဉ်ပြိုင်မည်ဆိုပါကသက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ endorsement ပါရှိရပါမည်။)

၅။      လျှောက်လွှာများအား အောက်ပါအတိုင်း ဝယ်ယူနိုင်ပါသည်

          (က)    တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ   -ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်

          (ခ)     တင်ဒါလျှောက်လွှာများရောင်းချမည့်ရက်     -၂၁-၉-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃ ထိ(ရုံးချိန်)

          (ဂ)    တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ-  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

          (ဃ)    တင်ဒါလျှောက်လွှာများတင်သွင်းရမည့်ရက်/အချိန်  –  ၂၀-၁၀-၂၀၂၃ (၁၃:၀၀)နာရီ

          (င)     တင်ဒါပဏာမဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန်-     ၂၀-၁၀-၂၀၂၃   (၁၄:၀၀)နာရီ

၆။      ဤတင်ဒါသည် ၁၉၀၈ ဆိပ်ကမ်းများအက်ဥပဒေ ပုဒ်မ ၁၁ အရ  လေလံတင်ထုခွဲရောင်းချခြင်း ဖြစ်သဖြင့် ၁၉၀၈ ခု ဆိပ်ကမ်းများဥပဒေပြဌာန်းချက် တစ်ခုခုအရအကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည်တင်ဒါတစ်ခုလုံးကိုသော်လည်းကောင်း၊တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ဖျက်သိမ်းခွင့်ရှိ ပြီး ထိုသို့ဖျက်သိမ်းခြင်းအား ပြန်လည်၍ အသိပေး ကြေငြာသွားမည်ဖြစ်ပါသည်။

၇။      အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်-

          (က)    ရေကြောင်းဌာန        –         018246380, 018387117 လိုင်းခွဲ (211)

          (ခ)     ဗဟိုပစ္စည်းထိန်းဌာန  –         081610230

၂၀၂ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာလ()ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၃၁)ပေခန့်မှ (၂၁.၄၂)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေခန့် ထိ တက်ခဲ့ဖူး သဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေ အမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေးသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေး အကြောင်းကြားအပ် ပါသည်။