MPA Logo

new banner

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှ အောက်တိုဘာလ(၁၈)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ် အတွင်းအခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၀.၁၁)ပေခန့်မှ (၂၀.၃၇)ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့်စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့် သည် အခြေခံရေ စစ်မျဉ်းအထက် အမြင့် (၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြ သော လုပ်သား ပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့သတိပေး သတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ အတွက်လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ(Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား  ၁၉၁၀၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၄-၁၀-၂၀၂၃) ရက်နေ့မှစ၍ (၁၇-၁၀-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်းနိုင်ရန် အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် အောက်တိုဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၄၉)စီး ပြေးဆွဲသွားမည်ဖြစ် ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။