MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အတွက် လိုအပ် သော)ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား  ၂၃၁၁၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တ ထောင် ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင် မြို့နယ်တွင် (၇-၁၁-၂၀၂၃) ရက်နေ့ မှစ၍ (၂၁-၁၁-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့်ချလံရုံးများကို ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့ (ဒီပါဝလီနေ့) တွင်ပိတ်ထား မည်ဖြစ်ပါ၍ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည်ဖြစ်ပါ ကြောင်း ကြေငြာအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် နိုဝင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၀)စီး ပြေးဆွဲသွား မည်ဖြစ်ကြောင်း နှင့်ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် များ သို့ အသိပေးအပ်ပါသည်။