MPA Logo

new banner

၁။ ရက်(၆၀)ကျော် လေလံစာရင်းဝင် DG ကုန်သေတ္တာ(၁၀)လုံးတွင်ပါဝင်သော ဘက်ထရီ၊ အရောင်တင်ဆီဗူး၊ သင်္ဘောဆေးနှင့် သံချေး သန့်စင်သည့် Spray ဗူးများကို လက်ရှိ မျက်မြင် အခြေအနေအတိုင်း (၂၁-၁၂-၂၀၂၃)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၆-၁၂-၂၀၂၃ ရက်နေ့မှ ၁၉-၁၂-၂၀၂၃ ရက်နေ့အထိရုံးဖွင့် ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊             ၀၉-၂၅၀၂၈၄၁၂၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ လည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီးမှ ခရီးစဉ် များ ပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဒီဇင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော(၄၉)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့် တပြေးညီတင်ပြသွားမည် ဖြစ် ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့အသိပေးအပ်ပါသည်။