MPA Logo

new banner

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဇန်နဝါရီလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၆၂)စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ မြန်မာ-ကိုးရီးယားချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း၏ ရေလယ်ပင်မတံတားသံမဏိကြိုးဆိုင်းများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း များဆောင်ရွက် လျှက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ဒလဘက်အခြမ်း၌ SEG-7 နှင့် ရန်ကုန်ဘက်အခြမ်း၌ SEG-6 အထိ သံမဏိကြိုးဆိုင်းတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမည် ဖြစ်ပါသည်။

၂။ သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်းများအား SEG-7 မှ SEG-20 ထိ ဆောင်ရွက် နေစဉ် အတွင်း တံတားအောက်မှ ဖြတ်သန်းခုတ်မောင်းရမည့်ရေယာဉ်ကြီးများ၏ ရေလမ်းကင်းလွတ် အမြင့်သည် ‌ရေထရက် ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀.၈ မီတာသာ ရှိတော့မည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး တံတားအောက်မှဖြတ်သန်း ခုတ်မောင်းမည့်ရေယာဉ်များ၏ Air Draft သည် ၄၀ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည် ဖြစ်ပါသည်။

၃။ တံတားတိုင်ခြေများ၏ မြစ်ညှာနှင့်မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် မီးအချက်ပြ Buoy များကို ရေဒါဖြင့်အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန် အတွက် ‌အောက်ပါ Coordinate များအတိုင်း ချထားပေးမည်ဖြစ်ပါသည် –

            G 1 –     16 Deg, 46.28 Min (N)

                        096 Deg, 08.54 Min (E)

            R 1 –     16 Deg, 46.115 Min (N)

                        096 Deg, 08.485 Min (E)

G 2 –     16 Deg, 46.27 Min (N)

                        096 Deg, 08.60 Min (E)

            R 2 –     16 Deg, 46.10 Min (N)

                        096 Deg, 08.55 Min (E)

            G 3 –     16 Deg, 46.235 Min (N)

                        096 Deg, 08.74 Min (E)

            R 3 –     16 Deg, 46.07 Min (N)

                        096 Deg, 08.70 Min (E)

            G 4 –     16 Deg, 46.232 Min (N)

                        096 Deg, 08.805 Min (E)

            R 4 –     16 Deg, 46.06 Min (N)

                        096 Deg, 08.77 Min (E)

၄။ သို့ဖြစ်ပါ၍ မြန်မာ-ကိုးရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏‌ရေလည်ပင်မတံတား သံမဏိ ဆိုင်း ကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး အတွက် ရေကြောင်းသတိပေးချက် (Notice To Mariners) ထုတ်ပြန်ကြေညာအပ်ပါသည်။