MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးအတွင်း(၂၀၂၄ခုနှစ်၊ ဧပြီလ အတွက် လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါ သဖြင့် အိတ်ဖွင့် တင်ဒါများအား ၂၈-၃-၂၀၂၄ ရက်နေ့၊(၁၃:၀၀)နာရီ နောက်ဆုံးထားတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၁၁-၃-၂၀၂၄) ရက်နေ့မှ စ၍ (၂၆-၃-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘာကျင်းမှ ရွှေငှက်ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်း လုပ်ငန်းများမှ

(၁) ကိုယ်ထည်သံပြားလဲလှယ်ခြင်း၊ Carpenter Work နှင့် သံချေးခေါက်ဆေးသုတ်ခြင်းလုပ်ငန်း

(၂) လျှပ်စစ်ပိုင်းဆိုင်ရာနှင့် Propulsion and Steering System စစ်ဆေးပြုပြင်ခြင်းလုပ်ငန်း

(၃) Main Engine (DAF, DK 1160M, 220BHP) အား General Over Haul စစ်ဆေးပြုပြင်ခြင်းလုပ်ငန်း

များ ဆောင်ရွက်ရန်ရှိပါသည်။

၁။ MIP, AWPT, HPT & MITT ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန့်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ(၁၆)လုံးနှင့် LCL Shipment (၁၀)ခုအတွင်းရှိ Printing Paper, Cassia Seed, Fire Foam, Household Goods, JOSS Paper, ORO Fresh, Medicine, Marble Tile & Construction Material စသည့် ကုန်ပစ္စည်းများအား လက်ရှိမျက်မြင် အခြေအနေအတိုင်း      (၂၁-၃-၂၀၂၄) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲ ရောင်းချမည် ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၇-၃-၂၀၂၄ ရက်နေ့မှ ၁၉-၃-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့် ရက်/ ရုံးချိန်အတွင်းဆက်သွယ်ဝယ်ယူနိုင်ပြီး  အသေးစိတ်သိရှိလိုပါက  တယ်လီဖုန်း အမှတ်၊ ၀၉-၄၂၀၀၂၈၅၈၆ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။