MPA Logo

new banner

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးအတွင်း(၂၀၂၄ ခုနှစ်၊ မေလ အတွက် အသုံးပြုရန် လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) စက်သုံးဆီ(၃)မျိုးတို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါ သဖြင့် အိတ်ဖွင့် တင်ဒါများအား ၂၅-၄-၂၀၂၄ ရက်နေ့၊(၁၃:၀၀)နာရီ နောက်ဆုံးထားတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၃-၄-၂၀၂၄) ရက်နေ့မှ စ၍ (၂၃-၄-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

၂၀၂ခုနှစ်၊ ဧပြီလ()ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၁၄)ပေခန့်မှ (၂၀.၂၁)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်းအခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့သတိပေး သတင်းထုတ် ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဧပြီလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၀)စီး ပြေးဆွဲသွား မည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြစ် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား  သောင်တူးလုပ်ငန်းအတွေ့အကြုံ/ စက်ယန္တရား/ နည်းပညာ ပြည့်စုံသော ပြည်တွင်း/ပြည်ပ/ဖက်စပ်ကုမ္ပဏီကြီးများအနက် အသင့်လျှော်ဆုံး ကုမ္ပဏီတစ်ခုအား တင်ဒါစိစစ်ရွေးချယ်ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက် (၁/၂၀၁၇) အပိုဒ် ၂၆/၂၇/၂၈/ ၂၉/ ၃၀ တို့နှင့်အညီ စိစစ်ရွေးချယ်၍ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီကြီးများအနေဖြင့် အောက်ပါအတိုင်း လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်-

      (က) တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ   -ဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်

      (ခ) တင်ဒါလျှောက်လွှာများရောင်းချမည့်ရက်   – ၁-၄-၂၀၂၄ မှ ၂၂-၄-၂၀၂၄ထိ(ရုံးချိန်)

      (ဂ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်ရက်/အချိန်-၃၀  – ၄  -၂၀၂၄   (၁၃:၀၀)နာရီ

      (ဃ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

       (င) တင်ဒါပဏာမဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန်- ၃၀ – ၄  -၂၀၂၄ (၁၄:၀၀)နာရီ

၃။ အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်-

          (က) ရေကြောင်းဌာန        –         ၀၁၈၂၄၆၃၈၀၊ ၀၁၈၃၈၇၁၁၇ လိုင်းခွဲ (၂၁၁)

          (ခ) ဗဟိုပစ္စည်းထိန်းဌာန  –        ၀၈၁၆၁၀၂၃၀