MPA Logo

new banner

၂၀၂ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့ မှ စက်တင်ဘာလ (၇) ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန် မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ(၂၀.၀၁)ပေခန့် မှ (၂၀.၁၈)ပေခန့် အထိ သာမန် ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲ ဒီရေ နှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ် များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူး သဖြင့် စိုးရိမ်ဖွယ် မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်း ဒီရေအမြင့်သည် အခြေခံ ရေစစ်မျဉ်းအထက် အမြင့် (၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သား ပြည်သူ များအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန်အလို့ငှာ ယခုကဲ့သို့ သတိပေးသတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေး အကြောင်းကြားအပ်ပါသည်။