၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ဇူလိုင် လ အတွက် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ(High Speed Diesel)၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel)၊ ဓါတ်ဆီ (Octane-92) (မြန်မာကျပ်ငွေ) ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၁၈-၆–၂၀၂၄ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန ၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၅-၆-၂၀၂၄)ရက်နေ့မှ စ၍ (၁၈-၆-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အောက်ဖော်ပြ ပါ လုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်-
၂။ ဆောင်ရွက်မည့်လုပ်ငန်း
၃။ တင်ဒါပုံစံ၀ယ်ယူနိုင်သည့် – ၃-၆-၂၀၂၄ ရက်နေ့မှ ၁၁-၆-၂၀၂၄ ရက်နေ့အထိ
နေ့ရက်နှင့် အချိန် (ရုံးချိန်အတွင်း)
၄။ တင်ဒါဖွင့်မည့်ရက်နှင့်အချိန် – ၁၇-၆-၂၀၂၄ (တနင်္လာနေ့)၊ ၁၃:၀၀ နာရီ
၅။ တင်ဒါပုံစံတန်ဖိုး – ကျပ် ၂၈,၀၀၀/-
၆။တင်ဒါပုံစံရောင်းချမည့်နေရာ-အမှတ်-၁၀၊ပန်းဆိုးတန်းလမ်း၊မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်းဖုန်း၊ ၀၉-၄၃၁၂၇၄၆၈၊ ၀၉-၄၃၀၃၉၈၁၆ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။
၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှ လိုအပ်သော Ultra High Molecular Weight Polyethylene Rope(UHMWPE Rope)(8) Items ကိုဝယ်ယူရေးကိစ္စအတွက်အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါ အဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန် အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။အထက်ဖော်ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည်ဖြစ်ပါသည်။
၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှသက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်း ပြေစာ(မိတ္တူ) ၊ သက်တမ်းရှိ ကုမ္ပဏီ/အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့်အဆိုပြု စျေးနှုန်း တင်သွင်းမည့် ပစ္စည်း၏ Specification/ Catalogue တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ အထက်ပါ အချက် အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံ စဉ်းစားမည် မဟုတ်ပါ။
၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/- (ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါ စပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင်၄–၆–၂၀၂၄ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်း ရန်ဖြစ်ပါသည်။
၄။ တင်ဒါတင်သွင်းရန်ပုံစံ နှင့် တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ်၁၀,၀၀၀/-နှုန်းဖြင့်(၂၈-၅-၂၀၂၄) ရက်နေ့မှစ၍ (၄-၆-၂၀၂၄)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက် ဝယ်ယူ နိုင်ပါသည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တင်ဒါတင်သွင်းရမည့်နေရာ – | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ |
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊ | ||
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။ | ||
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ | ||
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း
ရန် ဖြစ်သည်) |
||
(ခ) | တင်ဒါတင်သွင်းရမည့် –
နောက်ဆုံးနေ့ရက်/အချိန် |
၆-၆-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ) |
၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဌာနများတွင် အသုံးပြုရန် လိုအပ်သော ရုံးသုံးစာရေးကိရိယာ ပစ္စည်းများကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြု စျေးနှုန်း တွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှ ကျခံ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။
၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် (မိတ္တူ) ၊ တင်ဒါစပေါ်ငွေ ပေးသွင်း ပြေစာ (မိတ္တူ) ၊ ကုမ္ပဏီ/အရောင်းဆိုင် ၏ သက်တမ်းရှိလိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်း တင်သွင်းမည့်ပစ္စည်း၏ အမျိုးအစား နှင့် နမူနာ ပစ္စည်း တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ အထက်ပါ အချက် အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေး အား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၃။ တင်ဒါ တင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/- (ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါ စပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စာရင်းဌာနတွင် ၄-၆-၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။
၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀/- နှုန်းဖြင့် (၂၈-၅-၂၀၂၄) ရက်နေ့မှစ၍ (၄-၆-၂၀၂၄) ရက်နေ့ (ရုံးဖွင့်ရက်၊ ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်း ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက် ဝယ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တင်ဒါတင်သွင်းရမည့်နေရာ – | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ |
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊ | ||
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။ | ||
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” | ||
ဟု လိပ်မူတင်သွင်းရန် ဖြစ်သည်) | ||
(ခ) | တင်ဒါတင်သွင်းရမည့် –
နောက်ဆုံးနေ့ရက်/အချိန် |
၆-၆-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ)(အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ) |