MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်းတွင် ရေကြောင်းဌာနမှ ကတော့ပုံဗော်ယာ (Conical Buoy) (No-8) အား အကြီးစားစစ်ဆေးပြုပြင်ခြင်း (Renovation) လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါ လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံ တွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရ မည့်ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခ ဆိုစျေးနှုန်း များ ကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် ကတော့ပုံဗော်ယာ(Conical Buoy) (No-8) အား အကြီးစားစစ်ဆေးပြုပြင်ခြင်း (Renovation) လုပ်ငန်းများအတွက် စပေါ်ငွေကျပ်၈၀၀၀၀/- (ကျပ် ရှစ်သောင်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်) ချလံမိတ္တူအား တင်ဒါတင်သွင်းလွှာ နှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၆-၆-၂၀၂၄) နေ့      ( ၁၂ : ၀၀ ) နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။        တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်                        – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

    (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန် -(၆-၆- ၂၀၂၄)ရက်(၁၂:၀၀ )နာရီ

           နေရာ                                – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                          အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

     (ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/အချိန်-(၆-၆- ၂၀၂၄)ရက်(၁၂:၀၀)နာရီ

     (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်   – (၆-၆- ၂၀၂၄ )ရက်(၁၃:၀၀) နာရီ

             နေရာ                                   –      နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                                      အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင်ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ဇူလိုင် လ အတွက် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ(High  Speed  Diesel)၊ ပရီမီယံဒီဇယ်ဆီ (Premium  High  Speed  Diesel)၊ ဓါတ်ဆီ (Octane-92) (မြန်မာကျပ်ငွေ) ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၁၈-၆၂၀၂၄ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန ၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၅-၆-၂၀၂၄)ရက်နေ့မှ စ၍ (၁၈-၆-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အောက်ဖော်ပြ ပါ လုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်-

၂။       ဆောင်ရွက်မည့်လုပ်ငန်း

  • ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ၁၂၀’ x ၂၀’ x ၆’ – ၆” အရွယ် ဆိပ်ခံဗော (၂)လုံးအား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း။

၃။      တင်ဒါပုံစံ၀ယ်ယူနိုင်သည့်        – ၃-၆-၂၀၂၄ ရက်နေ့မှ ၁၁-၆-၂၀၂၄ ရက်နေ့အထိ

နေ့ရက်နှင့် အချိန်                    (ရုံးချိန်အတွင်း)

၄။      တင်ဒါဖွင့်မည့်ရက်နှင့်အချိန်     – ၁၇-၆-၂၀၂၄ (တနင်္လာနေ့)၊ ၁၃:၀၀ နာရီ

၅။      တင်ဒါပုံစံတန်ဖိုး                    – ကျပ် ၂၈,၀၀၀/-

၆။တင်ဒါပုံစံရောင်းချမည့်နေရာ-အမှတ်-၁၀၊ပန်းဆိုးတန်းလမ်း၊မြန်မာ့ဆိပ်ကမ်း                                                  အာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန

၇။       အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်းဖုန်း၊ ၀၉-၄၃၁၂၇၄၆၈၊            ၀၉-၄၃၀၃၉၈၁၆  သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။