MPA Logo

new banner

၂၀၂ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့မှ နိုဝင်ဘာလ () ရက်နေ့အထိ ကာလ အတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၀၀)ပေခန့်မှ (.၀၅)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေခန့် ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ် ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေ အမြင့်သည် အခြေခံ ရေစစ်မျဉ်း အထက် အမြင့် (၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင် ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေးသတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေး အကြောင်းကြားအပ်ပါသည်။

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့်ချလံရုံးများကို ၂၀၂၂ – ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့ (တန်ဆောင်တိုင် ရုံးပိတ်ရက်များ ) နှင့် ၂၀၂၂ – ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) တို့တွင် ပိတ်ထားမည်ဖြစ်ပါ၍ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူ လိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

၁။   မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆူးလေအမှတ်(၆)လွင်ပြင်ရှိ ကုန်သေတ္တာအခွံ(၂၈)လုံးအား လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၁၀-၁၁-၂၀၂၂) ရက်နေ့ (၁၃း၀၀)နာရီ အချိန် တွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ (more…)