MPA Logo

MIP, HPT, MITT & TMIT ဆိပ်ကမ်းများရှိ တစ်နှစ်ကျော် လေလံကုန်သေတ္တာ(၅၀)လုံးအတွက် အိတ်ဖွင့် တင်ဒါဖိတ်ခေါ်ခြင်း

၁။ MIP, HPT, MITT & TMIT ဆိပ်ကမ်းများရှိ တစ်နှစ်ကျော် လေလံ ကုန်သေတ္တာ(၅၀)လုံး အတွင်းရှိ GALVANIZED IRON PIPE (ဆိုဒ်မျိုးစုံ)၊ CLEAR FLOAT GLASS, TISSUE (DIMA)စသည့်ကုန်ပစ္စည်းများ၊ LCL Shipment(၃)ခုနှင့် Wire Rope & Deformed Bar များအား လက်ရှိမျက်မြင် အခြေအနေအတိုင်း (၂၅-၇-၂၀၂၄)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံ တင် ထုခွဲရောင်းချမည်ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၁၁-၇-၂၀၂၄ ရက်နေ့မှ ၂၃-၇-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့် ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊  ၀၁-၈၆၁၀၂၃၀ သို့  ဆက်သွယ် စုံစမ်းနိုင်ပါသည်။