၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထိန်းသိမ်းထားရှိသော ဗီယက်နမ်နိုင်ငံအလံတင် M.T VIET TIN LUCKY သင်္ဘောအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်ပါသည်။
၂။ M.T VIET TIN LUCKY ၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) IMO Number – 9147916
(ခ) ရေယာဉ်အလျား (LOA) – ၁၀၉.၀၉မီတာ
(ဂ) ရေယာဉ်အနံ (Breadth) – ၁၈.၂မီတာ
(ဃ) ရေစူး (Maxdraft) – ၆.၇၁မီတာ
(င) ရေယာဉ်အမျိုးအစား – သံခွံ
(စ) Gross Tonnage – 4573 GT
(ဆ) Net Tonnage – 2146 NT
၃။ တင်ဒါလျှောက်လွှာများအားစိစစ်ရာတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်(၁/၂၀၁၇) အပိုဒ်၂၃/၂၄ နှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။
၄။ ရေယာဉ်အား The Myanmar Terminal (TMT)တံတားတွင် ထိန်းသိမ်းထားရှိပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ကုမ္ပဏီများအနေဖြင့် ရေယာဉ်အား ကိုယ်တိုင်ကြည့်ရှုလေ့လာပြီးနောက် စိတ်ပါ ဝင်စားမှုရှိပါကတင်ဒါတွင်ပါဝင်ယှဉ် ပြိုင်နိုင်ပါသည်(နိုင်ငံခြားကုမ္ပဏီများပါဝင်ယှဉ်ပြိုင်မည်ဆိုပါကသက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ endorsement ပါရှိရပါမည်။)
၅။ လျှောက်လွှာများအား အောက်ပါအတိုင်း ဝယ်ယူနိုင်ပါသည်
(က) တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ -ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်
(ခ) တင်ဒါလျှောက်လွှာများရောင်းချမည့်ရက် -၂၁-၉-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃ ထိ(ရုံးချိန်)
(ဂ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
(ဃ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်ရက်/အချိန် – ၂၀-၁၀-၂၀၂၃ (၁၃:၀၀)နာရီ
(င) တင်ဒါပဏာမဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန်- ၂၀-၁၀-၂၀၂၃ (၁၄:၀၀)နာရီ
၆။ ဤတင်ဒါသည် ၁၉၀၈ ဆိပ်ကမ်းများအက်ဥပဒေ ပုဒ်မ ၁၁ အရ လေလံတင်ထုခွဲရောင်းချခြင်း ဖြစ်သဖြင့် ၁၉၀၈ ခု ဆိပ်ကမ်းများဥပဒေပြဌာန်းချက် တစ်ခုခုအရအကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည်တင်ဒါတစ်ခုလုံးကိုသော်လည်းကောင်း၊တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ဖျက်သိမ်းခွင့်ရှိ ပြီး ထိုသို့ဖျက်သိမ်းခြင်းအား ပြန်လည်၍ အသိပေး ကြေငြာသွားမည်ဖြစ်ပါသည်။
၇။ အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်-
(က) ရေကြောင်းဌာန – 018246380, 018387117 လိုင်းခွဲ (211)
(ခ) ဗဟိုပစ္စည်းထိန်းဌာန – 081610230