MPA Logo

ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၂ခုနှစ်၊ ဩဂုတ်လ ( ) ရက်နေ့ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ(၂၀.၀၁)ပေခန့်အထိ သာမန်ထက်ထူးကဲ ဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲ ဒီရေ နှင့် ပတ်သက်၍ ယခင် ၂၀၁၄- ၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ် အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ် မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်း ဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အသိပေး အကြောင်းကြားအပ်ပါသည်။