၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ ကာလ အတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၀၈)ပေခန့်မှ (၂၁.၃၃) ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေခန့် ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ် ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေ အမြင့်သည် အခြေခံ ရေစစ်မျဉ်း အထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်ကြသော လုပ်သား ပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေး အကြောင်းကြားအပ်ပါသည်။