၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ ဆောင်ရွက်မည့်လုပ်ငန်း
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကြီးမြစ်ကြောင်းထိန်းတံတိုင်းတွင် မြစ်ကြောင်းထိန်းတံတိုင်း အလျား ၁၂၀’ အား Steel Sheet Pile များအသုံးပြု၍ တည်ဆောက် ပေးခြင်းလုပ်ငန်း။
၃။ တင်ဒါပုံစံ၀ယ်ယူနိုင်သည့် – ၂၈.၄.၂၀၂၃ ရက်နေ့မှ ၄.၅.၂၀၂၃ ရက်နေ့အထိ
နေ့ရက်နှင့် အချိန် (ရုံးချိန်အတွင်း)
၄။ တင်ဒါဖွင့်မည့်ရက်နှင့်အချိန် – ၁၁.၅.၂၀၂၃ (ကြာသပတေးနေ့)၊ ၁၃:၀၀ နာရီ
၅။ တင်ဒါပုံစံတန်ဖိုး – ကျပ် ၁၀,၀၀၀/-
၆။ တင်ဒါပုံစံရောင်းချမည့်နေရာ – အမှတ်-၁၀၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန
၇။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း၊ ၀၉-၅၀၃၀၁၉၀ ၊ ၀၉-၄၃၁၇၄၆၈ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။