၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထိန်းသိမ်းထားရှိသော စက်မဲ့ တွဲရေယာဉ်(၃)စီးအား ၁၉၀၈ ခုနှစ်၊ ဆိပ်ကမ်းများ အက်ဥပဒေ ပုဒ်မ ၁၁ နှင့် ၂၀၁၅ ခုနှစ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေပုဒ်မ ၆၆(ခ) တို့ပါပြဌာန်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ထုခွဲရောင်းချ သွားမည်ဖြစ်ပါသည်။
၂။ BARGE : CSF 2305 ၏ အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
( က ) IMO NO. – မရှိပါ
( ခ ) ရေယာဉ်အလျှား (LOA) – ၆၇.၃၀ မီတာ
( ဂ ) ရေယာဉ်အနံ ( BREADTH ) – ၁၉.၅၁ မီတာ
( ဃ ) အနက် ( DEPTH) – ၄.၂၇ မီတာ
( င ) ရေယာဉ်အမျိုးအစား – သံခွံ
( စ ) Gross Tonnage – 1481 GT
( ဆ ) Net Tonnage – 445 GT
( ဇ ) Flag – ယခင် MONGOLIA နိုင်ငံအလံမှတ်ပုံတင်
ယခု မှတ်ပုံတင်ပယ်ဖျက်ပြီး၊
၃။ BARGE : CSF 2306 ၏အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
( က ) IMO NO. – မရှိပါ
( ခ ) ရေယာဉ်အလျှား (LOA) – ၆၇.၃၀ မီတာ
( ဂ ) ရေယာဉ်အနံ ( BREADTH ) – ၁၉.၅၁ မီတာ
( ဃ ) အနက် ( DEPTH) – ၄.၈၈ မီတာ
( င ) ရေယာဉ်အမျိုးအစား – သံခွံ
( စ ) Gross Tonnage – 1644 GT
( ဆ ) Net Tonnage – 494 GT
( ဇ ) Flag – ယခင် MONGOLIA နိုင်ငံအလံမှတ်ပုံတင်
ယခု မှတ်ပုံတင်ပယ်ဖျက်ပြီး၊
၄။ BARGE : CSF 2307 ၏အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
( က ) IMO NO. – မရှိပါ
( ခ ) ရေယာဉ်အလျှား (LOA) – ၆၇.၃၀ မီတာ
( ဂ ) ရေယာဉ်အနံ ( BREADTH ) – ၁၉.၅၁ မီတာ
( ဃ ) အနက် ( DEPTH) – ၄.၈၈ မီတာ
( င ) ရေယာဉ်အမျိုးအစား – သံခွံ
( စ ) Gross Tonnage – 1644 GT
( ဆ ) Net Tonnage – 494 GT
( ဇ ) Flag – ယခင် SINGAPORE နိုင်ငံအလံမှတ်ပုံတင်
ယခု မှတ်ပုံတင်ပယ်ဖျက်ပြီး၊
၅။ တင်ဒါလျှောက်လွှာများအား စိစစ်ရာတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်( ၁/၂၀၁၇ )/ (၁/၂၀၂၂) နှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။
၆။ စက်မဲ့တွဲရေယာဉ်(၂)စီးအား ပုသိမ်ဆိပ်ကမ်းနှင့် စက်မဲ့တွဲရေယာဉ်(၁)စီးအား ရန်ကုန် ဆိပ်ကမ်း တွင် ထိန်းသိမ်းထားရှိပြီးဖြစ်၍ ပြည်တွင်း/ပြည်ပကုမ္ပဏီများအနေဖြင့် ရေယာဉ်အား ကိုယ်တိုင်ကြည့်ရှု လေ့လာပြီးနောက် စိတ်ပါဝင်စားမှုရှိပါက တင်ဒါတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ (နိုင်ငံခြားကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်မည်ဆိုပါကသက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံး၏ endorsement ပါရှိရပါမည်။)
၇။ လျှောက်လွှာများအား အောက်ပါအတိုင်း ဝယ်ယူနိုင်ပါသည်-
(က)တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ-ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်
(ခ)တင်ဒါလျှောက်လွှာများရောင်းချမည့်ရက် – ၂၄-၁၂-၂၀၂၄မှ၂၁-၁-၂၀၂၅ထိ(ရုံးချိန်)
(ဂ)တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
(ရုံးချုပ်)
(ဃ) တင်ဒါလျှောက်လွှာများ တင်သွင်းရမည့် ရက်/အချိန် – ၂၃-၁-၂၀၂၅
(၁၃:၀၀)နာရီ
(င)တင်ဒါ ပဏာမ ဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန် – ၂၃-၁-၂၀၂၅ (၁၃:၁၅)နာရီ
၈။ ဤတင်ဒါသည်၁၉၀၈ ခုနှစ်၊ဆိပ်ကမ်းများ အက်ဥပဒေ ပုဒ်မ ၁၁ နှင့်၂၀၁၅ ခုနှစ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေပုဒ်မ၆၆(ခ)တို့ပါ ပြဌာန်းချက်များနှင့်အညီ လေလံ တင်ထုခွဲရောင်းချခြင်းဖြစ်သဖြင့် ယင်းဥပဒေပြဌာန်းချက် တစ်ခုခုအရ အ ကြောင်း တစ်စုံတစ်ရာပေါ်ပေါက်လာပါကမြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် တင်ဒါ တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသကိုသော်လည်းကောင်း ဖျက်သိမ်းခွင့်ရှိပြီး ထိုသို့ဖျက်သိမ်းခြင်းအား ပြန်လည်၍အသိပေးကြေငြာသွားမည်ဖြစ်ပါသည်။
၉။ အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်း နိုင်ပါသည်-
( က ) ကိုယ်စားလှယ်လုပ်ငန်းဌာန – ၀၁၂၃၀၁၉၂၈ / ၀၁၂၃၀၁၉၂၉
( ခ ) ဗဟိုပစ္စည်းထိန်းဌာန – ၀၈၁၆၁၀၂၃၀