၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြစ် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား သောင်တူးလုပ်ငန်းအတွေ့အကြုံ/ စက်ယန္တရား/ နည်းပညာ ပြည့်စုံသော ပြည်တွင်း/ပြည်ပ/ဖက်စပ်ကုမ္ပဏီကြီးများအနက် အသင့်လျှော်ဆုံး ကုမ္ပဏီတစ်ခုအား တင်ဒါစိစစ်ရွေးချယ်ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက် (၁/၂၀၁၇) အပိုဒ် ၂၆/၂၇/၂၈/ ၂၉/ ၃၀ တို့နှင့်အညီ စိစစ်ရွေးချယ်၍ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီကြီးများအနေဖြင့် အောက်ပါအတိုင်း လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်-
(က) တင်ဒါလျှောက်လွှာများဝယ်ယူရမည့်နေရာ -ဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်
(ခ) တင်ဒါလျှောက်လွှာများရောင်းချမည့်ရက် – ၁-၄-၂၀၂၄ မှ ၂၂-၄-၂၀၂၄ထိ(ရုံးချိန်)
(ဂ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်ရက်/အချိန်-၃၀ – ၄ -၂၀၂၄ (၁၃:၀၀)နာရီ
(ဃ) တင်ဒါလျှောက်လွှာများတင်သွင်းရမည့်နေရာ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
(င) တင်ဒါပဏာမဖွင့်ဖောက်စိစစ်လက်ခံမည့်အချိန်- ၃၀ – ၄ -၂၀၂၄ (၁၄:၀၀)နာရီ
၃။ အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်-
(က) ရေကြောင်းဌာန – ၀၁၈၂၄၆၃၈၀၊ ၀၁၈၃၈၇၁၁၇ လိုင်းခွဲ (၂၁၁)
(ခ) ဗဟိုပစ္စည်းထိန်းဌာန – ၀၈၁၆၁၀၂၃၀