၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ ရေယာဉ်ပြုပြင်ထိန်းသိမ်းရေးဌာနခွဲမှ မြေခံ ရေယာဉ် အမှတ်(၂)မှ Main Engine (YANMAR, 6CH-WUTE) နှင့် Genset Engine (CAT DE50E0) တို့အား Periodic Maintenance Schedule အရ Maintenance ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် ရှိပါသည်။ အဆိုပါလုပ်ငန်းအတွက် ဆောင်ရွက် ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံ တွင် ပူးတွဲထားပါသည်။ အဆိုပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင် မှ စိုက်ထုတ်ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်း နှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့် ပုံစံတွင် ပစ္စည်းနှင့်လုပ်ခ ဆိုစျေးနှုန်း များကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့် ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။
၃။ တင်ဒါတင်သွင်းရာတွင် ဖော်ပြပါလုပ်ငန်းများအတွက် စပေါ်ငွေအား အဆိုပြုဈေးနှုန်း ငွေပမာဏ၏ (၁%) ထက် မနည်းသော ငွေပမာဏကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်း ရမည်။ စပေါ်ငွေပေး သွင်းထားသည့် ငွေရပြေစာ မိတ္တူ (သို့မဟုတ်)ချလံမိတ္တူအား တင်ဒါ တင်သွင်းလွှာ နှင့် အတူ ပူးတွဲ တင်ပြရမည်။
၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခဆိုစျေးနှုန်းတင်သွင်းရမည့် ပုံစံများ နှင့် တင်ဒါ စည်းကမ်း ချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၁၃-၂-၂၀၂၅) နေ့ (၁၂:၀၀)နာရီ အတွင်း(ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း) တွင် လာရောက် ထုတ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့် – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
လိပ်မူရမည့်ပုဂ္ဂိုလ် – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန်- (၁၃ -၂- ၂၀၂၅)ရက်(၁၂:၀၀)နာရီ
နေရာ -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့
(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/အချိန်- (၁၃ -၂- ၂၀၂၅ )ရက်(၁၂:၀၀ )နာရီ
(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် -(၁၃ -၂- ၂၀၂၅ ) ရက် (၁၃ : ၀၀) နာရီ
နေရာ – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။
၆။ တင်ဒါစိစစ်ရေးကော်မတီသည်စျေးနှုန်းအနည်းဆုံးတင်သွင်းသည့်တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့် တင်ဒါ တင်သွင်းလွှာကို ဖြစ်စေ လက်ခံခြင်း မပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။
၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံး တွင် လာရောက် စုံစမ်း မေးမြန်းနိုင်ပါသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဖေဖေါ်ဝါရီလတွင် လတ်တလော ကုန်သေတ္တာ တင်သင်္ဘော (၅၃)စီးပြေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့် တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။