၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သက်တမ်းလွန်ရေယာဉ်(၆)စီးအား စာရင်းမှ ပယ်ဖျက်နိုင်ရေး အောက်ပါ Lot တွဲ(၂)တွဲဖြင့် စစ်တွေနှင့်ရန်ကုန်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချသွား မည်ဖြစ် ပါသည် –
(က) Lot -1 (စစ်တွေ)
(၁)မြေတူး-၄ရေယာဉ်(သံခွံ)-အလျား(၂၂.၇မီတာ)၊အနံ(၈.၂၆မီတာ)၊ရေစူး (၀.၉မီတာ)
(၂) မြေခံ-၁၁ရေယာဉ်(သံခွံ)- အလျား(၃၇.၆မီတာ)၊ အနံ (၇.၅မီတာ) ၊ရေစူး (၁.၁မီတာ)
(၃) မြေခံ-၁၂ရေယာဉ်(သံခွံ)-အလျား(၃၇.၆မီတာ) ၊ အနံ (၇.၅မီတာ) ၊ရေစူး (၁.၁မီတာ)
(ခ) Lot -2 (ရန်ကုန်)
(၁) ငပလီရေယာဉ်(သံခွံ)-အလျား (၆၆ပေ ၆လက်မ) ၊ အနံ (၁၆ပေ) ၊ရေစူး (၄ပေ)
(၂) သိမ်ဖြူ-၂ ရေယာဉ်(သံခွံ) -အလျား(၆၀ပေ)၊အနံ(၂၀)ပေ၊ ရေစူး (၃ပေ)
(၃) မြေခံ-၁၇ရေယာဉ် (သံခွံ) -အလျား(၃၇.၆မီတာ)၊အနံ(၇.၅ မီတာ)၊ ရေစူး(၁.၁မီတာ)
၂။ စိတ်ပါဝင်စားသူများအနေဖြင့် Lot တွဲ အလိုက် စစ်တွေနှင့် ရန်ကုန်တို့တွင် မျက်မြင်ကြည့်ရှု လေ့လာ၍ အိတ်ဖွင့် တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး တင်ဒါပုံစံနှင့် စည်းကမ်းချက်များအား အောက်ပါ အတိုင်း ရောင်းချပေးမည်ဖြစ်ပါသည် –
(က) တင်ဒါပုံစံနှင့် စည်းကမ်းချက်များ – ၁၀-၂-၂၀၂၃ ရက်နေ့မှ၂၁-၂ -၂၀၂၃ ရက်နေ့ထိ
ရောင်းချပေးမည့်နေ့ရက် /အချိန် (၀၉း၃၀)မှ(၁၆း၃၀)နာရီအထိ(ရုံးချိန်အတွင်း)
(ခ) Lot -1 တင်ဒါပုံစံရောင်းချပေးမည့်နေရာ
(၁) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
(၂) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်းရုံး၊ကမ်းနားလမ်း၊စစ်တွေမြို့၊
ရခိုင်ပြည်နယ်
(ဂ) Lot -2 တင်ဒါပုံစံရောင်းချပေးမည့်နေရာ
(၁)မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်
(ဃ) တင်ဒါတင်သွင်းမည့်ရက်/အချိန် ၂၃-၂-၂၀၂၃ (၁၃:၀၀နာရီ)
(င) တင်ဒါတင်သွင်းရမည့်နေရာ
Lot -1 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်းရုံး၊ ကမ်းနားလမ်း၊ စစ်တွေမြို့၊
ရခိုင်ပြည်နယ်၊အမှတ်(၁၀)ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
Lot -2 အမှတ်(၁၀)ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ကျောက်တံတား မြို့နယ်၊ရန်ကုန်မြို့
၃။ သတ်မှတ်ချိန်ထက် နောက်ကျ၍ တင်ဒါပုံစံများ ဝယ်ယူခြင်း/ တင်သွင်းခြင်းများအား လက်ခံ စဉ်းစားမည်မဟုတ်ပါ။
၄။ အသေးစိတ် သိလိုသော အချက်များအား ဖုန်းနံပါတ် ၀၁-၈၆၁၀၂၃၀၊၀၄၃-၂၃၄၀၈(၀၉-၅၁၁၇၁၁၀)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။