၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အောက်ဖော်ပြပါလုပ်ငန်း များဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ် ပါသည်-
၂။ ဆောင်ရွက်မည့်လုပ်ငန်း
စဉ် |
လုပ်ငန်းအမည် |
အရေ အတွက် | Lot အမှတ် |
(က) | ရန်ကုန်တိုင်းဒေသကြီး၊ ဆူးလေဆိပ်ခံတံတားအမှတ်(၁)၊ (၂) နှင့် (၃) တို့ရှိ Vertical Fender Line စုစုပေါင်း(၆၇)လိုင်းအား Rubber Fender များ အသစ်တပ်ဆင်ခြင်းလုပ်ငန်း။ | ၁ | Lot(1) |
(ခ) | ရန်ကုန်ဆိပ်ကမ်း၊ ပန်းဆိုးတန်းဒလခရီးသည် နားနေဆောင် (ရန်ကုန် ဘက်ခြမ်း) တည်ရှိရာ မြစ်ကမ်းဘေးရှိ ကမ်းထိန်းနံရံပျက်စီးမှုအား ပြုပြင်ခြင်းလုပ်ငန်း။ (၂၂၀’) | ၁ | Lot(2) |
(ဂ) | ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ၁၂၀’ x ၂၀’ x ၆’ – ၆” အရွယ် ဆိပ်ခံဗော (၂)လုံးအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း။ | ၁ | Lot(3) |
၃။ တင်ဒါပုံစံ၀ယ်ယူနိုင်သည့် – ၁၀-၅-၂၀၂၄ ရက်နေ့မှ ၁၆-၅-၂၀၂၄ ရက်နေ့အထိ
နေ့ရက်နှင့် အချိန် (ရုံးချိန်အတွင်း)
၄။ တင်ဒါဖွင့်မည့်ရက်နှင့်အချိန် – ၂၄-၅-၂၀၂၄ (သောကြာနေ့)၊ ၁၃:၀၀ နာရီ
၅။ တင်ဒါပုံစံတန်ဖိုး – Lot-1 ကျပ် ၈၅,၀၀၀/- ၊ Lot-2 ကျပ် ၅၂,၀၀၀/- ၊
Lot-3 ကျပ် ၂၈,၀၀၀/-
၆။ တင်ဒါပုံစံရောင်းချမည့်နေရာ – အမှတ်-၁၀၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်းဖုန်း၊ ၀၉-၅၀၃၀၁၉၀ ၊ ၀၉-၂၅၄၂၈၅၈၇၂ ၊ ၀၉-၄၃၀၃၉၈၁၆ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။