၁။မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနမှကိုင်တွယ်ရသော နိုင်ငံခြားသင်္ဘောကြီးများတွင် အသုံးပြုရန် အောက်ဖော်ပြပါ သင်္ဘောသုံးကြမ်းခင်းပစ္စည်းများ ပေးသွင်းရန် အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပေးသွင်းနိုင်ပါသည်-
(က) PLASTIC SHEET (ခ)TAPE ROLL (ဂ) KRAFT PAPER (ဃ)BAMBOO CARD (င) BAMBOO SHEET (စ) WOODEN POST (ဆ) TARPOLIN SHEET (ဇ) STYROFOAM
၂။အိတ်ဖွင့်တင်ဒါပုံစံ နှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ကိုယ်စားလှယ် လုပ်ငန်းဌာနရှိ ရှင်း/ပို့ရိက္ခာဌာနစုတွင် ရုံးချိန်အတွင်း အမျိုးသားနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားများ လာရောက် ၀ယ်ယူ တင်သွင်း နိုင်ပြီး သိရှိလိုသောအချက်များရှိပါက တယ်လီဖုန်းနံပါတ်၊ ၀၁-၂၃၀၁၉၂၅ တို့ကိုစုံစမ်းနိုင်ပါသည်။
၃။တင်ဒါပုံစံရောင်းချမည့် နေ့ရက် ၁၉.၁၂.၂၀၂၂ ရက်နေ့မှ ၆.၁.၂၀၂၃ ရက်နေ့ထိ ရုံးဖွင့်ရက် (ရုံးချိန်အတွင်း)
၄။တင်ဒါပိတ်မည့် နေ့ရက် ၉.၁.၂၀၂၃ ရက်နေ့/ အချိန် ( ၁၂:၀၀ ) နာရီ
၅။သတ်မှတ်အချိန်ကာလထက် ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။