၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိဌာနများမှ မှာကြားလာသောမိတ္တူကူးစက် နှင့်Printerတို့တွင် အသုံးပြုရန်လိုအပ် သည့် Toner & Cartridge(42)Itemsကိုဝယ်ယူရေးကိစ္စအတွက်အိတ်ဖွင့်တင်ဒါ တင် သွင်း ရန် ဖိတ်ခေါ်အပ် ပါသည်။ အဆိုပြု စျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ် တံဆိပ် ခေါင်းခွန်အတွက်ကုမ္ပဏီမှကျခံ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်ပြပါပစ္စည်းများကို ဌာနအ ရောက်ပေးပို့ရမည် ဖြစ်ပါသည်။
၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာစည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့်အခွန်ကင်းရှင်း ကြောင်းထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ကုမ္ပဏီ/အရောင်းဆိုင်၏သက်တမ်းရှိ လိုင် စင်(မိတ္တူ)နှင့်အဆိုပြုစျေးနှုန်းတင်သွင်းမည့်ပစ္စည်း၏အမျိုးအစားတို့ကိုပြည့်စုံစွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
၃။ တင်ဒါတင်သွင်းရာတွင်ငွေကျပ် ၄၀၀,၀၀၀/- (ကျပ် လေးသိန်း တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၁၅–၈–၂၀၂၃ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။
၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၂,၀၀၀/- နှုန်း ဖြင့်(၉-၈-၂၀၂၃) ရက်နေ့ မှ စ၍ (၁၅-၈-၂၀၂၃)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါ သည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တင်ဒါတင်သွင်းရမည့်နေရာ – | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ |
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊ | ||
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။ | ||
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ | ||
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း
ရန် ဖြစ်သည်) |
||
(ခ) | တင်ဒါတင်သွင်းရမည့် –
နောက်ဆုံးနေ့ရက်/အချိန် |
၁၇-၈-၂၀၂၃ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ) |