၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန စက်ဆန်းသင်္ဘောကျင်း တွင် ရေကြောင်းဌာနမှ နတ်သား (၂) ရေယာဉ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်း များကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့်လုပ်ခဆိုစျေးနှုန်းများ ကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။
၃။ တင်ဒါတင်သွင်းရာတွင် နတ်သား(၂) ရေယာဉ်ပြုပြင်ခြင်း လုပ်ငန်းများမှ Port Side Propulsion system Repairing & Port Side Pipe Line အသစ်တပ်ဆင်ခြင်းလုပ်ငန်း အတွက် မိမိအဆိုပြုမည့် ဈေးနှုန်း ငွေပမာဏ၏ (၁%)ထက်မနည်းသော တင်ဒါစပေါ်ငွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်း ရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်) ချလံမိတ္တူအား တင်ဒါနှင့်အတူပူးတွဲ တင်ပြရ မည်။
၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့ မှ စ၍(၂၉ – ၈ – ၂၀၂၄)နေ့(၁၂:၀၀)နာရီအတွင်း (ရုံးဖွင့်ရက်)ရုံးချိန်အတွင်း (စက်ဆန်းင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်- နိုင်-လူ-တိုးသင်တန်းခန်းမ၊ပထမထပ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
လိပ်မူရမည့်ပုဂ္ဂိုလ် – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန် – (၂၉ -၈ – ၂၀၂၄) ရက်
( ၁၂ : ၀၀ ) နာရီ
နေရာ – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်း
အာဏာပိုင်၊ အမှတ်(၁၀) ၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။
(ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန်- (၂၉ – ၈ – ၂၀၂၄ )ရက်
(၁၂:၀၀) နာရီ
(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် – ( ၂၉ – ၈ – ၂၀၂၄ ) ရက် (၁၃:၀၀) နာရီ
နေရာ – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။
၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်း လွှာကိုဖြစ်စေ၊ မည်သည့်တင်ဒါ တင်သွင်းလွှာကိုဖြစ်စေ လက်ခံခြင်းမပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။
၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။