MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃ – ၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ အတွက် လိုအပ်သော) ဒီဇယ်ဆီ (High Speed Diesel)၊ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92)တို့ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ သဖြင့်အိတ်ဖွင့်တင်ဒါများအား၂၁-၉၂၀၂၃ ရက်နေ့ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ် ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး)၊ ဗိုလ်တထောင်မြို့နယ်တွင် (၄-၉-၂၀၂၃) ရက်နေ့မှ စ၍ (၁၉-၉-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါ ကတယ်လီဖုန်းအမှတ်၊၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်း နိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၃)စီး ပြေးဆွဲ သွားမည် ဖြစ် ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးအပ်ပါသည်။