MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စတီဗီဒို(၄)ရေယာဉ် လွန်းတင်ပြင်ဆင်ရာတွင် လိုအပ်သော လျှပ်စစ်ပိုင်းဆိုင်ရာများ ဆောင်ရွက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါ လုပ်ငန်းအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်း များ၏ နှုန်းထားများကို တွက်ချက်၍ စျေးနှုန်းတင်သွင်းလွှာ ပုံစံတွင်ဖြည့်စွက်ပြီး ပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့်လုပ်ခ ဆိုစျေးများကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ ဆိုစျေးနှုန်းတင်သွင်းရာတွင် ငွေကျပ် ၁,၀၀,၀၀၀/-(ကျပ်တစ်သိန်းတိတိ)ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံ မိတ္တူအား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် ဆိုစျေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေး တင်သွင်းရမည့်ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါစာရွက်စာတမ်းများကိုယနေ့မှစ၍ (၅-၁၂-၂၀၂၃) နေ့ရက် အတွင်း(ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ်(၅)(က)ပါလိပ်စာတွင် တစ်စောင်လျှင် ၂၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

၅။ ဆိုစျေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဆိုစျေးနှုန်းတင်သွင်းရမည့်ရုံးလိပ်စာနှင့် လျှပ်စစ်ဌာနခွဲ၊ စက်မှုအင်ဂျင်နီယာဌာန

အမှတ်(၅၅၇/၅၅၉)၊ ကန္နားလမ်း၊ ဆိပ်ကမ်းမြို့နယ်

ဖုန်းနံပါတ်-  ၀၁-၈၆၁၀၂၂၁

                             လိပ်မူရမည့်ပုဂ္ဂိုလ် ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
 (ခ) စပေါ်ငွေပေးသွင်းရမည့်

နောက်ဆုံး နေ့ရက်/ အချိန်

 

 

(၅-၁၂-၂၀၂၃) ရက် ( ၁၁ : ၀၀ ) နာရီ

                              နေရာ စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

 (ဂ) ဆိုစျေးနှုန်းလွှာတင်သွင်းရမည့်

နောက်ဆုံးနေ့ရက်/အချိန်

 

 

(၅-၁၂-၂၀၂၃) ရက် ( ၁၂ : ၀၀ ) နာရီ

(ဃ) ဆိုစျေးနှုန်းဖွင့်လှစ်မည့်နေ့ရက်/အချိန်

                                            နေရာ

(၅-၁၂-၂၀၂၃) ရက် ( ၁၃ : ၀၀) နာရီ

သင်တန်းခန်းမ

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း ၊ ရန်ကုန်မြို့

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် စျေးနှုန်းလွှာကိုဖြစ်စေ၊ မည်သည့် စျေးနှုန်းလွှာကိုဖြစ်စေ လက်ခံခြင်း မပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့် ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာ ရုံးတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

၁။ ရက်(၆၀)ကျော် လေလံစာရင်းဝင် DG ကုန်သေတ္တာ(၁၀)လုံးတွင်ပါဝင်သော ဘက်ထရီ၊ အရောင်တင်ဆီဗူး၊ သင်္ဘောဆေးနှင့် သံချေး သန့်စင်သည့် Spray ဗူးများကို လက်ရှိ မျက်မြင် အခြေအနေအတိုင်း (၂၁-၁၂-၂၀၂၃)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၆-၁၂-၂၀၂၃ ရက်နေ့မှ ၁၉-၁၂-၂၀၂၃ ရက်နေ့အထိရုံးဖွင့် ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊             ၀၉-၂၅၀၂၈၄၁၂၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။