MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၃ – ၂၀၂၄ ခု၊ ဘဏ္ဍာရေးအတွင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အတွက် လိုအပ်သော) ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ် ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား  ၂၈၁၂၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ် အပ် ပါသည်။

၂။တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနား လမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင် မြို့နယ်တွင် (၁၃-၁၂-၂၀၂၃) ရက်နေ့မှ စ၍ (၂၆-၁၂-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စတီဗီဒို()ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများမှ ကိုယ်ထည်သံပြားလဲလှယ်ခြင်းနှင့် သံချေးခေါက်ဆေးသုတ်ခြင်း လုပ်ငန်းများ နှင့်  ပန်ကာနှင့်ဝင်ရိုး စနစ်၊ Carpenter work လုပ်ငန်းများဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်း များအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများ ကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်း  အတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထား များကို တွက်ချက်၍တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခဆို စျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ် ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်း နှင့် လုပ်ခဆိုစျေးနှုန်းများကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် စတီဗီဒို () ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများမှ ကိုယ်ထည် သံပြား လဲလှယ်ခြင်းနှင့် သံချေးခေါက်ဆေးသုတ်ခြင်းလုပ်ငန်းများ နှင့်  ပန်ကာနှင့်ဝင်ရိုး စနစ်၊ Carpenter work လုပ်ငန်းများအတွက် စပေါ်ငွေကျပ် ၂၀၀၀၀၀/-(ကျပ် နှစ်သိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်) ချလံမိတ္တူအား တင်ဒါနှင့်အတူပူးတွဲ တင်ပြရမည်။

၄။ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရ မည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ ( ၅.၁၂.၂၀၂၃) နေ့         (၁၂:၀၀ ) နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ် ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်          – နိုင်/လူ/တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

လိပ်မူရမည့်ပုဂ္ဂိုလ်                                 – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန် -(၅.၁၂.၂၀၂၃) ရက်(၁၂:၀၀) နာရီ

နေရာ                                                  -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်  – (၅. ၁၂.၂၀၂၃ ) ရက် (၁၂ :၀၀) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်              – (၅.၁၂.၂၀၂၃ ) ရက် (၁၃: ၃၀) နာရီ

နေရာ                                                            –      နိုင်/လူ/တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာ ကို ဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့် ရှိသည်။

၇။အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင် ရာရုံးတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။