၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ လျှပ်စစ်ဌာနခွဲ မှ ဆောင်ရွက်မည့် ဆူးလေတံတားအမှတ် (၁) မှ (၄)အထိ ကမ်းနားဘက်ခြမ်း၊ သိုလှောင်ရုံနှင့် ဂိတ် ဝင်/ထွက် များတွင် CCTV (IP) System (Digital System) အသစ် တပ်ဆင်ခြင်းလုပ်ငန်း၊ အထွေထွေ Installation လုပ်ငန်းအားဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါ လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါ လုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်း လွှာပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခ ဆိုစျေးနှုန်းများကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။
၃။ တင်ဒါတင်သွင်းရာတွင် လေအေးပေးစက်တပ်ဆင်ခြင်းလုပ်ငန်းအတွက် စပေါ်ငွေအား အဆိုပြုဈေးနှုန်း ငွေပမာဏ၏(၁%)ထက်မနည်းသော ငွေပမာဏကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာန သို့ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်) ချလံမိတ္တူအား တင်ဒါ တင်သွင်းလွှာနှင့် အတူ ပူးတွဲတင်ပြရမည်။
၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးနှုန်း တင်သွင်းရမည့်ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၃၀-၁-၂၀၂၅)နေ့ (၁၂:၀၀)နာရီအတွင်း (ရုံးဖွင့်ရက်)ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့် – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
လိပ်မူရမည့်ပုဂ္ဂိုလ် – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန်- (၂၈-၁-၂၀၂၅)ရက်(၁၂ : ၀၀)နာရီ
နေရာ – စာရင်းဌာန(မြေညီထပ်)၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့
(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်-(၃၀-၁-၂၀၁၅)ရက်(၁၂:၀၀)နာရီ
(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် – (၃၀-၁-၂၀၂၅)ရက်(၁၃:၀၀ )နာရီ
နေရာ – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။
၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့်တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင်ပယ်ဖျက်ခွင့်ရှိသည်။
၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာ ရုံးတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။
(a) Tender Forms Selling Dates – 20-1-2025 to 18-2-2025
(During Office Hours: 09:30 to 16:30)
(b) Selling Address – International Relations and
Human Resource Development Department, Myanma Port Authority (Head Office), First Floor, No. 10 Pansodan Street, Kyauktada Township, Yangon.
(c) Pre-Bid Presentation, Date – 13-2-2025, 13:00, Training
Room, Myanma Port Authority
Time, and Place (Head Office), First Floor, No. 10
Pansodan Street, Kyauktada Township, Yangon.
(d) Submission Date and Time – 20-2-2025, by 13:00
(e) Submission Address – Training Room, Myanma Port
Authority (Head Office), First Floor, No. 10
Pansodan Street, Kyauktada Township, Yangon.
(a) Phone – 01-8391272, 01-8391273, +959 5146637
(b) E-mail: tmit.tender@gmail.com, dgmirhr@mpa.gov.mm