MPA Logo

new banner

၁။ လေလံကုန်သေတ္တာ(၂၇)လုံးအတွင်းမှ ကုန်ပစ္စည်းများနှင့် LCL Shipment (၈)ခုတို့တွင် ပါဝင်သော GI Hollow Pipe, GI Round Pipe, Wire Rope & Deformed Bar များနှင့် အထွေထွေ ကုန်ပစ္စည်းအမျိုးမျိုးတို့ကို လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၁၈-၁-၂၀၂၄) ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လေလံတင် ထုခွဲ ရောင်းချမည်ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gateအနီး) ဗိုလ်တ ထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၃-၁-၂၀၂၄ ရက်နေ့မှ ၁၆-၁-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်/ ရုံးချိန် အတွင်းဆက်သွယ်ဝယ်ယူနိုင်ပြီးအသေးစိတ်သိရှိလိုပါကတယ်လီဖုန်းအမှတ်၊0၉-၂၅၀၂၈၄၁၂၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ လည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီးမှခရီးစဉ် များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဇန်နဝါရီလတွင် လတ်တလောကုန်သေတ္တာတင် သင်္ဘော (၄၉)စီးပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲ မည့်စာရင်းအား အချိန်နှင့် တပြေးညီတင်ပြသွားမည်ဖြစ် ကြောင်း  ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့အသိပေးအပ်ပါသည်။