MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ သီရိအဏ္ဏဝါခန်းမ၏ ခန်းမအဝင် ပင်မတံခါးပေါက်တွင် Air Curtain 2 Sets တပ်ဆင် ခြင်း၊ Crystal Chandelier (မီးဆိုင်းများ) တပ်ဆင်ခြင်း၊ Audio System တပ်ဆင်ခြင်း၊ Stage Lighting, LED Down Light နှင့် လိုအပ်သော လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါ လုပ်ငန်းအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲ ထားပါသည်။ အထက်ပါ လုပ်ငန်း အတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ စျေးနှုန်း တင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်း နှင့် လုပ်ခ ဆိုစျေး များကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ ဆိုစျေးနှုန်းတင်သွင်းရာတွင် ငွေကျပ် ၁,၅၀,၀၀၀/-(ကျပ်တစ်သိန်းငါးသောင်းတိတိ)ကိုတင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံ မိတ္တူ အား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် ဆိုစျေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့်ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၅-၁-၂၀၂၄) နေ့ရက်အတွင်း(ရုံးဖွင့်ရက်)ရုံးချိန်များ၌အပိုဒ် (၅) (က)ပါလိပ်စာတွင် တစ်စောင်လျှင် ၂၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

၅။ ဆိုစျေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဆိုစျေးနှုန်းတင်သွင်းရမည့်ရုံးလိပ်စာနှင့် လျှပ်စစ်ဌာနခွဲ၊ စက်မှုအင်ဂျင်နီယာဌာန

အမှတ်(၅၅၇/၅၅၉)၊ ကန္နားလမ်း၊ ဆိပ်ကမ်းမြို့နယ်

ဖုန်းနံပါတ်-  ၀၁-၈၆၁၀၂၂၁

                             လိပ်မူရမည့်ပုဂ္ဂိုလ် ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
 (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန် (၅-၁-၂၀၂၄) ရက် ( ၁၁ : ၀၀ ) နာရီ
                              နေရာ စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

 (ဂ) ဆိုစျေးနှုန်းလွှာတင်သွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန် (၅-၁-၂၀၂၄) ရက် ( ၁၂ : ၀၀ ) နာရီ
(ဃ) ဆိုစျေးနှုန်းဖွင့်လှစ်မည့်နေ့ရက်/အချိန်

                                            နေရာ

(၅-၁-၂၀၂၄) ရက် ( ၁၃ : ၀၀) နာရီ

သင်တန်းခန်းမ

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း ၊ ရန်ကုန်မြို့

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် စျေးနှုန်းလွှာကိုဖြစ်စေ၊ မည်သည့် စျေးနှုန်းလွှာ ကိုဖြစ်စေ လက်ခံခြင်း မပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့် ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုရုံးချိန်၌သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သီရိအဏ္ဏဝါခန်းမဆောင်၏ အနောက်ဘက်တွင်တည်ရှိသော စားဖိုဆောင် အဆောက်အဦ၏ မီးဖိုဆောင်နှင့်ရေချိုးခန်း၊ အိမ်သာတို့အတွက် အထွေထွေလျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် Main Service Wire တပ်ဆင်ခြင်း၊ Distribution Board တပ်ဆင်ခြင်း၊ Wiring ပြုလုပ်ခြင်း၊ ပန်ကာနှင့် မီးလုံး/ မီးချောင်း၊ Switch & Socket များ တပ်ဆင်ခြင်း၊ Earthing စနစ် တပ်ဆင်ခြင်း လုပ်ငန်းအား ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေ စာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါ လုပ်ငန်းအတွက်လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏နှုန်းထားများကို တွက် ချက်၍စျေးနှုန်းတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ် ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင်ပစ္စည်း နှင့် လုပ်ခဆိုစျေးများ ကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ ဆိုစျေးနှုန်းတင်သွင်းရာတွင် ငွေကျပ် ၁,၀၀,၀၀၀/-(ကျပ်တစ်သိန်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့် အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် ဆိုစျေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေး တင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍(၅-၁-၂၀၂၄) နေ့ရက် အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ်(၅)(က)ပါလိပ်စာတွင် တစ်စောင်လျှင် ၂၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

၅။        ဆိုစျေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဆိုစျေးနှုန်းတင်သွင်းရမည့်ရုံးလိပ်စာနှင့် လျှပ်စစ်ဌာနခွဲ၊ စက်မှုအင်ဂျင်နီယာဌာန

အမှတ်(၅၅၇/၅၅၉)၊ ကန္နားလမ်း၊ ဆိပ်ကမ်းမြို့နယ်

ဖုန်းနံပါတ်-  ၀၁-၈၆၁၀၂၂၁

                             လိပ်မူရမည့်ပုဂ္ဂိုလ် ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
 (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန် (၅-၁-၂၀၂၄) ရက် ( ၁၁ : ၀၀ ) နာရီ
                              နေရာ စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

 (ဂ) ဆိုစျေးနှုန်းလွှာတင်သွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန် (၅-၁-၂၀၂၄) ရက် ( ၁၂ : ၀၀ ) နာရီ
(ဃ) ဆိုစျေးနှုန်းဖွင့်လှစ်မည့်နေ့ရက်/အချိန်

                                            နေရာ

(၅-၁-၂၀၂၄) ရက် ( ၁၃ : ၀၀) နာရီ

သင်တန်းခန်းမ

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း ၊ ရန်ကုန်မြို့

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် စျေးနှုန်းလွှာကိုဖြစ်စေ၊ မည်သည့် စျေးနှုန်းလွှာ ကို ဖြစ်စေ လက်ခံခြင်း မပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့် ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင်လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။