MPA Logo

new banner

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှ လိုအပ်သော Polypropylene Rope(8)Items/ 1- Lot ကို ဝယ်ယူရေးကိစ္စ အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ် တံဆိပ်ခေါင်းခွန် အတွက်ကုမ္ပဏီမှ ကျခံ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်​​​ပြပါ ပစ္စည်းများကို ဌာနအရောက်ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှသက်ဆိုင်ရာစည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်း ပြေစာ(မိတ္တူ) ၊ သက်တမ်းရှိ ကုမ္ပဏီ/ အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့်အဆိုပြု စျေးနှုန်း တင်သွင်းမည့် ပစ္စည်း၏ Specification/ Catalogue နှင့် ပစ္စည်းနမူနာ တို့ကို ပြည့်စုံစွာ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/-(ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စာရင်းဌာနတွင် ၁၄၂၀၂၄ ရက်နေ့ ၊ (၁၅:၀၀) နာရီ နောက်ဆုံး ပေးသွင်းရန်ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၈-၅-၂၀၂၄) ရက်နေ့မှစ၍(၁၄-၅-၂၀၂၄)ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရားအနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်း တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်”ဟု လိပ်မူ တင်သွင်းရန် ဖြစ်သည်)
(ခ) တင်ဒါတင်သွင်းရမည့်             –

နောက်ဆုံးနေ့ရက်/အချိန်

၁၆-၅-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါ သတ်မှတ် ချိန် ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ဇွန် လ အတွက် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ(High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel)နှင့် ဓါတ်ဆီ (Octane-92)(မြန်မာကျပ်ငွေ)နှင့် ကျောက်စွဲပစ္စည်းများကို (နိုင်ငံခြားသုံးငွေ) တို့ဖြင့်  ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား ၁၆-၅-၂၀၂၄ ရက်နေ့၊(၁၃:၀၀)နာရီ နောက်ဆုံး ထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက် ၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၃၀-၄-၂၀၂၄) ရက်နေ့မှ စ၍ (၁၄-၅-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အောက်ဖော်ပြပါလုပ်ငန်း များဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ် ပါသည်-

၂။       ဆောင်ရွက်မည့်လုပ်ငန်း

   စဉ်

လုပ်ငန်းအမည်

 အရေ အတွက်      Lot အမှတ်
(က) ရန်ကုန်တိုင်းဒေသကြီး၊ ဆူးလေဆိပ်ခံတံတားအမှတ်(၁)၊ (၂) နှင့် (၃) တို့ရှိ Vertical Fender Line စုစုပေါင်း(၆၇)လိုင်းအား Rubber Fender များ အသစ်တပ်ဆင်ခြင်းလုပ်ငန်း။        ၁ Lot(1)
(ခ) ရန်ကုန်ဆိပ်ကမ်း၊ ပန်းဆိုးတန်းဒလခရီးသည် နားနေဆောင် (ရန်ကုန် ဘက်ခြမ်း) တည်ရှိရာ မြစ်ကမ်းဘေးရှိ ကမ်းထိန်းနံရံပျက်စီးမှုအား ပြုပြင်ခြင်းလုပ်ငန်း။ (၂၂၀’)        ၁ Lot(2)
(ဂ) ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ၁၂၀’ x ၂၀’ x ၆’ – ၆” အရွယ် ဆိပ်ခံဗော (၂)လုံးအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း။        ၁ Lot(3)

၃။      တင်ဒါပုံစံ၀ယ်ယူနိုင်သည့်        – ၁၀-၅-၂၀၂၄ ရက်နေ့မှ ၁၆-၅-၂၀၂၄ ရက်နေ့အထိ

နေ့ရက်နှင့် အချိန် (ရုံးချိန်အတွင်း)

၄။      တင်ဒါဖွင့်မည့်ရက်နှင့်အချိန်     – ၂၄-၅-၂၀၂၄ (သောကြာနေ့)၊ ၁၃:၀၀ နာရီ

၅။      တင်ဒါပုံစံတန်ဖိုး                    – Lot-1 ကျပ် ၈၅,၀၀၀/- ၊ Lot-2 ကျပ် ၅၂,၀၀၀/- ၊

                                                    Lot-3 ကျပ် ၂၈,၀၀၀/-

၆။      တင်ဒါပုံစံရောင်းချမည့်နေရာ    – အမှတ်-၁၀၊ ပန်းဆိုးတန်းလမ်း၊                                                 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန

၇။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်းဖုန်း၊ ၀၉-၅၀၃၀၁၉၀ ၊ ၀၉-၂၅၄၂၈၅၈၇၂ ၊ ၀၉-၄၃၀၃၉၈၁၆  သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆောင်ရွက်လျှက်ရှိသော နိုင်ငံခြား ပို့ကုန်/သွင်းကုန် လုပ်ငန်း ဆောင်ရွက်ရန် ဆိပ်ကမ်းအခွန်အခ ကြိုတင်အပ်ငွေ (နှစ်ဟောင်း)၊ မြေ၊ ဂိုဒေါင်နှင့် စားသောက်ဆိုင် ငှါးရမ်းခများအတွက် ကြိုတင်အပ်ငွေ ပေးသွင်းထား သူများသည် ခိုင်လုံသော အထောက်အထား၊ ငွေသွင်းချလံမူရင်းနှင့်အတူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စာရင်းဌာနသို့ ကြော်ငြာပါသည့်နေ့မှစ၍ (၁၄)ရက်အတွင်း လာရောက်တင်ပြကြပါရန်နှင့် သက်ဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။